Posts

Showing posts from July, 2023

Shafraz Rd, Yangon

 ရှပ်ဖရဇ် (Shafraz)လမ်းပါ။ရန်ကုန်မှာရှေးအကျဆုံးလမ်းတခုဖြစ်ပါလိမ့်မယ်။နဝတစစ်အစိုးရခေတ် ၁၉၉၀ နောက်ပိုင်း “ဘဏ်လမ်း” ပြောင်းခေါ်ခဲ့တယ်။ကမ်းနားလမ်းအကောက်ခွန်ရုံးကြီးအနောက်ဘက်၊ပင်စင်ဦးစီးဋ္ဌာန၊ဘဏ်(၁)ဘဏ်(၄)များတည်ရှိရာ အရှေ့ - အနောက်လမ်းဖြစ်တယ်။ဘဏ်လမ်းအရှေ့ဘက်ကပန်းဆိုးတန်း(အောက်ဘလောက်)ဖြစ်ပြီးဘဏ်လမ်းအနောက်ဘက်ကဆူးလေဘုရားလမ်းပါ။ Mr.Shafraz ဟာအာမေးနီးယန်းလူမျိုးကန်ထရိုက်တဦးဖြစ်ပါတယ်။ပင်လယ်ရေကြောင်းကုန်စည်ဆိပ်ကမ်းရှင်းလင်းရေး (Custom Clearing)လုပ်ငန်းလုပ်ကိုင်ခဲ့ဟန်တူတယ်။ဒါ့အပြင် Shafraz လမ်းထဲကရန်ကုန်မြို့မှာအစောဆုံးဟိုတယ်တလုံးကိုပိုင်ဆိုင်ခဲ့တယ်ပြောကြတယ်။  ကန်ထရိုက်တာကြီး Mr.Shafraz ဟာမြန်မာနိုင်ငံအောက်ပိုင်းကိုသိမ်းပိုက်ထားတဲ့အင်္ဂလိပ်ရဲ့ရန်ကုန်မြို့ပြတည်ဆောက်ရေးကို အများကြီးအကူအညီပေးခဲ့ပါလိမ့်မယ်။ဒါကြောင့်လမ်းနာမည်နဲ့သူဂုဏ်ပြုခံခဲ့ရတာပါ။ ဘယ်ဘက်အဆောက်အဦးဟာဒုတိယကမ္ဘာစစ်အတွင်းဗုံးကြဲလို့တပိုင်းတစပျက်စီးနေတာဒီနေ့ခေတ်အထိမြင်နိုင်ပါသေးတယ်။ပန်းဆိုးတန်းလမ်းဘက်ခြမ်းအဆောက်အဦးကိုတရားမဆိုင်ရာတရားရုံးအဖြစ်ဖွင့်လှစ်ထားတယ်။ ရှပ်ဖရဇ်လမ်းဘက်အခြမ်းမှာပင်စင်ဦးစီးဋ္ဌာနာရှိတယ်။ပင်စင်ဦးစီးအနောက်ဘက်ကမ်းနားလမ်းမပေါ်

ကြက်ဥ

 ဟိုးအရင်‌ခေတ်သုံးကားပေါင်းမိုးအလင်းရုပ်ရှင်နဲ့ဘောလုံးပွဲမှာကြက်ဥပြုတ်သည်တွေ့ရတတ်တယ်။တလုံးတမတ်၊နောက်သုံးလုံးတကျပ်။ကြက်ဥပြုတ်ကိုကြိမ်ခြင်းတောင်းကြီးထဲထည့်ပြီးလှည့်ရောင်းနေတာ။ဆားဗူးကြီးပါတယ်။ရောင်းတာအညာသားပုံစံများတယ်။ မြို့ပတ်ရထားစီးရင်ကြက်ဥပြုတ်သည်တွေ့ရတတ်တယ်။အခုနောက်ပိုင်းကြက်ဥပြုတ်အစားငုံးဥပြုတ်သည်ပိုများလာတယ်။ပူပူနွေးနွေးကြက်ဥပြတ်ကိုအခွံခွါဆားနဲ့တို့စားရတာအဆာပြေစေတယ်။အရင်လဖက်ရည်ဆိုင်ထိုင်ရင်တခါတ‌လေကြက်ဥဟတ်ဘ္ဘိုင်စားတယ်။ ကြက်ဥကိုမကျက်တကျက်ပြုတ်ဆားနည်းနည်းထည့်ပြီးမွှေသောက်တာပါ။ချက်ခြင်းအားပြန်ပြည့်သလိုခံစားရတယ်။အိပ်ရေးပျက်နေရင်သောက်သင့်တယ်။ဟင်းအဆင်မပြေရင်ထမင်းပူပူကိုဆီစိမ်းနည်းနည်းဆမ်းပြီးကြက်ဥပြုတ်ငပိထောင်းလေးနဲ့စားရင်ထမင်းမြိန်စေတယ်။ ကြက်ဥပြုတ်တစ်လုံးမှာ ၁၅၅ ကယ်လိုရီဗိုက်တာမင် D, B-12, ကယ်ဆီယမ်ဓါတ်နဲ့ပရိုတိန်းဓါတ်ပါတယ်။ကြက်ဥပြုတ်ပုံမှန်စားရင်မျက်စိကိုအားရှိစေပြီးအရိုးသန်မာစေတယ်။ဒါပေမယ့်ကြက်ဥပြုတ်ကိုအမြဲတမ်းစားရင်ကိုလက်စထရောနဲ့အဆီဓါတ်ရှိသင့်တာထက်ပိုများစေတယ်။ ကြက်ဥပြုတ်ကြောင့်သွေးထဲကိုလက်စထရောကိုမြင့်တက်ပြီးနှလုံးအန္တရယ်ရှိတယ်။ကြက်ဥပြုတ်ကြောင့်ကယ်လိုရီဓါတ်များပြီးခန္ဓာကိုယ်ဝိတ်တက်နို

ဇင်မာ

 “ ဇင်မာ ” လဖက်ရည်ဆိုင်စရောက်တော့အသက်(၁၉)နှစ်ကျော်။ဧရာဝတီတိုင်းမြို့ငယ်တခုကရွာလေးမှာနေတာ။ကရင်-ဗမာကပြားမလေး။ပိန်ပိန်ရှည်ရှည်ဖြူဖြူခြောက်ခြောက်။အဟာရမပြည့်ဝတဲ့နွမ်းပါးကလေးမျက်နာနဲ့။ဆယ်တန်းပြောပေမယ့်မဖြစ်လောက်ဘူး။ ရွာကနေအထက်တန်းကျောင်းရှိတဲ့ရွာကိုလမ်းလျှောက်ရတာ (၃)နာရီကြာတယ်။နေ့တိုင်းအသွားအပြန်လမ်းလျှောက်ချိန် (၆)နာရီ။ဆယ်တန်းတက်နေတုံးကိုဗစ်ဖြစ်တော့ကျောင်းရပ်သွားခဲ့တယ်။မိသားစုစားဝတ်နေရေးကြပ်တည်းလာလို့ရန်ကုန်လဖက်ရည်ဆိုင်မှာစားပွဲထိုးဖြစ်လာတယ်။ ဆိုင်ကိုသူ့အဖေကိုယ်တိုင်လာပို့ပြီးကြိုတင်နှစ်လစာနှစ်သိန်းနှစ်သောင်းထုတ်ယူသွားတယ်ပြောပြတယ်။ဘဝကိုပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲဖြတ်သန်းနေရတဲ့ကလေးငယ်တွေမြင်ရတာသားသမီးခြင်းကိုယ်ခြင်းစာမိတယ်။ကိုယ့်သမီးထက်တောင်ငယ်သေးတယ်။ “ သမီး ကရင် နာမည်ဘာလဲ” “ ဦးလေးအသံထွက်တတ်မှာမဟုတ်ဘူး၊ဇင်မာပဲခေါ်  ” အသက် (၁၉)နှစ်အရွယ်အပျိုပေါက်ကိုအဖေလုပ်သူကလဖက်ရည်မှာထားခဲ့ပြီးရွာပြန်သွားတယ်။လဖက်ရည်ဆိုင်မှာ “ဇင်မာ” တို့ရွာနီးချုပ်စပ်ကရွယ်တူမတိမ်းမယိမ်းအများကြီး။အယောက် ၁၅-၂၀ ဆယ်လောက်ရှိမယ်။အများစုစားပွဲထိုး၊အချက်အပြုပ်အတွေ့အကြုံရှိသူကမီးဖိုခန်းမှာ။ဒိနေ့ခေတ်လဖက်ရည်ဆိုင်ဆိုတာသိတဲ့အတိုင်းအစုံရောင

ဒေါ်အောင်ဆန်းစုကြည်

 ဒေါ်အောင်ဆန်းစုကြည်ဆီမှာ Yamaha အမျိုးအစား Upright စန္ဒယားအဟောင်းတလုံးရှိတယ်။ယခင်နေအိမ်အကျယ်ချုပ်ကာလမှာဒီစန္ဒယားကိုမကြာခဏတီးလေ့ရှိပြီး “ ဂီတသုခုမဟာပုံမှန်စကားလုံးထက်စာရင်အတိုင်းအဆမဲ့ပိုပြီးကျယ်ပြန့်တယ် ” ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ  အပြည်ပြည်ဆိုင်ရာဂန္ဓဝင်တေးဂီတနှစ်ချိုက်ပြီးမကြာခဏတီးခတ်လေ့ရှိတယ်။ဒါပေမယ့်နေအိမ်အကျယ်ချုပ်ကာလအတွင်းစန္ဒယား Tunning ပြန်ချိန်ဖို့လိုအပ်ရင်ဒေါ်အောင်ဆန်းစုကြည်အတော်စိတ်ညစ်ခဲ့ရတယ်။  အင်းစိန်ဘက်ကကရင်အမျိုးသား စန္ဒယားအသံချိန်ညှိပေးသူတယောက်နဲ့အဆက်အသွယ်ရပြီးဒေါ်အောင်ဆန်းစုကြည် Yamaha စန္ဒယားအိုလေးကို Tunning ပြန်ချိန်ပေးခဲ့ရတယ်။ဟောင်းနွမ်းနေတဲ့စန္ဒယားကြိုးကိုအသစ်ပြန်လဲပေးခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲဝင်ခါနီးက “ အလုပ်တွေများနေလို့စန္ဒယားနားတောင်မကပ်နိုင်ပါဘူး ” ပြည်ပသတင်းထောက်တယောက်ကမေးလို့ဒေါ်အောင်ဆန်းစုကြည်ပြန်ဖြေခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်စပ်ဆိုထားတဲ့ “ Unplayed Piano ” ဆိုတဲ့သီချင်းတပုဒ် ၂၀၀၅ ခုနှစ်ထွက်ရှိခဲ့ဖူးတယ်။အိုင်းရစ်ရှ်တေးပြုစာဆို Damien Rice နဲ့မိန်းကလေး တယောက်ပူးတွဲရေးစပ်သီဆိုထားတာပါ။  အိုင်းရစ်ရ်ှတေးဂီတလောကမှာ  “ U

မိုးပေါ်ထောင်ပစ်တာမပါဘူး။

 ၂၇ ဇူလိုင် ၁၉၈၈  " သေနတ်ဆိုတာပစ်ရင်တည့်တည့်ပစ်တယ်..မိုးပေါ်ထောင်ပစ်တာမပါဘူး...နောင်ကိုလူစုလူဝေးနဲ့ဆူဆူပူပူလုပ်လို့တပ်ကိုသုံးရင်မသက်သာဖူးမှတ် "   မဆလ တပါတီစစ်အာဏာရှင်နောက်ဆုံးညီလာခံ၊ကျိုက္ကဆံကွင်း၊ရန်ကုန်။ (နိုင်ငံ့ဩဇာအာဏာအရှိဆုံးသူကမြန်မာတပြည်လုံးကိုသမိုင်းဝင်ခြိမ်းခြောက်ခဲ့ခြင်း) Source: YouTube  လွင်ဦး(ရန်ကင်း)

မျက်လုံးအရောင်

 မျက်လုံးကိုအရောင်အမျိုးမျိုးနဲ့တင်စားကြပတယ်။မျက်လုံးစိမ်းနဲ့မိန်းကလေးဆိုရင်စိမ်းကားတတ်တဲ့ရက်စက်တတ်တဲ့မိန်းကလေးကိုညွှန်းတာ။ နီရဲနေတဲ့မျက်လုံးဆိုတာဒေါသအမျက်ထွက်နေတဲ့မျက်လုံးကိုတင်စားတာ၊ရီဝေဝေမျက်လုံး၊မျက်ရည်လဲ့နေတဲ့မျက်လုံး၊စူးရှတဲ့မျက်ဝှန်းတစုံ။မြန်မာစကားမှာမျက်လုံးကိုတင်စားထားတာအများကြီးရှိတယ်။ ကျီးကန်းတောင်းမှောက်မျက်လုံး၊ မျက်ကလဲဆန်ပြာ၊မျက်ကဲခတ်၊ မျက်ကြောတင်း၊မျက်မှောင်ကြုပ်၊ မျက်ကွင်းကျ၊မျက်ခြေပြတ်၊မျက်စပစ်၊မျက်စိကျ၊မျက်စိသငယ်၊မျက်စိလည်၊ မျက်စောင်းခဲ။ မိသားစုထဲအသိထဲမှာအများအားဖြင့်အနက်ရောင်မျက်လုံးများတယ်။သူငယ်ချင်းထဲမှာမျက်လုံးအနက်ရောင်မဟုတ်ပဲရှားရှားပါးပါးအညိုလိုလိုနည်းနည်းဆန်းတဲ့အရောင်မျိုးရှိတတ်တယ် အထူးသဖြင့်ဥရောပသားမျက်လုံးကမြင်နေကျအနက်ရောင်မျက်လုံးမဟုတ်ဘူး။ကပြားမျက်လုံးအရောင်ကမြင်နေကြမျက်လုံးအရောင်မဟုတ်ဘူး။ညိုဖန့်ဖန့်အရောင်ခေါ်မလား မြန်မာမျက်လုံးအရောင်ကသာမန်အားဖြင့်အနက်ရောင်ပါ။အချို့က အနက်မဟုတ်ပဲညိုလဲ့လဲ့၊စိမ်းဖန့်ဖန့် မျက်လုံးအရောင်ရှိလို့ကြောင်မျက်လုံးခေါ်လေ့ရှိတယ်။အများအားဖြင့် ကပြားစပ်ရင်မျက်လုံးအရောင်နည်းနည်းပါတယ်။အနက်စစ်စစ်မဟုတ်တတ်ဘူး။ မျက်လုံးအရောင်ဆိုတာတကယ်တော့မျက်ဝန်

ဆေးခြောက်

 မြန်မာနိုင်ငံမှာရှေးဘုရင်များလက်ထက်မှဒီနေ့ခေတ်အထိ "ဆေးခြောက်" ကြောင့်ထောင်ကျဘဝပျက်ခဲ့ရသူလူသိန်းပေါင်းများစွာရှိနေတယ်။ဆေးခြောက်တကျပ်သားလက်ဝယ်တွေ့လို့ပြိုကွဲပျက်စီးသွားကြတဲ့မိသားစုတွေအများကြီးပါ။ ဒါပေမယ့် " ဆေးခြောက် " ကိုနိုင်ငံအများစုကတိုင်းပြည်အကျိုးအတွက်သတ်မှတ်ချက်နဲ့အခုလက်ခံနေကြပါပြီ။ဥပဒေနည်းဥဒေများကိုခေတ်နဲ့အညီပြင်ဆင်၊ပယ်ဖျက်၊ဖြည့်စွက်အချိန်မှီမလုပ်နိုင်ကြတဲ့အစိုးရတိုင်းမှာတာဝန်ရှိတယ်။ ၂၀၁၉ ကမန္တလေးတိုင်းမြို့သာစက်မှုဇုံမှာဆေးခြောက်စိုက်ခင်းဖမ်းမိလို့အရေးယူထားတဲ့သတင်းလူတွေစိတ်ဝင်စားခဲ့ကြတယ်။မြေဧက ၆၀ ကျော်မှာစိုက်ပျိုးထားတဲဆေးခြောက်ယူဆရတဲ့စိုက်ခင်းပါ။ဆေးခြောက်အပင်ပေါင်းသုံးသိန်းခွဲနီးပါးဆေးခြောက်မျိုးစေ့ ၃၈၀ ကီလိုဂရမ်နဲ့အတူအခြားဓါတုဗေဒပစ္စည်မျိုးစုံဖမ်းဆီးရမိခဲ့တယ်။ အဲ့ဒီတုန်းကအစိုးရပိုင်သတင်းစာကနဦးဖေါ်ပြချက်မှာကင်ဆာရောဂါပျောက်ဆေးထုတ်လုပ်ဖို့စိုက်ပျိုးထားတာတွေ့မိတယ်။နောက်ပိုင်းမူးယစ်ဆေးဝါအမှုနဲ့ရဲကစိုက်ခင်းတာဝန်ခံကိုဖမ်းဆီးလိုက်တယ်ဖေါ်ပြခဲ့တယ်။ သတင်းအချို့မှာဆေးခြောက်အနွယ်ဝင် Hemp ပင်ဖေါ်ပြထားတယ်။တကယ်လို့အခုစိုက်ခင်းဟာ Hemp စိုက်ခင်းသာဆိုရင်တိုင်းပြည်အတွက်ဝင်ငွေ

သားလိမ္မာ

 အသက်ရလာပြီဆိုတော့အားဆေး ပုံမှန်သောက်ဖြစ်တယ်။ဒီနေ့လမ်းထိပ် ဆေးဆိုင်မှာလူစည်နေတယ်။လကုန်ရက် ဆေးဆိုင်ရောင်းကောင်းနေတယ်။ ကောင်တာရှေ့ဝင်တန်းစီလိုက်တယ်။ အရှေ့မှာအသက်အစိတ်လောက်လူငယ် တယောက်ဆေးဝယ်နေတယ်။ဒီနေ့ခတ် လူငယ်တွေပုံစံကျောပိုးအိပ်နောက်မှာ လွယ်ထားတယ်။ ဝယ်လိုက်တဲ့ဆေးတွေမှအများကြီး။ သွေးကျဆေး၊အကိုက်အခဲပျောက်ဆေး၊ ရင်ကြပ်ပန်းနာပျောက်ဆေး၊ ကျွန်တော်မသိတဲ့တဲ့ဆေးကဒ် ဆေးအလွတ်တွေလည်းအများကြီး။ ဆေးအချို့ဗူးလိုက်ဝယ်ပြီးဆေးအချို့ တလစာတွက်ပြီးဝယ်တာကြားနေရတယ်။ ကျွန်တော်လည်းသူဆေးဝယ်နေတာ စိတ်ဝင်တစားကြည့်နေမိတယ်။ လမ်းထိပ်ကဆေးဆိုင်ကဆိုင်ကြီး။ လက်လီလက္ကားရောင်းတယ်။ စိတ်ထင်ဒီချာတိတ်ကနယ်မှာဆေးဆိုင် ဖွင့်ထားလို့ဒီလောက်ဆေးအများကြီး ဝယ်နေတာထင်မိတယ်။ သူဝယ်တဲ့ဆေးတမျိုးခြင်း ကောင်တာက သေသေချာချာထုတ်ပိုးပေးပြီးဘောက်ချာ စာရွက်ရေးတယ်၊အားလုံးလေးသောင်းခွဲ နီးပါးကျတယ်။ကျွန်တော်လည်းမနေနိုင်ပဲ စပ်စုမိတယ်။ “ ညီလေးဆေးတွေများလှချည်းလား…” “ ဟုတ်…ဦးလေး….တလစာပါ…. ” ချာတိတ်ကကောင်တာကိုပိုက်ဆံ ရှင်းရင်းကျွန်တော့်ဘက်လှည့်ပြောတယ်။ “ ဆေးဆိုင်ဖွင့်ထားတာလား….” “မဟုတ်ဘူးဦး………မိဘတွေအတွက်ပါ” ချာတိတ်ပြုံးရင်းပြောတယ်၊ “ ကျွန်တော်က လကုန်တာနဲ့အဖေ

ဂျိုးဖြူပိုက်လုံးကြီး

 ငယ်စဉ်ကလေးဘဝအချိန်အများစုက "ရန်ကင်းဂျိုးဖြူပိုက်လုံး" တဝိုက်အချိန်ကုန်ခဲ့တာများတယ်။အသက် ၇ - ၈ နှစ်ကစပြီးပိုက်လုံးဘေးနဲ့ဆရာအတတ်သင်ကျောင်းဝင်း(ရန်ကင်းပညာရေးကောလိပ်)တဝိုက်ကစားရင်းလူဖြစ်ခဲ့တာပါ။ ဆေးလိပ်ခိုးသောက်တာ၊ဘောလုံးကန်တာ၊စွန်လိုက်တာ၊ငါးမျှားတာ၊ ရွံ့ဗွက်နဲ့ဆော့တာ၊ရန်ဖြစ်တာ၊ချိန်းတွေ့တာ၊မူးယစ်ထုံထိုင်းတာ၊လေးဂွစစ်ပွဲအစုံပဲ။ဂျိုးဖြူပိုက်လုံးနဲ့ပတ်သက်ပြီးမှတ်မှတ်ရရအများကြီးထဲကနှစ်ခုပြောပြချင်တယ်။ တခုကပိုက်လုံးဘေးပစ်ထားတဲ့ သင်ဖြူးဖျာအဟောင်းကြီးတချပ်အကြောင်းပါ။ပိုက်လုံးဘေးမှာမွေ့ယာဟောင်းဖျာအဟောင်းတွေလာပစ်ထားတတ်ကြတယ်။နတ်ကွန်းဟောင်းမိန်းမအသုံးအဆောင်အဟောင်းလည်းအများကြီး။ နာရေးအိမ်ကနာရေးမှာသုံးထားပြီးသားဖျာလာပစ်ထားတတ်ကြတယ်။တရက်ပိုက်လုံးအောက်လျှိုလေးထဲမှာဖျာအဟောင်းကြီးတချပ်နဲ့ခြုံပုတ်စခန်းကိုကျနော်တို့ဆောက်ခဲ့တယ်။နေ့လည်နေ့ခင်းလာဆော့ဖို့၊ကျောင်းပြေးရင်ပိုက်လုံးကြီးအောက်ဒီခြုံပုတ်စခန်းထဲလာခိုနေဖို့ပါ။ခြုံပုတ်စခန်းထဲမှာဖဲခိုးရိုက်တယ်၊ဆေးလိပ်ခိုးသောက်တယ်။ တရက်မိုးနည်းနည်းရွာပြီးနေပူရင်ညီစို့စို့အနံ့ထွက်တတ်တဲ့ဒီဖျာအဟောင်းကြားထဲကတရာတန်တရွက်ထွက်လာတယ်။လဖက်ရည်ဗူးနို့ဆီတခွက်သုံးမတ်မှာငွေတရာဆိုတ

လျှပ်စစ်

 အိမ်ကပေးလိုက်တဲ့မီတာစာရွက်ကိုကောင်တာပေါ်တင်ပေးလိုက်တယ်။ပိုက်ဆံကမီတာစာရွက်ထဲမှာလိပ်ထားပြီးသား။ဘာမှရည်တွက်စရာမလိုဘူး။အတိအကျပဲ။အန်းစရာမလိုဘူး။ အသက် ၁၃ - ၁၄ နှစ်သားကလေး တယောက်အတွက်ရန်ကင်း ထ(၁)ရှေ့မီတာရုံးကောင်တာကအများကြီးမြင့်နေတယ်။သံဇာကာအနောက်ကစက်ခန်းထဲမှာအစိမ်းပုတ်ရောင်စက်အကြီးတလုံးနဲ့ အသက် ၃၀ လောက်ဦးလေးကြီးတယောက်ရှိတတ်တယ်။ “ ဂျလောက်…ဂျလောက်…ချပ်ချပ်ချပ်...ဂျလောက်လောက်…ဂျောက်”  မီတာဆောင်တဲ့စက်ကြီးတွန်းထိုး ရုန်းကန်သံနဲ့အတူမီတာဆောင်တဲ့ စက်ခန်းထဲကအသံစုံကြားနေရတယ်။ခဏနေမီတာစာရွက်အပိုင်းလေးကောင်တာပေါ်ပြန်ထွက်လာတယ်။ ရန်ကင်း အထက(၁)ရှေ့မီတာရုံးကရန်ကင်းမြို့နယ်အတူဖြစ်ပေါ်လာတာပါ။ကျွန်တော်တို့လူမှန်းသိတတ်စမှတ်မိတဲ့အရွယ်ထဲကရှိတယ်။မီတာပေးချိန်ပဲရုံးဖွင့်တတ်ပြီးကျန်အချိန်ပိတ်ထားလေ့ရှိတယ်။အထက(၁)ရှေ့မီတာရုံးနဲ့ ၁၂ လုံးတန်းတိုက် ၂၀၁  အိုးအိမ်ရုံးကငယ်ငယ်ကမကြာခဏရောက်ခဲ့တဲ့နေရာဟောင်းအချစ်ဟောင်းတွေပါ။ ၁၉၈၈ အရေးတော်ပုံကာလရန်ကုန်မှာမီးပြတ်တာမကြားမိဘူး။ညနေ ၆ နာရီကာဖြူးထုတ်ထားတဲ့ညဆိုလည်းမီးမပျက်ဘူး။လမ်းပေါ်  "ဒို့အရေး" အော်နေကြလည်းမီးပျက်တာမကြားမိဘူး။အရေးတော်ပုံကာလလျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်း(EPC/YE

ပညာရေး

 မြန်မာနိုင်ငံဟာအင်္ဂလိပ်လက်အောက်နှစ်ရာချီနေခဲ့ရလို့ ကောင်းမွန်ခေတ်မှီတဲ့အင်္ဂလိပ်ပညာရေးစနစ်အခြေခံခဲ့တယ်။မြန်မာနိုင်ငံမှာပထမဦးဆုံးအထက်တန်းကျောင်းကို ၁၈၇၄ မှာဖွင့်လှစ်ခဲ့တယ်။၁၈၇၆ ခုနှစ်မှာ ၂ နှစ်သင်ရန်ကုန်ကောလိပ်ဖွင့်လှစ်နိုင်ခဲ့တယ်။ ၂၀၁၄ သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံမှာ စာတတ်မြောက်မှု ၈၉.၅ % ရှိတယ်ဆိုပါတယ်။နှစ်စဉ်ပညာရေးအသုံးစားရိတ်ဟာ အစိုးရဘက်ဂျက် ၁.၂ % ပဲရှိတယ်။  ၁၉၈၁ မတ်လဆယ်တန်းစာမေးပွဲ ဖြေခဲ့တယ်။ထ (၂) ဘတ်စကက်ဘောရုံကပ်ရပ်အခန်းမှာ။၅၊၆၊၈ တန်းနှစ်ကျလို့ဆယ်တန်းဖြေတော့အသက် ၁၉ နှစ်ကျော်နေပြီ။ကိုယ့်ရွယ်တူတွေက Main ထဲမှာ။ ကျွန်တော့်ကလေးတွေအတော်အံဩတယ်။၅ တန်း ၆ တန်းကိုဖေကြီးဘယ်လိုကျအောင်ဖြေခဲ့လည်းမစဉ်းစားတတ်ဘူးတဲ့။သူငယ်ချင်းထဲမှာအခြေခံအဆင့်မှာစာမေးပွဲကျတာမရှိသလောက်ပဲ။ ကျွန်တော်မှတ်မိသလောက်စာမေးပွဲရှိလည်းပုံမှန်အတိုင်းအဆော့မပျက်ဘူး။အင်းယားငါးမျှားမပျက်ဘူး။ပိုက်လုံးဘေးငါးပက်မပျက်ဘူး။စွန်လိုက်မပျက်အဆော့မပျက်ဘူး။ ငါးတန်းနှစ်ကအလှမွေးငါးမွေးပြီးဒီငါးကိစ္စပဲနေ့တိုင်းလုပ်နေခဲ့တယ်။၆ တန်းမှာငါးကောင်းကောင်းမျှားတတ်ပြီ။နေ့တိုင်းအင်းယားမှာငါးမျှားဖို့နဲ့စွန်လိုက်ဖို့ပဲစိတ်ဝင်စားတယ်။ပိုက်လုံးဘေးမြောင်းထဲ

COVID 19

 ကိုရိုနာဗိုင်းရပ်စ် (Covid 19)ကိုကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic)အဖြစ်ကမ္ဘာ့ကျမ်းမာရေးအဖွဲ့က ၂၀၂၁ ကအသိပေးခဲ့ရတယ်။သာမန်ဖြစ်တဲ့ကူးစက်ကပ်ရောဂါ (Epidemic) ကနေကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်တယ်သတ်မှတ်ကျေညာခဲ့ပြီးမနှစ်ကစပြီး "ကပ်ရောဂါ" မဟုတ်ဘူးအဆင့်လျှော့ချခဲ့ပါတယ်။ နောက်ဆုံးမှတ်တမ်း (၂၀၂၂) အရကမ္ဘာပေါ်မှာအန္တာတိကတိုက်ကလွှဲရင်ကမ္ဘာ့နေရာအနှံ့မှာကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေပါပြီ။အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါဖြစ်စေတဲ့ Covid-19 ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးလက်ရှိကိုယ့်ကျမ်းမာရေးကိုဆင်ခြင်မိတယ်။ အပူငွေ့နည်းနည်းနဲ့မအီမသာဖြစ်နေရင်ဆေးခန်းပြတိုင်းအဆုပ်လေပြွန်ရောင်တာဆရာဝန်တိုင်းပြောတယ်။ဆရာဝန်ပေးတဲ့ Anti-Biotic (ပဋိဇီဝဆေး) သောက်လိုက်ရင်ခဏနဲ့ပြန်ပျောက်သွားလေ့ရှိတယ်။အထူးသဖြင့်အခုလိုနွေအကုန်မိုးအကူဇွန်ဇွန်လိုင်အဖြစ်များတယ်။ “ ဆရာ..ဘာဖြစ်လို့ အဆုပ်လေပြွန်ရောင်တာလဲ ” ပြန်ဖြေလောက်မယ့်ဆရာထင်လို့ မဝံမရဲမေးလိုက်တော့။ “ အကို…ဆေးလိပ်သောက်လား ” “ မသောက်တာကြာပြီ….အရင်တုံးကသောက်တယ် ” ကျွန်တော်ဆေးလိပ်စသောက်တော့အသက် ၁၂ - ၁၃ နှစ်ပဲရှိအုံးမယ်။ရန်ကင်း လ(၅) အိမ်သာမှာ ရွှေအိုးစည်ဆေးပေါ့လိပ်တို (၃ လိပ် ၅ ပြား)စသောက်ခ

ကွမ်းယာဗန်း

 ကွမ်းယာဗန်းဈေးသည်မတွေ့တာကြာပြီ။အရင်‌ခေတ်သီတင်းကျွတ်တန်ဆောင်တိုင်မိုးအလင်းရုပ်ရှင်မှာကွမ်းယာဗန်းဈေးသည်တွေ့လေ့ရှိတယ်။ ရန်ကင်းမိုးကောင်းဘုရားပွဲနဲ့ကျိက္ကဆံကွင်းပြည်ထောင်စုနေ့ပျော်ပွဲရွှင်ပွဲနဲ့ပြခန်းမှာတကွင်းလုံးကွမ်းယာဗန်းဈေးသည်တွေ့ရတတ်တယ်။အများအားဖြင့်အညာသားနဲ့ကုလားလေးတွေများတယ်။ အတည်တကျနေရာရှားပါးတဲ့အနေအထားမှာ Mobile ကွမ်းယာဗန်းမှာအားသာချက်အများကြီးတယ်။ဈေးသည်အခြင်းခြင်းနယ်မြေလုပွဲနဲ့နေရာငှားရမ်းခဈေးကြီးမြှင့်ဒဏ်ကွမ်းယာဗန်းခံစားစရာမလိုဘူး။ တချိန်ကတိုင်းနဲ့ပြည်နယ်ဘောလုံးပွဲကိုအောင်ဆန်းကွင်းဘောလုံးကွင်းမှာခြိမ့်ခြိမ့်သည်းကျင်းပခဲ့ကြဖူးတယ်။ကွမ်းယားဗန်းကြက်ဥ၊ဆိတ်သားခြောက်၊ရေခဲရေအရောင်းဈေးဗန်းသည်ပွဲကြည့်စင်လေးဘက်လေးတန်မှာရှိခဲ့ကြတယ်။  အောင်ဆန်းကွင်းမှာကွမ်းယာဗန်းနဲ့ဈေးရောင်းရင်ကြီးပွားချမ်းသာသွားတဲ့လူတယောက်တွေ့ဖူးတယ်။၁၉၈၂ - ၈၃ အညာသားတယောက် ရန်ကင်းပညာရေးကောလိပ်(ကံဘဲ့ဆရာအတတ်သင်ရှေ့) ရန်ကင်းတိုက်တန်းမှာ “ ဒီဇင်ဘာ Tea Shop  ” နာမည်နဲ့လဖက်ရည်ဆိုင်ဖွင့်ခဲ့တယ်။ဒီလဖက်ရည်ဆိုင်ပိုင်ရှင်အညာသားဟာတချိန်ကကွမ်းယာဗန်းလမ်းလျှောက်ဈေးသည်တဦးပါ။  ကြည့်မြင့်တိုင်ညဈေးဗိုလ်သူရလမ်းမှာလက်ရှိအောင်မြင်နေတဲ့ ကြေးအိုးဆီ

နမော်နမဲ့

 ကျွန်တော်ကလုပ်ချင်တာကိုစွတ်ရွတ်အတင်းအဓမ္မလုပ်တတ်တဲ့အကျင့်ရှိတယ်။အထူးသဖြင့်ယာဉ်စက်ကရိယာကိုသေချာမလေ့လာနားမလည်ပဲတက်ကလိတတ်တယ်။စက်ဘီးတောင်ကောင်းကောင်းမစီးတတ်ပဲဆိုင်ကယ်ဝယ်စီးဖူးတယ်။  Honda 50 cc ပုစဉ်းခေါ်တဲ့ဆိုင်ကယ်အသေးအစုတ်လေးဝယ်လာတာ။ 90 cc ဆူပါကပ်ဘဲခေါင်းစိမ်းဇီးရောင်တို့တသိန်းကျော်ခေတ်စားနေတဲ့အချိန်က 50 cc ပုစဉ်းနှစ်သောင်းလားပေးရတာဝယ်ချလာခဲ့တယ်။ဘယ်လိုစီးရမှန်းမသိပေမယ့်ခွတက်ပြီးစက်နိူးလိုက်တာပုစဉ်းပေါ်လူကားယားခွပါသွားတယ်။ပုစဉ်းက Kick Starter အင်ဂျင်မဟုတ်ဘူး။လူအလွန်ရှုတ်တဲ့တောင်ဥက္ကလာနန္ဒဝန်ဈေးကနေကံဘဲ့ဆရာအတတ်သင် (ရန်ကင်းပညာရေးကောလိပ်) ရှေ့ညဦးပိုင်းဘယ်လိုရောက်လာလဲမသိဘူး။ Honda ပုစဉ်းလေးကိုသုံးလေးရက်စီးကြည့်မှနည်းနည်းအသားကျလားတယ်။ဓါတ်ဆီနှစ်ပုလင်းထည့်ထားရင်သုံးလေးရက်မောင်းချင်သလိုမောင်းပေတော့။ ဒီကြားထဲ Suzuki 100 cc ဆိုင်ကယ်အစုတ်စီးပြောင်းစီးပြီးလပိုင်းအတွင်း Honda CB 650 ပလပ်လေးလုံး၊အိပ်ဇောလေးလုံး၊ ကာဗရိုက်တာလေးလုံး Luxury Custom (627 cc) ဆိုတဲ့ဆိုင်ကယ်ကွက်ပြောက်ကြီးကိုအလဲအထပ်လုပ်စီးလိုက်ပြန်တယ်။ ဝယ်ပြီးနှစ်ရက်ပဲရှိသေးတယ်ဆိုင်ကယ်ကြီးကစက်နိူးလို့မရတော့ဘူး။ရန်ကင်းကျောက်ကုန်းရတနာလမ်းဗလီနားကကို

ပါဝါဘန့်

 ညနေတိုင်းလမ်းလျှောက်ဖြစ်တယ်။ပြည်လမ်း၊အင်းယားကန်ဘောင်၊ဗဟိုလမ်း၊MICT ဝင်း၊ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းနေရာစုံပဲ။တရက်ကန်ဘောင်ပေါ်လမ်းလျှောက်ပြီးခဏနားနေတုံးဘေးမှာအတွဲနှစ်ယောက်စကားပြောသံကြားရတယ်။ကိုယ့်ကိုလူကြီးဆိုတော့သူတို့နှစ်ယောက်လွတ်လွတ်လတ်လတ်စကားပြောနေသံအတိုင်းသား။ အင်းယားကန်ဘက်ကိုမျက်နာမှုပြီးနှစ်ယောက်ထိုင်နေကြတာ။အသက်အစိတ်ဝန်းကျင်လူငယ်နှစ်ယောက်။ကောင်မလေးကနည်းနည်းခေတ်ဆန်ပုံရတယ်။ကောင်လေးကတိုင်းရင်းသားပုံစံစကားဝဲတဲတဲ။ လက်ထဲမှာအိတ်၊ထမင်းချိုင့်တွေနဲ့ဆိုတော့အလုပ်ကပြန်လာကြတာထင်တယ်။နယ်ဘက်ကနေရန်ကုန်မှာဘဝတိုးတက်ရာတိုးတက်ကြောင်းလာရှာဖွေနေကြတဲ့လူငယ်များစွာထဲကနှစ်ယောက်။ကောင်မလေးက။ “ တစ်ခုလောက်မေးချင်လို့... စိတ်ဆိုးမှာလား " “ ပြောပါ...စိတ်မဆိုးပါဘူး ”   ကျနော်လည်းစိတ်ဝင်စားပြီးလေ့ကျင့်ခန်းလုပ်သလိုနဲ့မသိမသာနားစွင့်လိုက်တယ်။ “ လစာဘယ်လောက်ထွက်လဲ ”   ကောင်မလေးကမဝံ့မရဲမေးလိုက်တယ်။ကောင်လေးကဘာမှပြန်မပြောပဲအင်းယားကန်ဘက်ငေးကြည့်နေတယ်။ခဏနေမှ။ “ သိပ်မရှိပါဘူး ” “ သိပ်မရှိပါဘူးဆိုတာဘယ်လောက်လဲ” ကောင်မလေးကထပ်မေးလိုက်တယ်။ ကောင်လေးကသူ့ဘောင်းဘီဘေးအိပ်ထဲကစာအိတ်အဖြူကိုဆွဲထုတ်ပြီးသက်ပြင်းမသိမသာချလိုက်တယ်။စာအိတ်က

လျှပ်စစ်ကုလားထိုင်

 အမေရိကန်တရားစီရင်ရေးစနစ်သေဒဏ်ငါးမျိုးထဲမှာဓါတ်လိုက်သေစေခြင်း (Electrocution)ပါတယ်။လျှပ်စစ်ကုလားထိုင်ကိုအမေရိကားမှာ ၁၈၈၈ ခုနှစ်စအသုံးပြုခဲ့တယ်။ သေဒဏ်အပြစ်ပေးခံရမယ့်အကျဉ်းသားကိုပထမအမွှေးအမျှင်ရိပ်ထားရတယ်။လျှပ်စစ်ခုခံမှုနည်းအောင်ပါ။လျှပ်စစ်ကုလားထိုင်မှာထိုင်စေပြီးသူ့ရင်ဘတ်၊ခြေထောက်၊လက်ကိုလှုပ်မရအောင်ခါးပတ်ပြားနဲ့‌သေချာတုပ်နှောင်ထားတယ်။ လျှပ်ကူးလွယ်အောင်ဆားရည်စိမ်ထားတဲ့ရေမြုပ်ကိုငယ်ထိပ်ပေါ်တင်ပြီးလျှပ်စီးလွယ်တဲ့လျှပ်ခေါင်းအဖြစ်သုံးတဲ့သံခမောက်နဲ့အကျဉ်းသားခေါင်းကိုစွပ်လိုက်တယ်။ ဆားရည်စိမ်ရေမြုပ်ကမစိုလွန်းမခြောက်လွန်းအနေအထားဖြစ်ပြီးလျှပ်ကူးပတ်လမ်းတိုဖြစ်ဖို့လွယ်အောင်လုပ်ထားတာပါ။(Electro Crème) ခေါ်တဲ့လျှပ်စီးလွယ်ဂျယ်လီတမျိုးကိုအကျဉ်းသာဆောင်းသံခမောက်နဲ့အမွေးရိတ်ထားတဲ့ခြေထောက်ပေါ်သုတ်လိမ်းထားတယ်။အကျဉ်းသားမျက်စိကိုမမြင်ရအောင်အုပ်ထားတယ်။ သတ်ဖြတ်ဖို့အကုန်လုံးစီစဉ်ပြီးရင် အကျဉ်းသားကိုအခန်းထဲတစ်ယောက်ထဲချန်ထားခဲ့ပြီးကျန်လူအကုန်အခန်းထဲကထွက်လိုက်ကြတယ်။ လျှပ်စစ်ဗို့အား ၅၀၀ - ၁၀၀၀ ရှိတဲ့ မိန်းခလုပ်ကိုပါးကွက်သားဆွဲချလိုက်ပြီးစက္ကန့် ၃၀ ထိထားလိုက်တယ်။အကျဉ်းသားဟာပြင်းထန်တဲ့လျှပ်စစ်ဆောင့်အားကြောင့်ပျော့ခွေသ

လက်နိုပ်စက်

 သင်တန်းအများကြီးတက်ခဲ့ဖူးတယ်။ဒါပေမယ့်ဘယ်သင်တန်းမှပြီးမြောက်အောင်မတက်ဖူးခဲ့ဘူး။သင်တန်းတပိုင်းတစနဲ့ရပ်သွားခဲ့တာများတယ်။ဂျပန်ဘာသာဆရာဦးဋ္ဌေးအောင်ဆီမှာတက်ဖူးတယ်၊။ဒါပေမယ့်သင်တန်းပြီးအောင်မတက်ခဲ့ဘူး။ ဂျာမန်ဘာသာ UFL မှာညနေပိုင်းသင်တန်းတက်ခဲ့ဖူးတယ်။ဒါပေမယ့်ပြီးအောင်မတက်ခဲ့ဘူး။လူတိုင်းတက်တဲ့အင်္ဂလိပ်စာသင်တန်းတခါမှမတက်ခဲ့ဖူးဘူး။ အရေးတော်ပုံပြီးကာစ ၁၉၈၉ မှာ ပုဂ္ဂလိကကုမ္ပဏီစပေါ်လာတယ်။ ဘကြီးကလက်နှိပ်စက်သင်တန်းတက်ခိုင်းလို့လက်နှိပ်စက်သင်တန်းပြီးအောင်တက်ဖူးခဲ့တယ်။တစ်လပဲကြာလို့။အဲ့ဒီတုံးကကမာရွတ်ကျားလက်နှိပ်စက်သင်တန်းကျောင်းနဲ့ သိမ်ဖြူလမ်း BSc. ကောလိပ်မှာလက်ရေးတိုလက်နှိပ်စက်သင်တန်းရှိခဲ့တယ်။ ကုမ္ပဏီကပန်းဆိုးတန်းမှာရှိလို့ မနက် ၉ နာရီရုံးမတက်ခင်သိမ်ဖြူလမ်းလက်နှိပ်စက်သင်တန်းမနက် ၇-၈ နာရီတက်ပြီးမှရုံးကိုပြေးရတယ်။အဲ့ဒီတုံးက ရုံးမှာကွန်ပြူတာမရှိသေးဘူး။Fax ကိုစစ်အစိုးရသုံးခွင့်မပြုဘူး။ခိုးသုံးရတာ။နိုင်ငံခြားစာပို့ချင်ရင်ပန်းဆိုးတန်းကြေးနန်းရုံးကတဆင့် Telex ပို့ရတယ်။အခုကလေးကစသုံးနေတဲ့ Email ကြားတောင်မကြားဖူးဘူး။Facebook, Viber အဝေးကြီး။ ကုမ္ပဏီအလတ်အကြီးကိုယ်ပိုင် လက်နှိပ်စက်ရှိပြီးကုမ္ပဏီအသေးအပြင်လက်နှိပ်စက်ဆ

မြန်မာခြေဥ

 အာဏာပိုင်များခြေဥပုဒ်မ (၄၃၆) မပြင်ခြင်တဲ့အကြောင်း(၃)ချက်။ (၁) တိုင်းပြည်အတွက်စေတနာမရှိခြင်း။ (၂) တိုင်းပြည်အတွက်အကျိုးမရှိသောဥပဒေဖြစ်ကြောင်းသိတဲ့ပညာမရှိခြင်း။ (၃) စေတနာနဲ့ပညာရှိသော်လည်းပြင်ရာမှာကြောက်ခြင်း။ ( ဒေါ်အောင်ဆန်းစုကြည်၊ပခုက္ကူလူထုဟောပြောပွဲ ) လွင်ဦး(ရန်ကင်း)

အဆိပ်ဓါတ်ငွေ့လွတ်သတ်ဖြတ်ခြင်း

 အမေရိကန်တရားစီရင်ရေးရဲ့သေဒဏ်ငါးမျိုးထဲမှာအဆိပ်ဓါတ်ငွေ့လွတ်သတ်တာပါတယ်။ဆိုင်ယာနိုက် (Cyanide) အဆိပ်ငွေ့နဲ့သေဒဏ်ကျအကျဉ်းသားကိုအဆိပ်လွတ်သတ်ဖြတ်ခန်း (Gas Chamber) ထဲထည့်သတ်တာပါ။ အကျဉ်းသားအိပ်ခန်းထဲကိုဆိုင်ယာနိုက်ဓါတ်ငွေ့မှုတ်သွင်းပြီးသတ်ဖြတ်တာ ၁၉၂၄ ကအမေရိကားမှာလုပ်ခဲ့တယ်။ဒါပေမယ့်အခန်းမလုံတော့ဆိုက်ယာနိုက်အဆိပ်ငွေ့အပြင်စိမ့်ထွက်လို့ပထမဆုံးအကြိမ်အဆိပ်ဓါတ်ငွေ့လွတ်သတ်ဖြတ်တာမအောင်မြင်ခဲ့ဘူး။ ဒါကြောင့်အဆိပ်ဓါတ်ငွေ့လွတ်သတ်ဖြတ်နိုင်တဲ့လေလုံခန်း(Gas Chamber) တည်ဆောက်ခဲ့တယ်။ဒီသတ်ဖြတ်နည်းကိုအမေရိကန်ပြည်နယ်ငါးခုကပဲလက်ခံထားသေးတယ်(၂၀၁၆)။ကယ်လီဖိုနီးယားတရားရုံးတော်ကဒီအဆိပ်ဓါတ်‌ငွေ့လွတ်သတ်ဖြတ်တာကိုရက်စက်လွန်းပြီးပုံမှန်မဟုတ်တဲ့အပြစ်ဒဏ်ပေးမှုအဖြစ်သတ်မှတ်ထားတယ်။ သတ်ဖြတ်မယ့်သေဒဏ်ကျအကျဉ်းသားကိုကုတင်မှာမလှုပ်နိုင်အောင်ကြိုးနဲ့ချည်ထားတယ်။ကုတင်အောက်မှာငရဲမီး (Sulphuric Acid) အက်စစ်ကန်ရှိတယ်။ဆရာဝန်သုံးနားကြပ်ကိုအကျဉ်းသားရင်ဘတ်နဲ့ဆက်သွယ်ထားပြီးအခန်းအပြင်ကဆရာဝန်ကအကျဉ်းသားအခြေအနေစောင့်ကြည့်နေပါတယ်။သတ်ဖြတ်ရာမှပါတဲ့လူအကုန်လုံးအဆိပ်ငွေ့ခန်းထဲကထွက်ပြီးတာနဲ့ Gas Chamber အခန်းတံခါးပိတ်လိုက်တယ်။ ထောင်ဝါဒအချက်ပြလိုက်တာနဲ့ ပါး

အာဇာနည်ကုန်းဗုံးခွဲ

 အာဇာနည်ဗိမ္မန်ကိုငယ်ငယ်ကရောက်ဖူးတယ်။ရွှေတိဂုံမြောက်ဘက်မုဒ်သွေးဆေးကန်အနောက်ဘက်ကုန်းစောင်းလေးပေါ်မှာ။ဇရပ်ပုံစံအုတ်ညှပ်ပျဉ်ထောင်အဆောက်အဦး၊မျက်နာကျက်အုတ်ကြွတ်ပြားမိုးထားတယ်။စကျင်ကျောက်နဲ့လုပ်ထားတဲ့အာဇာနည်ကြီးများအုတ်ဂူရှိတယ်၊လွမ်းသူ့ပန်းခွေရှိတယ်။ အုတ်ဂူအနောက်မှာအာဇာနည်ကြီးများအဖြူအမဲဓါတ်ပုံကြီးနဲ့ကိုယ်ရေးအကျည်းပျဉ်ပြားပေါ်မှာသင်္ဘောဆေးအဖြူနဲ့ရေးထားတယ်။အာဇာနည်ဗိမ္မန်ရှိတဲ့ကုန်းမို့မို့လေးနေရာကိုအာဇာနည်ကုန်းခေါ်တယ်။အာဇာနည်ကုန်းတဝိုက်မှာအရိပ်ကောင်းလို့အနယ်နယ်ကဘုရားဖူးလာသူတွေခဏနားကြတယ်။ထမင်းစုစားကြတယ်။ကလေးတွေဆော့ကြတယ်။ ၁၉၈၃  အောက်တိုဘာလ ၉ ရက်နေ့မြန်မာပြည်ကိုအလည်လာတဲ့တောင်ကိုရီးယားသမ္မတချန်ဒူးဝန် (Chun Doo-Hwan) ကိုအာဇာနည်ဗိမ္မန်မှာမြောက်ကိုရီးယားကွန်မန်ဒိုများကဗုံးခွဲအသေသတ်ဖို့ကြိုးစားခဲ့ကြတယ်။ အာဇာနည်ဗိမ္မန်ကိုသမ္မတချန်ဒူးဝန်မရောက်ခင်မိနစ်ပိုင်းအလိုမနက် ၁၀ နာရီ ၂၅ မိနစ်မှာဗုံးသုံးလုံးဆင့်ကဲပေါက်ကွဲခဲ့တယ်။ဒီပေါက်ကွဲမှုကြောင့်တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးစွမ်းအင်ဝန်ကြီးအပါအဝင်တောင်ကိုရီးယားနိုင်ငံသား ၁၄ ယောက်၊မြန်မာ ၇ ယောက်စုစုပေါင်း ၂၁ ယောက်သေ ၄၆ ယောက်ဒဏ်ရာရခဲ့ကြတယ်။ အာဇာနည်ကုန်းအမိုးမ

လူးဝစ်လမ်း(ဆိပ်ကမ်းသာလမ်း)

 ရန်ကုန်မြို့အကောင်းဆုံးလမ်းထဲပါတဲ့ “ ဆိပ်ကမ်းသာလမ်း ”  အောက်ဘလောက်ဓါတ်ပုံ။လမ်းနာမည်ဟောင်းလူးဝစ္စစ်လမ်း (Lewis St.) ပဲစွဲနေတယ်။ရန်ကုန်မြို့ကတောင်မြောက်လမ်းကျယ်ကြီးထဲကထင်ရှားတဲ့လမ်းကပန်းဆိုးတန်း၊ဗိုလ်အောင်ကျော် (Spark St.) ဗိုလ်ကလေးဈေးလမ်း (Brooking St)။ ဒီလမ်းမတွေရဲ့ပလက်ဖေါင်းအကျယ်ကြီးပေါ်မှာအစုန်အဆန်လမ်းလျှောက်ဖူးခဲ့တယ်။ပန်းဆိုးတန်းလမ်းမူလဘိုနာမည် (Phyres St.) ဖြစ်ပေမယ့် ၈၈ မတိုင်ခင် ထဲကအများစု "ပန်းဆိုးတန်း" လမ်းပဲခေါ်ကြတယ်။ မှတ်မှတ်ရရ ၁၉၇၅ - ၇၆ က လူးဝစ္စစ်လမ်း BSI (စစစ) ရုံးဘေးမှည ၈ နာရီလောက်လေးဘီးတစီးနဲ့ကားစောင့်ဖူးတယ်။ကားကိုကျွန်တော်နဲ့အစောင့်ထားပြီးအဖေကသူ့မိတ်ဆွေတယောက်နဲ့စထရန်း(ကမ်းနားဟော်တယ်)ပေါ်တက်သွားတယ်။ အသက် ၁၄ - ၁၅ ကားမောင်းတတ်ခါစလေးဘီးကိုလူးဝစ္စစ်လမ်းထဲရှေ့တိုးနောက်ငင်လုပ်နေလို့ BSI ရုံးကလူတယောက်ထွက်တားဖူးတယ်။ အဖေကညဆယ်နာရီလောက်မှဟိုတယ်ထဲထွက်လာတယ်။ ညနေရုံးဆင်းချိန်စထရင်းဟိုတယ်မှာပေါင်မုန့်လာဝယ်ကြတဲ့ရုံးသူရုံးသားတွေလူးဝစ္စစ်လမ်းထဲအပြည့်။မုန့်ဖိုထဲကအခုမှထုတ်လာလို့စထရန်းဟိုတယ်ပေါင်မုန့်မွှေးပြီးပူနေတယ်။ အခုနောက်ပိုင်းလမ်းချဲ့ကြလို့ ရန်ကုန်မြို့ကတောင်မြောက်လမ်းမကျယ်အက

ကမ်းနားဟိုတယ်၊ရန်ကုန်

 Strand Hotel နဲ့ပတ်သက်ပြီးမှတ်မှတ်ရရတခုကအသက် ၁၄ - ၁၅ လောက်အဖေနဲ့သူ့မိတ်ဆွေတယောက်ညဦးပိုင်း Strand Hotel သွားတာကားပေါ်လိုက်စောင့်ဖူးတယ်။လေးဘီးကိုလွစ္စလမ်း BSI ရုံးနားထားခဲ့ပြီးအဖေတို့ဟိုတယ်ပေါ်တက်သွားကြတယ်။  ညဆယ်နာရီလောက်အဖေတို့နှစ်ယောက်သိုင်းကွက်နင်းပြန်လာကြတယ်။မူးမူးနဲ့အဖေမောင်းတာ Strand Hotel ရှေ့ရပ်ထားတဲ့ဆလွန်းကားတစီးနောက်ဖင်ဝင်တိုက်မိတယ်။အရှိန်လည်းမများဘူး၊အစောင့်လည်းမသိတာနဲ့ခပ်တည်တည်ကားနောက်ဆုတ်ပြီးရန်ကင်းကိုဒယီးဒယိုင်ပြန်ရောက်လာတာသတိရမိသေးတယ်။ ၁၈၉၅ ခုနှစ်ကဂျာမန်အဆင့်မြှင့်ကြေးစားဓါတ်ပုံကျွမ်းကျင်သူ Philip Adolphe Klier ရိုက်ထားတဲ့ Strand Hotel (ကမ်းနားဟိုတယ်)ဓါတ်ပုံပါ။ကမ်းနားဟိုတယ်ကို ၁၉ ရာစုနှောင်းပိုင်းဗစ်တိုးရီးယမ်းဗိသုကာလက်ရာနဲ့တည်ဆောက်ခဲ့တယ်။  အင်္ဂလိပ်ကိုလိုနီခေတ်ရန်ကုန်မြို့ကမ်းနားလမ်းက “ကမ်းနားဟိုတယ်” ကိုအင်္ဂလိပ်လုပ်ငန်းရှင် John Darwood က ၁၉၀၁ ခုနှစ်ဖွင့်လှစ်ခဲ့တယ်။နောက်ပိုင်းဟိုတယ်ကိုအာမေးနီးယန်းလူမျိုး Sarkies ညီအကိုများပိုင်ဆိုင်ခဲ့တယ်။Sarkies ညီအကိုများဟာနာမည်ကြီးစင်္ကာပို Raffles ဟိုတယ်နဲ့ဘန်ကောက် Oriental ဟိုတယ်များကိုတည်ဆောက်ပိုင်ဆိုင်ခဲ့တယ်။ ရန်ကုန်မြို့ကမ်းနားဟ

ငဇင်ကာ (Filipe De Brito)

 ငါးတန်းက "ငဇင်ကာ " အကြောင်းသင်ရတယ်။ပေါ်တူဂီလူမျိုးသံလျင်မြို့စား။နောက်ပိုင်းတံစို့ထိုးအသတ်ခံရတဲ့သူ။ငဇင်ကာနဲ့တွဲပြီးထောင်ငူဘုရင်နတ်သျှင်နောင်နဲ့ဓါတုကလျှာရှေးပဒေသရဇ်အချစ်ဇတ်လမ်းများဖတ်ဖူးကြားဖူးကြတယ်။ သံလျင်မှာအခုထိပေါ်တူဂီဘုရား ကျောင်းပျက်ငဇင်ကာအုတ်ဂူလို့လူ ပြောများရှေးဟောင်းအုတ်ဂူနဲ့နတ်သျှင်နောင်တည်ထားတဲ့ဘုရားရှိသေးတယ်။ ပေါ်တူဂီလူမျိုးကြေးစားစစ်သားကုန်သည် Filipe De Brito E Nicote ကိုမြန်မာက "ငဇင်ကာ " ခေါ်တယ်။သူ့ကို ၁၅၆၆ ခုနှစ်ပေါ်တူဂီနိုင်ငံ Lisbon မှာမွေးခဲ့တယ်။ အဖေပြင်သစ်အမေပေါ်တူဂီလူမျိုးကမွေးခဲ့တဲ့ငဇင်ကာဟာအရှေ့တောင်အာရှကိုသာမန်သင်္ဘောသားအဖြစ်မထင်မရှားရောက်လာခဲ့တယ်။ ငဇင်ကာလုပ်ရည်ကိုင်ရည်ကြောင့်ရခိုင်ဘုရင်မင်းရာဇာကြီးလက်အောက်မှာသာမန်သင်္ဘော သားလေးကနေကြေးစားစစ်သားအဖြစ်မင်းမှုထမ်းခွင့်ရခဲ့တယ်။ ရခိုင်ဘုရင်ဆီမှာနေရာရလာတဲ့ ကြေးစားစစ်သားငဇင်ကာဟာ တိုက်သင်္ဘော ၃စင်း၊ပေါ်တူဂီ၊ရခိုင်ရဲမက်စုစုပေါင်း ၃၀၀၀ နဲ့အတူရခိုင်ကနေသံလျင်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။၁၅၉၉ ခုနှစ်ရခိုင်ဘုရင်မင်းရာဇာကြီးကငဇင်ကာကိုသံလျင်မြို့စားအဖြစ်ခန့်အပ်ခဲ့တယ်။ တဖြည်းဖြည်းအင်အားကြီးမားလာတဲ့သံလျင်စား

ဖေ့စ်ဘွခ်ပြန်ဖွင့်ပေးခြင်း

 ဇွန် (၂၇) မနက် Facebook Team ဆီက Email ဝင်လာတယ်။ကျွန်တော်ကသူတို့သတ်မှတ်ထားတဲ့လူအဖွဲ့အစည်းဆိုင်ရာစံချိန်စံညွှန်းများဖေါ်ဖျက်တဲ့အတွက်ကျွန်တော့်ကိုရာသက်ပန် Faceboook သုံးခွင့်မပြုတော့ဘူးဆိုတဲ့အကြောင်းကြားစာပါ။ Facebook အသုံးပြုခွင့်ပိတ်ပင်ခံရတာနာရီပေါင်းဘယ်လောက်၊ရက်ပေါင်းဘယ်လောက်မဟုတ်ဘူး။ "ရာသက်ပန်" ဆိုတော့အတော်တုန်လှုပ်မိတယ်။တုန်လှုပ်မိတယ်ဆိုတာကျွန်‌တော်က FB ကိုတန်ဘိုးရှိအောင်သုံး‌ နေလို့ပါ။အဲ့တော့ကျွန်တော်လုပ်စရာတခုက Facebook ပြန်အသုံးပြုခွင့်ပေးဖို့အသနားခံစာရေးတင်ဖို့ပဲဖြစ်တယ်။အသနားခံစာသုံးစောင်ရေးတင်ခဲ့ရတယ်။ လူ့အဖွဲ့အစည်းဆိုင်ရာစံချိန်စံညွှန်းဘာတခုမှမချိုးဖေါက်ဖူး။အများအားဖြင့်ကျွန်တော့်ပို့စ်များဟာသုတ၊ရသအခြေခံပို့စ်များဖြစ်တယ်။အများအားဖြင့်ကျွန်တော့်ငယ်ဘဝ၊မိဘနဲ့မိသားစုအမှတ်တရဖြစ်စရာများနဲ့မြန်မာ့သမိုင်းနဲ့ပတ်သက်တဲ့ကျွန်တော့်အမြင်ပို့စ်များဖြစ်တယ်ဆိုတာပထမစာမှာရှင်းပြခဲ့တယ်။ဒါပေမယ့် Facebook ဆီကဘာတုန့်ပြန်ချက်မှမရခဲ့ဘူး။ ကျွန်တော်ဒုတိယမြောက်အသနားခံစာဆက်ပို့ခဲ့တယ်။ကျွန်တော်ကိုပေးမသုံးတော့ဘူးဆုံးဖြတ်ထားတာပြန်စဉ်းစားပေးပါ။ကျွန်တော်ဆယ်နှစ်ကျော် Facebook သုံးလာတဲ့တလျှောက်မှာသတ်မှ

ကြိုးဆွဲချသတ်ခြင်း

 အမေရိကန်တရားစီရင်ရေးစနစ်သေဒဏ်ငါးမျိုးထဲမှာကြိုးဆွဲချသေဆုံးစေခြင်း (Hanging) ပါဝင်တယ်။သေဒဏ်ကျအကျဉ်းသားကိုကြိုးဆွဲချသတ်ဖြတ်တာ ၁၈၉၀ နှစ်အထိအမေရိကားမှာအဓိကသတ်ဖြတ်နည်းဖြစ်ခဲ့တယ်။ဒီလာဝယ်လ်နဲ့ဝါရှင်တန်ပြည်နယ်မှာဆေးထိုးသတ်တဲ့နည်းနဲ့အတူကြိုးဆွဲချတာတွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြတယ်။ ကြိုးဆွဲမချခင်အကျဉ်းသားကိုဝိတ်ချိန်တယ်။အဲ့ဒီဝိတ်နဲ့တူတဲ့သဲအိတ်တစ်အိတ်ကိုကြိုးဆွဲချအစမ်းကျင့်ရတယ်။မြန်မြန်သေစေဖို့အတွက်ကြိုးကိုဘယ်လောက်အရှည်အထိဆွဲရမလဲဆိုတာတွက်ချက်တာပါ။ ကြိုးရှည်နေရင်အကျဉ်းသားခေါင်းပြုတ်ထွက်သွားတာမြန်တယ်။ကြိုးတိုနေရင်အကျဉ်းသားဟာချက်ခြင်းမသေပဲလည်ပင်းညစ်ခံရသလိုတွန့်လိမ်ကောက်ကွေးဝေဒနာခံစားရပြီး ၄၅ မိနစ်ခန့်ကြာမှသေပါမယ်။ ကြိုးဆွဲကျချမယ့်ကြိုးလုံးပတ် ၃/၄ လက်မကနေ ၁ ၁/၄လက်မ အထိရှိတဲ့စင်းလုံးချောကြိုးဖြစ်နေရပါမယ်။ကြိုးကွင်းအထုံးကိုချောမွေ့နေအောင်ဖယောင်းသုတ်ထားရတယ်။ကြိုးထစ်ငေါ့မှုမရှိပဲလွယ်လွယ်ကူကူဆွဲညှစ်နိုင်အောင်ပါ။ ကြိုးဆွဲမချခင်အကျဉ်းသားခြေလက်ကိုမလှုပ်အောင်တုပ်နှောင်ပြီးမျက်နာကိုမမြင်အောင်စည်းထားရပါမယ်။ကြိုးကွင်းကိုလည်းပင်းမှာစွပ်ထားရပြီးကြိုးကွင်းအထုံးဟာလည်ပင်းဝဲဘက်နားအောက်မှာရှိရပါမယ်။ ထောင်ဝါဒါအချက်ပြလိ

မွန်ဂိုအင်ပါယာ

 မွန်ဂိုအင်ပါယာ( Mongol Empire )ဟာကမ္ဘာ့သမိုင်းမှာဒုတိယအကြီးဆုံးအင်ပါယာဖြစ်ခဲ့ပြီးမြေဧရိယာအကျယ် (၃၃ သန်းစတုရန်းကီလိုမီတာ) ရှိခဲ့တယ်။ မွန်ဂို ( Mongol ) ဆိုတာဒီနေ့တရုပ်ပြည်အရှေ့မြောက်ပိုင်းကလူမျိုးစုဖြစ်ပါတယ်။မွန်ဂိုဘုရင်ကြီးဂျင်ဂျစ်ခန် (Genghis Khan) ( ၁၁၆၂-၁၂၂၇ ) ဟာကမ္ဘာ့သမိုင်းရဲ့ဒုတိယအကြီးဆုံးဖြစ်လာမယ့်မွန်ဂိုအင်ပါယာ (Mongol Empire ) ကြီးကို ၁၂၀၆ - ၁၃၆၈ ခုနှစ်အတွင်းတည်ထောင်နိုင်ခဲ့တယ်။ မွန်ဂိုအင်ပါယာကြီးထဲမှာဂျပန်ပင်လယ်ကနေဗဟိုအာရှ၊ဗဟိုဥရောပ၊ဆိုက်ဘေးရီးယား၊အင်ဒိုချိုင်းနား၊အီရန်၊တရုပ်အရှေ့ မြောက်၊ဥရောပအရှေ့ပိုင်း၊အာရှအနောက်တောင်ဒေသများပါဝင်တယ်။ ဒီဒေသတခုလုံးကို Euroasia ခေါ်တယ်။မွန်ဂိုတွေဟာနာမည်ကျော်ဥရောပ - အာရှဆက်သွယ်တဲ့ပိုးလမ်းမကြီးကိုလည်းဖေါက်လုပ်ခဲ့တယ်။မွန်ဂိုဟာမြန်မာနိုင်ငံကို ပုဂံခေတ် ၁၂၈၇ မှကျုးကျော်နယ်ချဲ့ခဲ့ကြတယ်။ Mongol Empire ကြီးထဲမှာကမ္ဘာ့အဓိကဘာသာကြီးများဖြစ်တဲ့ဗုဒ္ဓ၊အစ္စလမ်၊ခရစ်ယန်၊တာအိုဘာသာတို့ပါဝင်ကြတယ်။တူရကီ၊ပါရှန်၊မွန်ဂို၊တရုပ်နဲ့အခြားဒေသဆိုင်ရာဘာသာစကားပေါင်းစုံယဉ်ကျေးမှုပေါင်းစုံရှိကြတယ်။၁၂၇၉ ခုနှစ်ကမ္ဘာ့မြေပုံကိုကြည့်လိုက်ရင်မွန်ဂိုအင်ပါယာရဲ့ကြီးကျယ်ခမ်းနားမှုကိုမြ

ရဟတ်ယာဉ်ဆင်းကွင်း

 လေယာဉ်ပျံသန်းခွင့်မရှိတဲ့ရန်ကုန်မြို့ပေါ်ကိုပြည်ပလေယာဉ်တစင်းအရင်ကဖြတ်ပျံခဲ့ဖူးတယ်။Emirate လေကြောင်းလိုင်းရန်ကုန်-ကမ္ဘောဒီးယားခရီးစဉ်မှာရန်ကုန်မြို့ပေါ်ညနေပိုင်းဖြည်းဖြည်းနဲ့အနှိမ့်ပျံသန်းသွားတာပါ။နောက်ဆက်တွဲဘာဆက်ကြားရမလဲမသိဘူး။ လေယာဉ်ပျံတော့မဟုတ်ဘူး။ခေါင်းပေါ်ရဟတ်ယာဉ်ပျံသွားတာ ရန်ကင်းမှာကြုံဖူးတယ်။အသက်ဆယ်နှစ်လောက်တုံးကရန်ကင်းစာတိုက်ဟောင်းဘေးကစားကွင်းထဲရှိနေတုံးစစ်ရဟတ်ယာဉ်တစင်း‌ ခေါင်းပေါ်ဖြတ်ပျံသွားတာပါ။ အသံဆူညံနေတာပဲ။ရဟတ်ယာဉ် ပိုင်းလော့တောင်လှမ်းမြင်နိုင်တဲ့အမြင့်လောက်ပဲ။အုန်းပင်ထိပ်ဖျားနဲ့သိပ်မကွာလို့အုန်းလက်တွေလေထဲပလူပျံနေတာမှတ်မိတယ်။ ငယ်ငယ်ကပြည်ထောင်စုနေ့ပြခန်းရှိတဲ့ကျိက္ကဆံကွင်းမှာစစ်ရဟတ်ယာဉ်ဆင်းတယ်လူကြီးတွေပြောသံ ကြားဖူးတယ်။  ၈၈၈၈ အရေးတော်ပုံကာလမြောက်ဥက္ကလာဘက်မှာရဟတ်ယာဉ်တွေဝဲနေတာရန်ကင်းကနေမြင်ရတယ်။ညနေစောင်း  ဆရာအတတ်သင် (ပညာရေးကောလိပ်)ခေါင်းမိုးဘက်ကိုကြည့်လိုက်ရင်ရဟတ်ယာဉ်မီးနီပျပျလေးကိုတွေ့ရတယ်။အဲ့နားပတ်လည်ဝဲနေတာ။ရပ်ကွက်ထဲမှာ စစ်တပ်စိတ်တစိတ်ပိတ်မိနေတယ်လအချို့ပြောခဲ့ကြတယ်။ ရဟတ်ယာဉ်ဆင်းဖို့သတ်မှတ်ထားတဲ့နေရာကို Helipad ခေါ်တယ်။ပျံသန်းလာတဲ့ရဟတ်ယာဉ်မြင်သာအောင်ထင်ရှားတဲ့အမှတ်အသားပြုလုပ

Blogger

 Fcebook အကောင့်ပိတ်ခံရတော့အရမ်းစိတ်ဓါတ်ကျသွားတယ်။ Follower (ကိုယ့်ပို့စ်ကို New Feeds မှာအမြဲမြင်နေရသူ) အယောက် ၁၇၀၀၀ ကျော်နဲ့ကိုယ့်ပို့စ်ဆီရောက်လာသူလူပေါင်း (Reach) ၂ သန်း ၃ သိန်းကျော်ဆိုတော့ပိတ်ခံရတဲ့အကောင့်ကိုအတော်နှမြောမိတယ်။ နာမည်ကျော်စာရေးဆရာဗြိတိသျှကိုကိုမောင်ပိတ်ခံရတဲ့ နာမည်ကြီး Page “ The Guy from Yangon “ မှာ Follower ၁ သိန်းကျော်ရှိတယ်ဆိုလို့ကိုယ့် Follower အယောက် ၁၇၀၀၀ ကျော်ဟာဘာမှပြောပလောက်တော့အရည်အတွက်မဟုတ်ဖူးကိုယ့်ဖာသာကိုယ်ရသေ့စိတ်ဖြေရတယ်။ ရန်ကင်းဂရုပ်ကမန်ဘာတယောက်ကဘယ်သူ့စွက်ဖက်မှုမှမပါပဲလွတ်လွတ်လပ်လပ်ရေးနိုင်အောင် Blogger လုပ်ပါလားအကြံပေးတော့စိတ်ဝင်စားမိတယ်။Blogger ဒေါက်ဝာာကိုကိုကြီး၊Blogger နေဖုန်းလတ်တို့ကိုကြားဖူးနေတာကြာပြီ။ Facebook လိုလူသုံးများလူမှုမီဒီယာ (Social Media) ပလက်ဖေါင်း (Platform) တခုခုကိုသုံးရင်ပလက်ဖေါင်းပိုင်ရှင်သတ်မှတ်ထားတဲ့ (ဘာမှန်းမသိတဲ့) စည်းမျဉ်းစည်းကမ်းများနဲ့ချုပ်ခြယ်အနိုင်ကျင့်ခံရတယ်။ဒါပေမယ့် Facebook ကမြန်မာနိုင်ငံမှာလူသုံးများလူမှုကွန်ယက် (Social Networks) ဖြစ်လို့သူ့ပလက်ဖေါင်းကိုသုံးချင်ရင်သူ့စည်းကမ်းအတိုင်းလိုက်နာမှရမယ်။ ကိုယ့်ဖာသာဘယ်သူ့ထိမ်း

ရေခဲမုန့်သည်

 ပြည်လမ်းအင်းလျားကန်ဘောင်မြကန်သာလမ်းလူကူးကုန်းတံတားနားမှာရေခဲမုန့်သည် ၄ - ၅ယောက်စုနေတာတွေ့တယ်။စျေးရောင်းနေတာမဟုတ်ဘူး။ကန်ဘောင်ဘက်ကတစ်ယောက်ယောက်ကိုသတိထားကြည့်နေကြတာ။ အသက် ၁၆ - ၁၇ ပတ်လည်အညာသားပုံစံလေးတွေ။တောသူတောင်သားဆိုတော့ နွမ်းပါးတဲ့ပုံစံရှိတယ်။ရိုးသားပုံပေါ်ကြတယ်။စားရိတ်စားကကြီးတဲ့ရန်ကုန်မြို့မှာဘဝတက်လမ်းလာရှာတဲ့နယ်ပေါင်းစုံကလူငယ်တွေ။ဒါပေမယ့်သူတို့မျက်လုံးတောက်ပနေကြတယ်။ ရာသီဥတုကောင်းတဲ့ညနေ ၆ နာရီဆိုအင်းလျားကန်ဘောင်မှာလူများနေပြီ။ကျွန်တော်လည်းစိတ်ဝင်စားလို့ရေခဲမုန့်သည်လေးတွေကိုမလှမ်းမကမ်းကစောင့်ကြည့်နေလိုက်တယ်။ရေခဲမုန့်ဝယ်စားမယ့်သူမဟုတ်မှန်းသိလို့သူတို့အုပ်စုကကိုယ့်ကိုစိတ်မဝင်စားဘူး။ ခဏအကြာသရက်သီးစိတ်ဗန်းခေါင်းပေါ်တင်ထားတဲ့ကလေးမတယောက်ခပ်သွက်သွက်လူကူးတံတားဘက်လျှောက်လာတယ်။ ရေခဲမုန့်သည်လေးတွေအနားမှာမသိမသာခေါင်းဆပ်ပြတိုးတိုးပြောပြီးပြန်လှည့်သွားတယ်။ ချက်ခြင်းပဲရေခဲမုန့်သည်လေး‌တွေသူတို့ရေခဲမုန့်ပုံးလွယ်ပြီးကန်ဘောင်ပေါ်ကိုခပ်သွက်သွက်အပြေးတပိုင်းတက်ကြတယ်။ရေခဲမုန့်ပုံးကိုစလွယ်သိုင်းကိုယ်ရှေ့ကိုင်းကန်ဘောင်ပေါ်မျော်လင့်ချက်အပြည့်နဲ့တက်သွားကြတယ်။အင်းလျားကန်ဘောင်ကသူတို့ကိုစျေးရောင်းခွင့်ပေးလိုက်လိ

လူမျိုးခြားဝန်ကြီးချုပ်

 အင်္ဂလန်ဝန်ကြီးချုပ်ကကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဆုနက် (Mr.Rishi Sunak) ပါ။သူကအိန္ဒိယနွယ်ဖွားဗြိတိန်နိုင်ငံရေးသမားပါ။အင်္ဂလန်ရွှေ့ပြောင်းအခြေချအိန္ဒိယမိသားတခုမှဆုနက်ကိုမွေးဖွားခဲ့တယ်။ ၁၉၈၀ မွေးဖွားခဲ့လို့အသက် (၄၃) ပဲရှိသေးတယ်။ဆုနက်ဟာ Chancellor of the Exchequer ခေါ်တဲ့ဗြိတိန်အစိုးရဝါရင့်ဝန်ကြီးဖြစ်ခဲ့ဖူးတယ်။ဒါ့အပြင်ဗြိတိန်အစိုးရဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်ခဲ့တယ်။ ဥရောပသမဂ္ဂကအင်္ဂလန်နူတ်ထွက်ပြီးနောက်အကြီးမားဆုံးဘဏ္ဍာရေးပြဿနာရင်ဆိုင်နေရတဲ့ကာလအတွင်းလူမျိုးခြား "ဆုနက်" အင်္ဂလန်ဝန်ကြီးချုပ်ဖြစ်နေတာပါ။လောင်ဈေးနူန်းမြင့်တက်မှုနဲ့စီးပွားရေးကျဆင်းမှုနဲ့အခွန်လျှော့ချဖြတ်တောက်မှုဒဏ်အင်္ဂလန်အလူးအလဲခံနေရတဲ့အချိန်ဖြစ်ပါတယ်။ "ဆုနက်" ဟာ (၇) ပတ်အတွင်းအင်္ဂလန်မှာတတိယမြောက်ဝန်ကြီးချုပ်ဖြစ်ခဲ့တာပါ။သူဟာဗြိတိန်ရာဇဝင်မှာနှစ်ပေါင်းနှစ်ရာအတွင်းအသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်တဲ့အပြင်လူဖြူအင်္ဂလိပ်များရဲ့အကြီးအမှူးလူမျိုးခြားဟိန္ဒူကဝန်ကြီးချုပ်ဖြစ်လာတာပါ။ကွန်ဆာဗေးတစ်ပါတီဝင်ဆုနက်ဟာ ၂၀၁၅ ခုနှစ်အင်္ဂလန်ပါလီမန်ရောက်လာပြီး ၂၀၂၂ မှာ အင်္ဂလန်ဝန်ကြီးချုပ်ဖြစ်လာတာပါ။ ဝန်ကြီးချုပ်ဆုနက်အမျိုးသမီးမူတီး (Akshata

တိမ်တမန်

 မိုးရာသီကိုတိတိပပရည်ညွှန်းစပ်ဆိုထားတဲ့ဂန္တဝင်သီချင်းတပုဒ်ဆိုရင် “ တိမ်တမန်” ကိုပြေးမြင်မိတယ်။စန္ဒယား(ဦး)လှထွဋ်ရဲ့ခန့်ညားတဲ့အသံဩဩကြီးကိုနူးညံ့တဲ့စန္ဒယားသံနဲ့စည်းချက်ကျကျပေါင်းစပ်ထားတာပါ။ “ တိမ်တမန်” သီချင်းကို(ဦး)မောင်မောင်လတ်(နောင်)ရေးဖွဲ့ပြီးစန္ဒယားလှထွဋ်သီဆိုခဲ့တယ်။နှစ်စဉ်မိုးရာသီရောက်ရင်မြန်မာ့အသံရေဒီယိုကကြားနေကျသီချင်းတပုဒ်ပါ။ ……………………………. မှိုင်းပြာမှုံဝေတိမ်မဲညိုရိပ်တွေ…….. တောင်ပြန်လေ..တပ်လှန့်ကာနိူး… နိူးထလာပြီးလေ…တရွေ့ရွေ့လာချေပြီလေ…ပင်လယ်ဖြတ်သန်း…ရိုးမအပေါ်လွှားကျော်ကာလေ… …………………. အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကရေခိုးရေငွေ့နဲ့ပြည့်လျှံနေတဲ့တိမ်ဆိုင်တိမ်ညိုခဲကြီးဟာအနောက်တောင်လေနဲ့အတူဘင်္ဂလားပင်လယ်အော်နဲ့ရခိုင်ရိုးမကိုလေဟုန်စီးဖြတ်ကျော်ပြီးမြန်မာနိုင်ငံထဲကိုဝင်ရောက်လာတာတင်စားရေးဖွဲ့ထားတာ။အနောက်တောင်လေနဲ့ပါလာတဲ့  ဒီရေခိုးရေငွေ့ကြောင့်မြန်မာနိုင်ငံအပါအဝင်အာရှတိုက်တောင်ပိုင်းမှာမိုးရာသီဖြစ်ပေါ်လာ‌စေပါတယ်။ တေးသီချင်းအများစုဟာချစ်မေတ္တာကိုဖွဲ့ဆိုထားတဲ့သီချင်းများပါတယ်။ “ တိမ်တမန် ” သီချင်းကချစ်တာတွေမေတ္တာတွေလုံးဝမပါပဲမိုးဦးရာသီကိုသီးသန့်ရည်စူးရေးစပ်

မိုးသက်လေနှင်

 မိုးရာသီကိုဖွဲ့ဆိုထားတဲ့သီချင်းပေါင်းများစွာရှိပါတယ်။ကျနော်တို့မှီသမျှဆိုရင်လွှမ်းမိုးရဲ့မိုးစက်တင်လေ၊ကိုင်ဇာရဲ့မနိူးပါစေနဲ့မိုးရယ်နဲ့ ဂျေညီညီရဲ့ဒီမိုးသီချင်းတို့နာမည်ကြီးကြတယ်။ ငယ်ငယ်တုန်းကမိုးတွင်းရောက်ရင်ရေဒီယိုကမိုးနဲ့ပတ်သက်တဲ့သီချင်းတွေကိုပုံမှန်လွှင့်ပေးလေ့ရှိတယ်။အခုတော့မသိဘူး။မှတ်မှတ်ရရဖြစ်မိတာကစန္ဒယားလှထွဋ် “ တိမ်တမန်” နဲ့  မောင်မောင်ညွန့် “မိုးသက်လေနှင်” နှစ်ပုဒ်ကိုကောင်းကောင်းခံစားမိတယ်။  တကယ်တော့ “ မိုးသက်လေနှင်” သီချင်းဟာကျနော်တို့မိဘတွေခေတ်ကတည်းကအသည်းစွဲသီချင်းတစ်ပုဒ်ပါ။သီချင်းစာသားထဲမှာလည်းမိုးဦးရနံ့နဲ့အတူအနောက်တောင်ဘက်ကတိုက်ခတ်လာတဲ့လေပြေညှင်းလေးကိုပါခံစားရသလိုဖြစ်လာတယ်။  ကျနော်ဥာဏ်မှီသလောက် “ မိုးသက်လေနှင်” သီချင်းဟာဗမာအရမ်းဆန်ပြီးသီချင်းစာသားရေးဖွဲ့မှုနဲ့သံစဉ်ပိုင်းမှာကျေးလက်ရိုးရာဟန်နဲ့အလွမ်းမိုးငွေ့လွှမ်းခြုံနေပါတယ်။သီချင်းစာသားကိုခံစားကြည့်နိုင်တယ်။မိုးရွာကာနီးဖတ်ကြည့်ရင်ပိုခံစားလို့ရတယ်။ ……………………. အနောက်တောင်ဆီကရွာမည်ဟန်ပြင်….မိုးသက်လေနှင်မုန်တိုင်းပင့်လျှင်……စစ်မျက်နာဖွင့်တိမ်ခိုးလွှင့်ကာနှင်……မှိုင်းမှိုင်းရိပ်မှောင်စွန်တောင်မင်…ပြိုမှာလေလားမိုးရဲ့စိုးအောင်ခုပင်…

7th July ရန်ကုန်တက္ကသိုလ်

 ဦးလေးတယောက်လမ်းလျှောက်ရင်ထော့နှဲ့ထော့နှဲ့နဲ့။သူ့ညာဘက်ခြေသလုံးမှာကျစ်ခဲခဲကြီးဖြစ်နေတယ်။မေးကြည့်တော့သေနတ်မှန်တာတဲ့။နောက်အဖေ့မေးကြည့်တော့မှသိတယ်။ဦးလေးကတက္ကသိုလ်တက်တုံးကကျောင်းထဲကအဆောင်မှာနေခဲ့တာ။အင်းဝလားပင်းယလားမေ့နေပြီ။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့မဆလဗိုလ်နေဝင်းစစ်တပ်ကျောင်းဝင်းထဲဝင်ပစ်လို့မန္တလေးဆောင်ရှေ့မှာဦးလေး ညာခြေသလုံးကျည်ဆံမှန်ထားတဲ့ဒဏ်ရာပါ။ဦးလေးလည်းဆုံးသွားတာကြာပါပြီ။ဒီနေ့ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲစစ်တပ်သေနတ်နဲ့ဝင်ပစ်တဲ့  7th July နှစ်ပတ်လည်နေ့ပါ။ ၁၉၆၂ မတ်လ ၂ ရက်နေ့မဆလစစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းပိုက်ခဲ့တယ်။ရန်ကုန်တက္ကသိုလ်စည်းမျဉ်းစည်းကမ်းတင်းကြပ်ပြီးတက္ကသိုလ်ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ကိုစစ်အစိုးရအဆုံးသတ်လိုက်တာတက္ကသိုလ်ကျောင်းသားများအုံကြွဖို့ဖြစ်ပေါ်လာတဲ့နောက်ခံအကြောင်းတခုပါ။ အာဏာရှင်ဗိုလ်နေဝင်းခေါင်းဆောင်တဲ့စစ်တပ်ကဒီမိုကရေစီနုနုမြန်မာနိုင်ငံတော်ကိုအာဏာသိမ်းလိုက်တာကြောင့်ရန်ကုန်တက္ကသိုလ်ကျောင်းသားများဦးဆောင်ပြီးတပြည်လုံးကကျောင်းသားတွေငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြခဲ့ကြတာပါ။ ဒါကြောင့် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ - ၈ နှစ်ရက်ရန်ကုန်တက္ကသိုလ်ကျောင်းသား ၂၀၀ ကျော်စစ်အစိုးရကိုဆန္ဒ

သေနတ်ကိုင်ဆောင်ခွင့်

 ၁၉၈၈ စစ်အာဏာသိမ်းတုံးကကျွန်တော့်အဖေပြောတာမှတ်မိတယ်။လူတိုင်းလက်ထဲသေနတ်တရားဝင်ရှိနေရင်စစ်တပ်တိုင်းအာဏာသိမ်းဖို့လွယ်လွယ်မစဉ်းစားဘူးတဲ့။ဘာလို့ဆိုတော့လူတိုင်းကသေနတ်နဲ့ကိုယ့်ကိုယ်ကိုယ်ကာကွယ်ကြတော့မှာတဲ့။ သေနတ်နောက်ခံရှိတဲ့စစ်ဗိုလ် (Fighting forces) နဲ့သေနတ်နောက်ခံမရှိတဲ့စစ်ဗိုလ်အနေအထားခြင်းမတူညီနိုင်ဘူးဆိုတာသမိုင်းမှာအများကြီးသက်သေပြခဲ့တယ်။ NRA (National Rifle Association) ဟာအမေရိကားမှာ ဩဇာပြည့်စုံတဲ့အသင်းကြီးဖြစ်တယ်။အမေရိကန်သမ္မတအဆက်ဆက်ဟာ NRA အရှိန်အဝါကိုမလွန်ဆန်နိုင်ကြဘူး။အမေရိကန်ခြေဥဒုတိယပြင်ဆင်ချက်အရမိမိကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်အတွက်အမေရိကားမှာလူတိုင်းသေနတ်ကိုင်ဆောင်ခွင့်ပေးထားတယ်။ဘယ်လိုသေနတ်မျိုးဖြစ်ရမယ်သတ်မှတ်ချက်ရှိတယ်။ အမေရိကန်တက္ကဆက်မူလတန်းကျောင်းပစ်ခတ်မှုဖြစ်ပြီးအမေရိကားမှာလူတိုင်းသေနတ်ကိုင်ဆောင်ခွင့်ဥပဒေကိုပြန်မျက်စောင်းထိုးလာကြတယ်။ဒါကြောင့် NRA ကမိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်အတွက်သေနတ်ကိုင်တာပြဿနာမဟုတ်ဘူးငြင်းဆိုခဲ့တယ်။NRA ဟာအမေရိကန်ခြေဥဒုတိယပြင်ဆင်ချက်ကိုအသေအလဲကာကွယ်နေတဲ့အမေရီးကားမှာဩဇာကြီးအဖွဲ့ ဖြစ်တယ်။ Semi Auto မောင်းပြန်ရိုင်ဖယ်သေနတ်ကို Fully Auto မောင်းပြန်ရိုင်ဖယ်သ

လေယာဉ်ပျံစစီးဖူးခြင်း

 ပထမဆုံးလေယာဉ်စစီးဘူးတာ ရန်ကုန် - မန္တလေးခရီးစဉ်ပါ။ပြေးလမ်းပေါ်လေယာဉ်အရှိန်နဲ့ပြေးနေတော့လက်ကိုပေါင်ပေါ်တင်ပြီးငြိမ်ကုပ်ထိုင်နေခဲ့တယ်။Safety Belt တတ်နေကြမဟုတ်တော့လူကမအီမသာဖြစ်နေတယ်။ ဘေးမှန်ကနေကြည့်လိုက်ရင်လေယာဉ်ပြေးလမ်းတရိပ်ရိပ်ကျန်ခဲ့တယ်။လေယာဉ်ဘီးပြေးလမ်းပေါ်အရှိန်နဲ့ပြေးနေသံကြားရတယ်။ထိုင်ခုံပြုတင်းပေါက်က တောင်ပံနားဖြစ်တော့လေယာဉ်ပန်ကာအရှိန်နဲ့လည်နေတာတွေ့ရတယ်။အဝေးကအဆောက်အဦးတဖြည်းဖြည်းနဲ့ဝေးပြီးကျန်ခဲ့တယ်။ Air Mandalay  ATR Turbo-Prop လေယာဉ်ကအရှိန်တင်ထားတော့စက်သံဆူညံပြီးလေယာဉ်ကခါနေတယ်။ခဏနေငြိမ့်ကနဲဖြစ်သွားပြီးအသံအကုန်တိတ်သွားတယ်။လေယာဉ်စက်သံခပ်တိုးတိုးပဲကြားရတော့တယ်။ပြေးလမ်းပေါ်ကနေလေထဲကိုလေယာဉ်ဖြည်းဖြည်းခြင်းထောင်တက်သွားတာသတိထားမိလိုက်တယ်။သံဗုဒ္ဓေဂါတာကိုရွတ်ပြီးစိတ်ကိုတည်ငြိမ်အောင်ထိမ်းထားရတယ်။ဘေးလူတွေကိုကြည့်လိုက်တော့အကုန်ငြိမ်ငြိမ်သက်သက်ပဲ။ ကမ္ဘာ့အဝေးဆုံးမိုင်ပေါင်း ၉၀၃၁ (၁၄၅၃၅ ကီလိုမိတာ)ရှိတဲ့  ကူးသန်းသွားလာရေးလေယာဉ်ပျံသန်းမှုကို ကာတာလေကြောင်းကဒိုဟာ(ကာတာ)နဲ့အိုဒက်ဆေး(နယူးဇီလန်) ကိုပျံသန်းပြီးမှတ်တမ်းသစ်တင်ခဲ့ဖူးတယ်။ အချိန်ဇုန် ၁၀ ခု ကိုဖြတ်ကျော်ပြီး Boeing 777-200LR  နဲ့လေယာဉ်ခရီးစဉ် Q

ဂျီဘရော်လတာရေလက်ကြား

 ဗြိတိန်ထိမ်းချုပ်မှုထဲကအဓိကအရေးကြီးဆုံးဖြစ်တဲ့ Gibraltar ရေလက်ကြားကကမ္ဘာ့ရေးရာမှာ အထိမခံရွှေပုဂံ‌နေရာတခုဖြစ်ပါတယ်။ ရေလက်ကြား (Strait) ဆိုတာအရေးပါတဲ့ ရေလမ်းကျဉ်းတခုပါ၊ကမ္ဘာ့ဘယ်နေရာမှာမဆိုရေလက်ကြားကိုသက်ဆိုင်ရာနိုင်ငံကအသည်းအသန်ကာကွယ်စောင့်ရှောက်ကြတယ်။ပိုင်ဆိုင်မှုနဲ့ပတ်သက်ရင်လုံးဝအထိမခံကြဘူး။ မြန်မာနိုင်ငံအနီးဆုံးရေလက်ကြားကမလက္ကာ ရေလက်ကြား(Strait of Malacca) ပါ။စင်္ကာပူ၊မလေးရှား နဲ့အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ထိမ်းချုပ်မှုအောက်မှာရှိတယ်။  မြေထဲပင်လယ်နဲ့အတ္တလန်တစ်သမုဒ္ဒရာဆက်သွယ်ထားပြီးကမ္ဘာ့မဟာဗျုဟာအကျဆုံးကျဉ်းမြောင်းတဲ့ရေလက်ကြားကို ဂျီဘရော်လတာ (Gibraltar)ရေလက်ကြားခေါ်တယ်။ ၁၇၁၃ စပိန်နဲ့ အင်္ဂလိပ်စစ်ဖြစ်ပြီးနောက်ပိုင်း Gibraltar ကိုဗြိတိန်ဘုရင်မကြီးသရဖူကိုလိုနီအဖြစ်အင်္ဂလိပ်ကအပြီးသိမ်းပိုက်နိုင်ခဲ့တယ်။၁၉၇၃ ခုနှစ်ဥရောပအသိုင်းအဝန်းကို အင်္ဂလိပ်ပြန်ဝင်လာပြီးနောက်ပိုင်း Gibraltar ဒေသကိုအင်္ဂလိပ်ပင်လယ်ရပ်ခြားပိုင်နက်နယ်မြေအဖြစ် ၂၀၀၂ ခုနှစ်မှာကုလကအဆင့်အတန်းသတ်မှတ်ပေးခဲ့တယ်။ ပင်လယ်ထဲတိုးထွက်နေတဲ့ကျွန်းဆွယ်လေးပေါ်မှာရှိတဲ့ ၂.၆ စတုရမ်းမိုင်ကျယ်တဲ့Gibraltar မှာလူဦးရေ ၃၃၀၀၀ ကျော်ပဲရှိပြီး အင်္ဂလိပ်အစ