ကြက်ဥ

 ဟိုးအရင်‌ခေတ်သုံးကားပေါင်းမိုးအလင်းရုပ်ရှင်နဲ့ဘောလုံးပွဲမှာကြက်ဥပြုတ်သည်တွေ့ရတတ်တယ်။တလုံးတမတ်၊နောက်သုံးလုံးတကျပ်။ကြက်ဥပြုတ်ကိုကြိမ်ခြင်းတောင်းကြီးထဲထည့်ပြီးလှည့်ရောင်းနေတာ။ဆားဗူးကြီးပါတယ်။ရောင်းတာအညာသားပုံစံများတယ်။


မြို့ပတ်ရထားစီးရင်ကြက်ဥပြုတ်သည်တွေ့ရတတ်တယ်။အခုနောက်ပိုင်းကြက်ဥပြုတ်အစားငုံးဥပြုတ်သည်ပိုများလာတယ်။ပူပူနွေးနွေးကြက်ဥပြတ်ကိုအခွံခွါဆားနဲ့တို့စားရတာအဆာပြေစေတယ်။အရင်လဖက်ရည်ဆိုင်ထိုင်ရင်တခါတ‌လေကြက်ဥဟတ်ဘ္ဘိုင်စားတယ်။


ကြက်ဥကိုမကျက်တကျက်ပြုတ်ဆားနည်းနည်းထည့်ပြီးမွှေသောက်တာပါ။ချက်ခြင်းအားပြန်ပြည့်သလိုခံစားရတယ်။အိပ်ရေးပျက်နေရင်သောက်သင့်တယ်။ဟင်းအဆင်မပြေရင်ထမင်းပူပူကိုဆီစိမ်းနည်းနည်းဆမ်းပြီးကြက်ဥပြုတ်ငပိထောင်းလေးနဲ့စားရင်ထမင်းမြိန်စေတယ်။


ကြက်ဥပြုတ်တစ်လုံးမှာ ၁၅၅ ကယ်လိုရီဗိုက်တာမင် D, B-12, ကယ်ဆီယမ်ဓါတ်နဲ့ပရိုတိန်းဓါတ်ပါတယ်။ကြက်ဥပြုတ်ပုံမှန်စားရင်မျက်စိကိုအားရှိစေပြီးအရိုးသန်မာစေတယ်။ဒါပေမယ့်ကြက်ဥပြုတ်ကိုအမြဲတမ်းစားရင်ကိုလက်စထရောနဲ့အဆီဓါတ်ရှိသင့်တာထက်ပိုများစေတယ်။


ကြက်ဥပြုတ်ကြောင့်သွေးထဲကိုလက်စထရောကိုမြင့်တက်ပြီးနှလုံးအန္တရယ်ရှိတယ်။ကြက်ဥပြုတ်ကြောင့်ကယ်လိုရီဓါတ်များပြီးခန္ဓာကိုယ်ဝိတ်တက်နိုင်စေတယ်။


ကြက်ဥနဲ့ပတ်သက်ပြီးလဖက်ရည်ဆိုင်မွေးစားလိုက်တဲ့အင်္ဂလိပ်စကားကဟတ်ဘွိုင်လ် (Half- Boiled) နဲ့ဟတ်ဖရိုက် (Half-Fried) ပါ။CP ကြက်ဥတစ်ကဒ်တော်တော်နဲ့စားမကုန်ပေမယ့်အဆာပြေပြုတ်စားလို့ရတယ်။

လွင်ဦး(ရန်ကင်း)

Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.