ဖေ့စ်ဘွခ်ပြန်ဖွင့်ပေးခြင်း

 ဇွန် (၂၇) မနက် Facebook Team ဆီက Email ဝင်လာတယ်။ကျွန်တော်ကသူတို့သတ်မှတ်ထားတဲ့လူအဖွဲ့အစည်းဆိုင်ရာစံချိန်စံညွှန်းများဖေါ်ဖျက်တဲ့အတွက်ကျွန်တော့်ကိုရာသက်ပန် Faceboook သုံးခွင့်မပြုတော့ဘူးဆိုတဲ့အကြောင်းကြားစာပါ။


Facebook အသုံးပြုခွင့်ပိတ်ပင်ခံရတာနာရီပေါင်းဘယ်လောက်၊ရက်ပေါင်းဘယ်လောက်မဟုတ်ဘူး။ "ရာသက်ပန်" ဆိုတော့အတော်တုန်လှုပ်မိတယ်။တုန်လှုပ်မိတယ်ဆိုတာကျွန်‌တော်က FB ကိုတန်ဘိုးရှိအောင်သုံး‌ နေလို့ပါ။အဲ့တော့ကျွန်တော်လုပ်စရာတခုက Facebook ပြန်အသုံးပြုခွင့်ပေးဖို့အသနားခံစာရေးတင်ဖို့ပဲဖြစ်တယ်။အသနားခံစာသုံးစောင်ရေးတင်ခဲ့ရတယ်။


လူ့အဖွဲ့အစည်းဆိုင်ရာစံချိန်စံညွှန်းဘာတခုမှမချိုးဖေါက်ဖူး။အများအားဖြင့်ကျွန်တော့်ပို့စ်များဟာသုတ၊ရသအခြေခံပို့စ်များဖြစ်တယ်။အများအားဖြင့်ကျွန်တော့်ငယ်ဘဝ၊မိဘနဲ့မိသားစုအမှတ်တရဖြစ်စရာများနဲ့မြန်မာ့သမိုင်းနဲ့ပတ်သက်တဲ့ကျွန်တော့်အမြင်ပို့စ်များဖြစ်တယ်ဆိုတာပထမစာမှာရှင်းပြခဲ့တယ်။ဒါပေမယ့် Facebook ဆီကဘာတုန့်ပြန်ချက်မှမရခဲ့ဘူး။


ကျွန်တော်ဒုတိယမြောက်အသနားခံစာဆက်ပို့ခဲ့တယ်။ကျွန်တော်ကိုပေးမသုံးတော့ဘူးဆုံးဖြတ်ထားတာပြန်စဉ်းစားပေးပါ။ကျွန်တော်ဆယ်နှစ်ကျော် Facebook သုံးလာတဲ့တလျှောက်မှာသတ်မှတ်ထားတဲ့စံချိန်စံညွှန်းကိုတခါမှချိုးဖေါက်ခဲ့ခြင်းမရှိပါ။


အရင်တခါတင်ပြခဲ့သလိုကျွန်တော့်ပို့စ်အများစုဟာကျွန်တော့်ငယ်ဘဝအမှတ်တရများနဲ့မိဘမေတ္တာနဲ့မိသားစုဘဝတလျောက်လုံးအတွက်ဖြတ်သန်းခဲ့တာကို Facebook ကိုဒိုင်ယာရီစာအုပ်တအုပ်လိုတန်ဘိုးထားအသုံးပြုခဲ့တာပါ။


မှားယွင်းတဲ့စီရင်သုံးသပ်ချက်ကြောင့်ကျွန်တော်နစ်နာခဲ့ရပါတယ်။ဒါကြောင့်ကျွန်တော့် Facebook Account ပြန်ပေးပါရှင်းပြခဲ့တယ်။ကံအားလျှော်စွာကျွန်တော့် Email ကို Facebook ကလက်ခံနေသေးတယ်။ မ Block ထားဘူး။ဒါလည်း Facebook ဆီကဘာတုန့်ပြန်ချက်မှမရလာဘူး။


ကျွန်တော်လက်မလျှော့ဘူး။ Facebook ဆီကိုအသနာခံစာနောက်ဆုံးအနေနဲ့သုံးစောင်မြောက်ရေးပို့လိုက်တယ်။အကယ်လို့သတ်မှတ်ထားတဲ့လူမှု့စံချိန်စံညွန်းကျွန်တော်ချိုးဖောက်ခဲ့သည်တိုင်အောင်မှမတော်တဆဖြစ်သွားတာနေမှာကျွန်တော်ကျိန်ပြောရဲတယ်ရှင်းပြခဲ့တယ်။


ကျွန်တော် Facebook သတ်မှတ်ထားတဲ့လူမှုစံချိန်စံညွှန်းတခုမှာမဖေါက်ဖျက်ခဲ့ဖူးပြောပြခဲ့တယ်။စာနဲ့အတူကျွန်တော့်နိုင်ငံသားကဒ်နဲ့ Passport ကိုစကန်ဖတ်ပူးတွဲပေးပို့ခဲ့တယ်။


Facebook ရာသန်ပန်ပိတ်ပြီး (၁၃) ရက်မြောက်နေ့မှာကျွန်တော့် ဖဘအကောင့် "တဆင့်ခြင်း" ပြန်ရခဲ့တယ်။တဆင့်ခြင်းဆိုတာပို့စ်အဟောင်းပြန်ရှာတွေ့လာတယ်။ Search Box မှာ Link နဲ့ပြန်ရှာလို့ရလာတယ်။


နောက်ဆုံးကြမှကျွန်တော့် Email နဲ့ဖုန်းနံပတ်ကိုထပ်အတည်ပြုခိုင်းပြီး Password အသစ်ပြောင်းခိုင်းလိုက်တယ်။Verfication Code ကိုကျွန်တော့် Email နဲ့ဖုန်းဆီပို့ပြီးအတည်ပြုချက်ယူတယ်။Password အသစ်ပြောင်းပြီးတာနဲ့ကျွန်တော်အကောင့်ကျွန်တော်ပြန်ပိုင်ဆိုင်သွားပါပြီ။

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.