Blogger

 Fcebook အကောင့်ပိတ်ခံရတော့အရမ်းစိတ်ဓါတ်ကျသွားတယ်။ Follower (ကိုယ့်ပို့စ်ကို New Feeds မှာအမြဲမြင်နေရသူ) အယောက် ၁၇၀၀၀ ကျော်နဲ့ကိုယ့်ပို့စ်ဆီရောက်လာသူလူပေါင်း (Reach) ၂ သန်း ၃ သိန်းကျော်ဆိုတော့ပိတ်ခံရတဲ့အကောင့်ကိုအတော်နှမြောမိတယ်။


နာမည်ကျော်စာရေးဆရာဗြိတိသျှကိုကိုမောင်ပိတ်ခံရတဲ့ နာမည်ကြီး Page “ The Guy from Yangon “ မှာ Follower ၁ သိန်းကျော်ရှိတယ်ဆိုလို့ကိုယ့် Follower အယောက် ၁၇၀၀၀ ကျော်ဟာဘာမှပြောပလောက်တော့အရည်အတွက်မဟုတ်ဖူးကိုယ့်ဖာသာကိုယ်ရသေ့စိတ်ဖြေရတယ်။


ရန်ကင်းဂရုပ်ကမန်ဘာတယောက်ကဘယ်သူ့စွက်ဖက်မှုမှမပါပဲလွတ်လွတ်လပ်လပ်ရေးနိုင်အောင် Blogger လုပ်ပါလားအကြံပေးတော့စိတ်ဝင်စားမိတယ်။Blogger ဒေါက်ဝာာကိုကိုကြီး၊Blogger နေဖုန်းလတ်တို့ကိုကြားဖူးနေတာကြာပြီ။


Facebook လိုလူသုံးများလူမှုမီဒီယာ (Social Media) ပလက်ဖေါင်း (Platform) တခုခုကိုသုံးရင်ပလက်ဖေါင်းပိုင်ရှင်သတ်မှတ်ထားတဲ့ (ဘာမှန်းမသိတဲ့) စည်းမျဉ်းစည်းကမ်းများနဲ့ချုပ်ခြယ်အနိုင်ကျင့်ခံရတယ်။ဒါပေမယ့် Facebook ကမြန်မာနိုင်ငံမှာလူသုံးများလူမှုကွန်ယက် (Social Networks) ဖြစ်လို့သူ့ပလက်ဖေါင်းကိုသုံးချင်ရင်သူ့စည်းကမ်းအတိုင်းလိုက်နာမှရမယ်။


ကိုယ့်ဖာသာဘယ်သူ့ထိမ်းချုပ်ချယ်လှယ်မှုမရှိတဲ့ Blogger လုပ်ရင်လည်းကိုယ့်စာစိတ်ဝင်စားသူဖတ်သူရှိအုံးမှရေးရတာအဓိပ္ပါယ်ရှိမှာလေ။Blogger ဆိုတာလွတ်လွတ်လပ်လပ်စာရေးသူပါ။ Free publishing Platform ခေါ်ပါတယ်။


ဒီလိုလွတ်လွတ်လပ်လပ်ရေးနိုင်အောင် Blogspot လိုအခမဲ့ ISP (အင်တာနက်ဝန်ဆောင်မှုထောက်ပံ့ပေးသည့်အဖွဲ့အစည်း) တခုလိုအပ်တယ်။ကိုယ့်ကွန်ပြူတာထဲမှာကိုယ်ရေးချင်တာကိုရေး၊တင်ချင်တာတင်၊ပြင်ဆင်တည်းဖြတ်နောက်ခံ Lay out ဒီဇိုင်းကိုယ့်စိတ်ကြိုက်ဖန်တီးနိုင်တယ်။ Blogger ဟာကိုယ့် Website ကိုယ်တိုင်ထိမ်းသိမ်းစောင့်ရှောက်ရတယ်။ 


Blogger ရေးချင်ပြောချင်တာကိုဘယ်သူမှဘယ်အဖွဲ့စည်းမှဘာစည်းကမ်းနဲ့မှချုပ်ကိုင်လို့မရဘူး။ Blogging ဆိုတာဥပမာ ဆောင်းပါးတပုဒ်ဓါတ်ပုံတပုံကိုကိုယ့်ဖာသာ Online ပေါ်တင်တာ။ Blogging မှာ Facebook လို “ လူအဖွဲ့အစည်းဆိုင်ရာစံချိန်စံညွှန်းသတ်မှတ်ချက် “ ဘာညာကွိကွမရှိဘူး။


Facebook မှာလိုကိုယ်တင်သမျှအမြဲစောင့်ကြည့်ပြီးစည်းကမ်းနဲ့ညီမညီစရစ်မယ့် Facebook Team လိုအဖွဲ့မရှိဘူး။ကိုယ်ကြိုက်တာကိုယ်ရေး။ကိုယ်ရေးတာကိုယ့်သမိုင်း၊ကိုယ့်တာဝန်။ကိုယ်ဖြစ်ကိုယ်ခံ။ရေးချင်တာရေး။ ISP (အင်တာနက်ဆားဗစ်ထောက်ပံ့ပေးသူ) ဘာမှဝင်မပြောဘူး။ဘာမှကန့်သတ်ချုပ်ခြယ်မထားဘူး။


Blog ဆိုတာ Webiste ဒါမှမဟုတ် Page တခုပဲ။ Facebook မှာ Post သဘောမျိုးကို Blogger တယောက်ဖန်တီးရေးသားလိုက်တဲ့ဆောင်းပါး၊စာစီစာကုံးတခုကို Blog ခေါ်တယ်။Blogspot . com , Wordpress . com လိုအခကြေးငွေမပေးရတဲ့ Website အများကြီးရှိတယ်။ ဒီ Website မှာ Sign in လုပ်ပြီးကိုယ်ရေးချင်တဲ့အကြောင်းအရာကိုရေးသားနိုင်တယ်။ အဓိကအားဖြင့် Food Blogger, Travel Blogger, Sport blogger , Lifestyle Blogger, Health & fitness Blogger များနာမည်ရကြတယ်။ 


ကမ္ဘာ့နာမည်အကြီးဆုံး Blogger အမျိုးအစားက Food Blogger ဖြစ်ပါတယ်။ Facebook အကောင့်လေးငါးခုဖွင့်ထားသလိုလူတယောက်ဟာ Blogger လေးငါးယောက်တပြိုင်နက်ထဲလုပ်နိုင်တယ်။လူဖတ်များ (Followers) များတဲ့ Blogger ဟာသူ့ Website မှာကြော်ငြာလက်ခံရင်းအခကြေးငွေရယူနိုင်တယ်။ 


အောင်မြင်ကျော်ကြားတဲ့ Blogger များဟာ Facebook မှာ Followers များသလိုပဲလူမှုကွန်ယက်မှာဩဇာအာဏာအထိုက်အလျောက်ရှိကြတယ်။အောင်မြင်တဲ့ Facebook Account , Blogger ကို Social Influencers ခေါ်တယ်။သူတို့တင်သမျှ Post, Blog ဟာလူအဖွဲ့အစည်းကိုလွှမ်းမိုးထားနိုင်‌တယ်။ 


စာရေးဝါသနာပါသူဟာ Blogger ဖြစ်နိုင်ပြီးစာရေးခြင်းဖြင့်အသက်မွေးဝမ်းကြောင်းပြုနိုင်တယ်။အခကြေးငွေရယူပြီး Facebook မှာပို့စ်တင်ပေးသူ (ကြော်ငြာပေးသူ) ကို Content Writer ခေါ်သလိုအခကြေးငွေရယူပြီးကုန်ပစ္စည်းအရောင်းမြှင့်တင်ပေးတဲ့ Blogger များလည်းရှိတယ်။


ကိုယ်ရေးလိုက်တဲ့ Blog တခုကိုလူတထောင်ကြည့်ရင်အကြမ်းဖျဉ်း USD 0.2 – USD 2.5 အထိရရှိနိုင်တယ်။ Blog ဟာကိုယ့်နာမည်နဲ့ကုမ္ပဏိကိုလူသိများအောင်အခယူကြော်ငြာပေးနိုင်တယ်။အမှန်ဆို ကန့်သတ်ချုပ်ချယ်မှုများတဲ့ Facebook ဟာစာအရှည်ကြီးဆန္ဒလွတ်လပ်စွာရေးနိုင်တဲ့ Blog နဲ့လုံးဝမတူဘူး။ 


Blogger ဆိုတာကိုယ်ပိုင် Website တခုဖန်တီးလိုက်တာပါ။အခမဲ့အင်တာနက်ဝန်ဆောင်မှုထောက်ပံ့ပေးတဲ့ Wordpress မှာ Blogger ၃၈ သန်း၊ Tumblr မှာ Blogger ၅၇၆ သန်း၊ Blogspot မှာ Blogger ၅ သိန်း ၃ သောင်းနီးပါးရှိကြတယ်။


ကျွန်တော့်သမီးဆီကျွန်တော့် Blog လိပ်စာ  Messenger နဲ့ပို့တာ Messenger ပိုင်ရှင် Meta (Facebook) ကခွင့်မပြုဘူး။ ဒါနဲ့ ဖူးစတော့ (.) နေရာမှာ (ဒေါ့) ခံပို့တော့ရသွားတယ်။ lwinooyankin (ဒေါ့) blogsopt (ဒေါ့) com စာအကုန်ဆက်တိုက်ရေးရတာ။ခွါရေးလို့မရဘူး။


ရွှေမြန်မာနဲ့ဖေ့စ်ဘွခ်ကဒီတသက်ခွဲလို့ရမယ့်လက္ခဏာမရှိတော့ရန်ဖြစ်လိုက်ပြန်ချစ်လိုက်၊ပိတ်ခံရလိုက်ပွင့်ရင်ပြန်သုံးလိုက်ရှိနေမှာပဲ။စာရေးချင်ရင် Facebook မှာပုံမှန်ရေး၊တချိန်ထဲမှာ Blogger လည်းလုပ်။ 


Facebook ပိတ်ခံရလည်းကိုယ့် Post တွေပျောက်မသွားအောင်တနေရာမှာ Back Up လုပ်ထား။Blogger ကဖျက်ချဖြုတ်ချမယ့်သူမရှိတော့အင်တာနက်ရှိနေသမျှကမ္ဘာတည်သရွေ့ရှိနေလိမ့်မယ်။ ကိုယ့် Blog မှာစာဖတ်သူရှိတာမရှိတာကသပ်သပ်၊ကိုယ်ရေးထားတဲ့စာတိုပေစလေးအင်တာနက်ပေါ်မှာထာဝရရှိနေမှာကသပ်သပ်။

Source: Google

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.