လျှပ်စစ်ကုလားထိုင်

 အမေရိကန်တရားစီရင်ရေးစနစ်သေဒဏ်ငါးမျိုးထဲမှာဓါတ်လိုက်သေစေခြင်း (Electrocution)ပါတယ်။လျှပ်စစ်ကုလားထိုင်ကိုအမေရိကားမှာ ၁၈၈၈ ခုနှစ်စအသုံးပြုခဲ့တယ်။


သေဒဏ်အပြစ်ပေးခံရမယ့်အကျဉ်းသားကိုပထမအမွှေးအမျှင်ရိပ်ထားရတယ်။လျှပ်စစ်ခုခံမှုနည်းအောင်ပါ။လျှပ်စစ်ကုလားထိုင်မှာထိုင်စေပြီးသူ့ရင်ဘတ်၊ခြေထောက်၊လက်ကိုလှုပ်မရအောင်ခါးပတ်ပြားနဲ့‌သေချာတုပ်နှောင်ထားတယ်။


လျှပ်ကူးလွယ်အောင်ဆားရည်စိမ်ထားတဲ့ရေမြုပ်ကိုငယ်ထိပ်ပေါ်တင်ပြီးလျှပ်စီးလွယ်တဲ့လျှပ်ခေါင်းအဖြစ်သုံးတဲ့သံခမောက်နဲ့အကျဉ်းသားခေါင်းကိုစွပ်လိုက်တယ်။


ဆားရည်စိမ်ရေမြုပ်ကမစိုလွန်းမခြောက်လွန်းအနေအထားဖြစ်ပြီးလျှပ်ကူးပတ်လမ်းတိုဖြစ်ဖို့လွယ်အောင်လုပ်ထားတာပါ။(Electro Crème) ခေါ်တဲ့လျှပ်စီးလွယ်ဂျယ်လီတမျိုးကိုအကျဉ်းသာဆောင်းသံခမောက်နဲ့အမွေးရိတ်ထားတဲ့ခြေထောက်ပေါ်သုတ်လိမ်းထားတယ်။အကျဉ်းသားမျက်စိကိုမမြင်ရအောင်အုပ်ထားတယ်။


သတ်ဖြတ်ဖို့အကုန်လုံးစီစဉ်ပြီးရင်

အကျဉ်းသားကိုအခန်းထဲတစ်ယောက်ထဲချန်ထားခဲ့ပြီးကျန်လူအကုန်အခန်းထဲကထွက်လိုက်ကြတယ်။


လျှပ်စစ်ဗို့အား ၅၀၀ - ၁၀၀၀ ရှိတဲ့

မိန်းခလုပ်ကိုပါးကွက်သားဆွဲချလိုက်ပြီးစက္ကန့် ၃၀ ထိထားလိုက်တယ်။အကျဉ်းသားဟာပြင်းထန်တဲ့လျှပ်စစ်ဆောင့်အားကြောင့်ပျော့ခွေသွားတယ်။


သေဒဏ်ပေးတာပါဝင်တဲ့ဆရာဝန်ကအကျဉ်းသားနုလုံးခုန်လာစစ်တယ်။မခုန်တော့ရင်ပြီးပြီ။နုလုံးခုန်နေသေးရင်နောက်တစ်ခါလျှပ်စစ်လွတ်ဖို့စီစဉ်ရတယ်။မသေမခြင်းဓါတ်လိုက်သတ်ရတယ်။


ပြင်းထန်တဲ့ဓါတ်လိုက်အားကြောင့်

အကျဉ်းသားဟာထိုင်ခုံလက်ရန်းကိုအတင်းဆုပ်ကိုင်ကြောက်ရွံ့တုန်လှုပ်နေပြီးလျှပ်စစ်ဗို့ဆောင့်အားကြောင့်သူ့ခန္ဓာကိုယ်ကညှော်နံ့ထွက်လာတယ်။


မျက်လုံးပြူးထွက်လာပြီးရှုးရှုးနဲ့သွေးခန္ဓာကိုယ်ကထွက်လာတယ်။အော့အန်တယ်။တွန့်လိမ်ကောက်ကွေးပြီးမချိမဆံ့ဝေဒနာခံစားရတယ်။ပြင်းထန်တဲ့လျှပ်စစ်ဆောင့်အားကြောင့်သူ့ရင်ဘတ်မှာမီးထတောက်တတ်တယ်။ဝက်ပေါင်ခြောက်အတုံးကြီးကြော်နေကင်နေသလိုရှုးရှုးရှဲရှဲအသံနဲ့အနံ့တုန်လှုပ်ဖွယ်ကြားနေရတယ်။

Source : Google

လွင်ဦး(ရန်ကင်း) 


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.