မွန်ဂိုအင်ပါယာ

 မွန်ဂိုအင်ပါယာ( Mongol Empire )ဟာကမ္ဘာ့သမိုင်းမှာဒုတိယအကြီးဆုံးအင်ပါယာဖြစ်ခဲ့ပြီးမြေဧရိယာအကျယ် (၃၃ သန်းစတုရန်းကီလိုမီတာ) ရှိခဲ့တယ်။


မွန်ဂို ( Mongol ) ဆိုတာဒီနေ့တရုပ်ပြည်အရှေ့မြောက်ပိုင်းကလူမျိုးစုဖြစ်ပါတယ်။မွန်ဂိုဘုရင်ကြီးဂျင်ဂျစ်ခန် (Genghis Khan) ( ၁၁၆၂-၁၂၂၇ ) ဟာကမ္ဘာ့သမိုင်းရဲ့ဒုတိယအကြီးဆုံးဖြစ်လာမယ့်မွန်ဂိုအင်ပါယာ (Mongol Empire ) ကြီးကို ၁၂၀၆ - ၁၃၆၈ ခုနှစ်အတွင်းတည်ထောင်နိုင်ခဲ့တယ်။


မွန်ဂိုအင်ပါယာကြီးထဲမှာဂျပန်ပင်လယ်ကနေဗဟိုအာရှ၊ဗဟိုဥရောပ၊ဆိုက်ဘေးရီးယား၊အင်ဒိုချိုင်းနား၊အီရန်၊တရုပ်အရှေ့

မြောက်၊ဥရောပအရှေ့ပိုင်း၊အာရှအနောက်တောင်ဒေသများပါဝင်တယ်။


ဒီဒေသတခုလုံးကို Euroasia ခေါ်တယ်။မွန်ဂိုတွေဟာနာမည်ကျော်ဥရောပ - အာရှဆက်သွယ်တဲ့ပိုးလမ်းမကြီးကိုလည်းဖေါက်လုပ်ခဲ့တယ်။မွန်ဂိုဟာမြန်မာနိုင်ငံကို ပုဂံခေတ် ၁၂၈၇ မှကျုးကျော်နယ်ချဲ့ခဲ့ကြတယ်။


Mongol Empire ကြီးထဲမှာကမ္ဘာ့အဓိကဘာသာကြီးများဖြစ်တဲ့ဗုဒ္ဓ၊အစ္စလမ်၊ခရစ်ယန်၊တာအိုဘာသာတို့ပါဝင်ကြတယ်။တူရကီ၊ပါရှန်၊မွန်ဂို၊တရုပ်နဲ့အခြားဒေသဆိုင်ရာဘာသာစကားပေါင်းစုံယဉ်ကျေးမှုပေါင်းစုံရှိကြတယ်။၁၂၇၉ ခုနှစ်ကမ္ဘာ့မြေပုံကိုကြည့်လိုက်ရင်မွန်ဂိုအင်ပါယာရဲ့ကြီးကျယ်ခမ်းနားမှုကိုမြင်ရလိမ့်မယ်။


Ref: Wikipedia 

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.