လေယာဉ်ပျံစစီးဖူးခြင်း

 ပထမဆုံးလေယာဉ်စစီးဘူးတာ ရန်ကုန် - မန္တလေးခရီးစဉ်ပါ။ပြေးလမ်းပေါ်လေယာဉ်အရှိန်နဲ့ပြေးနေတော့လက်ကိုပေါင်ပေါ်တင်ပြီးငြိမ်ကုပ်ထိုင်နေခဲ့တယ်။Safety Belt တတ်နေကြမဟုတ်တော့လူကမအီမသာဖြစ်နေတယ်။


ဘေးမှန်ကနေကြည့်လိုက်ရင်လေယာဉ်ပြေးလမ်းတရိပ်ရိပ်ကျန်ခဲ့တယ်။လေယာဉ်ဘီးပြေးလမ်းပေါ်အရှိန်နဲ့ပြေးနေသံကြားရတယ်။ထိုင်ခုံပြုတင်းပေါက်က တောင်ပံနားဖြစ်တော့လေယာဉ်ပန်ကာအရှိန်နဲ့လည်နေတာတွေ့ရတယ်။အဝေးကအဆောက်အဦးတဖြည်းဖြည်းနဲ့ဝေးပြီးကျန်ခဲ့တယ်။


Air Mandalay  ATR Turbo-Prop လေယာဉ်ကအရှိန်တင်ထားတော့စက်သံဆူညံပြီးလေယာဉ်ကခါနေတယ်။ခဏနေငြိမ့်ကနဲဖြစ်သွားပြီးအသံအကုန်တိတ်သွားတယ်။လေယာဉ်စက်သံခပ်တိုးတိုးပဲကြားရတော့တယ်။ပြေးလမ်းပေါ်ကနေလေထဲကိုလေယာဉ်ဖြည်းဖြည်းခြင်းထောင်တက်သွားတာသတိထားမိလိုက်တယ်။သံဗုဒ္ဓေဂါတာကိုရွတ်ပြီးစိတ်ကိုတည်ငြိမ်အောင်ထိမ်းထားရတယ်။ဘေးလူတွေကိုကြည့်လိုက်တော့အကုန်ငြိမ်ငြိမ်သက်သက်ပဲ။


ကမ္ဘာ့အဝေးဆုံးမိုင်ပေါင်း ၉၀၃၁ (၁၄၅၃၅ ကီလိုမိတာ)ရှိတဲ့  ကူးသန်းသွားလာရေးလေယာဉ်ပျံသန်းမှုကို ကာတာလေကြောင်းကဒိုဟာ(ကာတာ)နဲ့အိုဒက်ဆေး(နယူးဇီလန်) ကိုပျံသန်းပြီးမှတ်တမ်းသစ်တင်ခဲ့ဖူးတယ်။


အချိန်ဇုန် ၁၀ ခု ကိုဖြတ်ကျော်ပြီး

Boeing 777-200LR  နဲ့လေယာဉ်ခရီးစဉ် QR920 ကို ၁၆ နာရီ ၂၃ မိနစ်တိုက်ရိုက်ပျံသန်းခဲ့ရတယ်။ လေယာဉ်မှူးနဲ့တွဲဘက်လေယာဉ်မှူး ၄ ယောက်၊လေယာဉ်မောင်မယ် ၁၅ ယောက်၊လဖက်ရည်ကော်ဖီခွက် ၁၁၀၀ ၊အအေး ၂၀၀၀ ၊အစားအသောက်ခွက် ၁၀၃၆ ခုကိုဒိုဟာ(ကာတာ) - နယူးဇီလန် ခရီးစဉ်မှာစားသုံးခဲ့ကြတယ်။ဒီခရီးစဉ်အသွားအပြန်လေယာဉ်လက်မှတ်ခရိုးရိုးတန်း ပေါင် ၁၀၅၀/ကျပါတယ်။အထူးတန်းပေါင် ၇၂၅၀/ ကျသင့်ခဲ့တယ်။


ကမ္ဘာ့ခရီးအဝေးဆုံးပျံသန်းမူကို စင်္ကာပူလေကြောင်းကစင်္ကာပူ - နယူးဝက်(အမေရိကန်) ကို Airbus 340-500 နဲ့ ၁၉ နာရီအထိပျံသန်းစံချိန်ချိူးခဲ့ပြီးပြီး။စုစုပေါင်းအကွာအဝေး ၁၅၃၀၀ ကီလိုမီတာရှိတယ်။ 


ကမ္ဘာ့အတိုဆုံးလေယာဉ်ခရီးစဉ်ကအကွာအဝေး ၁.၇ မိုင်ခရီးရှိတဲ့ စကော့တလန်ကပြည်တွင်းလေဆိပ်နှစ်ခုဖြစ်တယ်။တရားဝင် ၂ မိနစ်သတ်မှတ်ထားပေမယ့်လေကြောင်းသင့်ရင် ၄၇ စက္ကန့်နဲ့ရောက်တယ်။


လေယာဉ်စီးဖူးတဲ့ပထမဆုံးအခေါက်မန္တလေးကနေရန်ကုန်ပြန်တော့အသွားတုန်းကလိုညောင်ဦးလေဆိပ်တဆင့်မဟုတ်ဘူး။ မန္တလေး-ဟဲဟိုး- ရန်ကုန်ခရီးစဉ်။


ရှမ်းကုန်းမြင့်ပေါ်ကလေစီးကြောင်းထဲပန်ကာတပ် ATR လေယာဉ်လူးပြီးယိမ်းထိုးနေလို့လန့်သွားတယ်။လေယာဉ်ထဲပါတဲ့ တိုးရစ်အများစုကလေယာဉ်စီးနေကြထင်တယ်၊အေးအေးဆေးဆေးပဲ။ဟဲဟိုးလေဆိပ်လေယာဉ်ဆင်းတော့ဘီးနဲ့လေယာဉ်ပြေးလမ်းထိမိတဲ့ဒုတ်ကနဲဖြစ်သွားတာသတိထားမိတယ်။ရန်ကုန်လေဆိပ်လေယာဉ်ဆင်းတော့မြောက်ဥက္ကလာ၊မင်္ဂလာဒုံ ပတ်ဝန်းကျင်အပေါ်စီးမြင်ကွင်း တွေ့ခဲ့ရတယ်။

Source: Google

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.