လူးဝစ်လမ်း(ဆိပ်ကမ်းသာလမ်း)

 ရန်ကုန်မြို့အကောင်းဆုံးလမ်းထဲပါတဲ့ “ ဆိပ်ကမ်းသာလမ်း ”  အောက်ဘလောက်ဓါတ်ပုံ။လမ်းနာမည်ဟောင်းလူးဝစ္စစ်လမ်း (Lewis St.) ပဲစွဲနေတယ်။ရန်ကုန်မြို့ကတောင်မြောက်လမ်းကျယ်ကြီးထဲကထင်ရှားတဲ့လမ်းကပန်းဆိုးတန်း၊ဗိုလ်အောင်ကျော် (Spark St.) ဗိုလ်ကလေးဈေးလမ်း (Brooking St)။


ဒီလမ်းမတွေရဲ့ပလက်ဖေါင်းအကျယ်ကြီးပေါ်မှာအစုန်အဆန်လမ်းလျှောက်ဖူးခဲ့တယ်။ပန်းဆိုးတန်းလမ်းမူလဘိုနာမည် (Phyres St.) ဖြစ်ပေမယ့် ၈၈ မတိုင်ခင်

ထဲကအများစု "ပန်းဆိုးတန်း" လမ်းပဲခေါ်ကြတယ်။


မှတ်မှတ်ရရ ၁၉၇၅ - ၇၆ က လူးဝစ္စစ်လမ်း BSI (စစစ) ရုံးဘေးမှည ၈ နာရီလောက်လေးဘီးတစီးနဲ့ကားစောင့်ဖူးတယ်။ကားကိုကျွန်တော်နဲ့အစောင့်ထားပြီးအဖေကသူ့မိတ်ဆွေတယောက်နဲ့စထရန်း(ကမ်းနားဟော်တယ်)ပေါ်တက်သွားတယ်။


အသက် ၁၄ - ၁၅ ကားမောင်းတတ်ခါစလေးဘီးကိုလူးဝစ္စစ်လမ်းထဲရှေ့တိုးနောက်ငင်လုပ်နေလို့ BSI ရုံးကလူတယောက်ထွက်တားဖူးတယ်။ အဖေကညဆယ်နာရီလောက်မှဟိုတယ်ထဲထွက်လာတယ်။


ညနေရုံးဆင်းချိန်စထရင်းဟိုတယ်မှာပေါင်မုန့်လာဝယ်ကြတဲ့ရုံးသူရုံးသားတွေလူးဝစ္စစ်လမ်းထဲအပြည့်။မုန့်ဖိုထဲကအခုမှထုတ်လာလို့စထရန်းဟိုတယ်ပေါင်မုန့်မွှေးပြီးပူနေတယ်။


အခုနောက်ပိုင်းလမ်းချဲ့ကြလို့

ရန်ကုန်မြို့ကတောင်မြောက်လမ်းမကျယ်အကုန်နီးပါးပါသွားခဲ့တယ်။လူးဝစ္စစ်လမ်း(အောက်ဘလောက်)၊စထရန်းဟိုတယ်၊BSI ရုံး၊ဩစတေးလျှသံရုံးနဲ့အင်္ဂလိပ်သံရုံးရှိကြလို့ပလက်ဖေါင်း

အကျယ်အရင်အတိုင်းကျန်သေးတာထင်တယ်။


ရောဂါဘဝကင်းဝေးပြီးရာသီဥတုကောင်းခြေခင်းလက်ခင်းသာတဲ့နေ့ " Old Yangon " ခေါ်တဲ့ဆူးလေနဲ့ဗိုလ်အောင်ကျော်လမ်းကြားလမ်းသလားသင့်တယ်။ပန်းဆိုးတန်းနန်းသီတာမှာလေညင်းခံ

သင့်တယ်။


အကောက်ခွန်ရုံး၊ဘဏ်လမ်း။ပန်းဆိုးတန်းလမ်း၊လူးဝစ္စစ်လမ်း၊ဆိပ်ကမ်းအာဏာပိုင်၊မြန်မာ့လေကြောင်း၊ကမ်းနားဟိုတယ်

(စထရန်း)၊အင်္ဂလိပ်သံရုံး၊စာတိုက်ကြီးရှိတဲ့ကမ်းနားလမ်းတလျှောက်လမ်းလျှောက်သင့်တယ်။ဘဏ်လမ်းနဲ့ကမ်းနားလမ်းတလျှောက်ညဈေးတန်းရှိတယ်။အခုရှိသေးလားမသိဘူး။


ပန်းဆိုးတန်း(အောက်ဘလောက်)တခုလုံးနီးပါးကိုလိုနီခေတ်တည်ဆောက်ခဲ့တဲ့ရှေးဟောင်းအဆောက်အဦးအများကြီးရှိသေးတယ်။အစိုးရတမင်မဖျက်ပဲချန်ထားတာ။


ဒီဓါတ်ပုံကဒေါက်တာသန့်မြင့်ဦးရဲ့ Yangon Heritage Trust Page ကယူထားတာ။သူ့ရုံးခန်းကပန်းဆိုးတန်းလမ်း ပြန်/ဆက်ခရိုင်ရုံး(ရှေးခေတ်အဆောက်အဦး)နှစ်ထပ်မှာဖွင့်ထားတယ်။ရှေးခေတ်နှစ်ထပ်ကအခုခေတ်လေးထပ်နီးပါးရှိတယ်။နှစ်ဆစ်ချိုးလှေကားခွင်အကျယ်ကြီးတွေ။ပန်းချီပြခန်းလည်းရှိတယ်။သွားလေ့လာလို့ရတယ်။

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.