အာဇာနည်ကုန်းဗုံးခွဲ

 အာဇာနည်ဗိမ္မန်ကိုငယ်ငယ်ကရောက်ဖူးတယ်။ရွှေတိဂုံမြောက်ဘက်မုဒ်သွေးဆေးကန်အနောက်ဘက်ကုန်းစောင်းလေးပေါ်မှာ။ဇရပ်ပုံစံအုတ်ညှပ်ပျဉ်ထောင်အဆောက်အဦး၊မျက်နာကျက်အုတ်ကြွတ်ပြားမိုးထားတယ်။စကျင်ကျောက်နဲ့လုပ်ထားတဲ့အာဇာနည်ကြီးများအုတ်ဂူရှိတယ်၊လွမ်းသူ့ပန်းခွေရှိတယ်။


အုတ်ဂူအနောက်မှာအာဇာနည်ကြီးများအဖြူအမဲဓါတ်ပုံကြီးနဲ့ကိုယ်ရေးအကျည်းပျဉ်ပြားပေါ်မှာသင်္ဘောဆေးအဖြူနဲ့ရေးထားတယ်။အာဇာနည်ဗိမ္မန်ရှိတဲ့ကုန်းမို့မို့လေးနေရာကိုအာဇာနည်ကုန်းခေါ်တယ်။အာဇာနည်ကုန်းတဝိုက်မှာအရိပ်ကောင်းလို့အနယ်နယ်ကဘုရားဖူးလာသူတွေခဏနားကြတယ်။ထမင်းစုစားကြတယ်။ကလေးတွေဆော့ကြတယ်။


၁၉၈၃  အောက်တိုဘာလ ၉ ရက်နေ့မြန်မာပြည်ကိုအလည်လာတဲ့တောင်ကိုရီးယားသမ္မတချန်ဒူးဝန် (Chun Doo-Hwan) ကိုအာဇာနည်ဗိမ္မန်မှာမြောက်ကိုရီးယားကွန်မန်ဒိုများကဗုံးခွဲအသေသတ်ဖို့ကြိုးစားခဲ့ကြတယ်။


အာဇာနည်ဗိမ္မန်ကိုသမ္မတချန်ဒူးဝန်မရောက်ခင်မိနစ်ပိုင်းအလိုမနက် ၁၀ နာရီ ၂၅ မိနစ်မှာဗုံးသုံးလုံးဆင့်ကဲပေါက်ကွဲခဲ့တယ်။ဒီပေါက်ကွဲမှုကြောင့်တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးစွမ်းအင်ဝန်ကြီးအပါအဝင်တောင်ကိုရီးယားနိုင်ငံသား ၁၄ ယောက်၊မြန်မာ ၇ ယောက်စုစုပေါင်း ၂၁ ယောက်သေ ၄၆ ယောက်ဒဏ်ရာရခဲ့ကြတယ်။


အာဇာနည်ကုန်းအမိုးမျက်နာကျက်မှာဖွက်ပြီးတပ်ဆင်ထားတဲ့အဝေးထိန်းဗုံးသုံးလုံးကိုမြောက်ကိုရီးယားကွန်မန်ဒိုကအဝေးထိန်းခလုပ်နဲ့ဖေါက်ခွဲခဲ့တာသတင်းတွေမှာပါတယ်။Remote Control ဆိုတာစကြားဖူးတာ။လမ်းမှာကားပိတ်လို့အာဇာနည်ကုန်းကိုမိနစ်အနည်းငယ်နောက်ကျရောက်လာတဲ့တောင်ကိုရီးယားသမ္မတချန်ဒူးဝန်ကံသီလို့အသက်ဘေးကလက်မတင်‌လေးလွတ်ကင်းခဲ့တယ်။


တောင်/မြောက်ကိုးရီးယားနှစ်နိုင်ငံပဋိပက္ခအထဲမှာအစားထိုးမရတဲ့မြန်မာ့အမွေအနှစ်အဆောက်အအုံဘုမသိဘမသိငထွားကြားကခါးနာပြီးစက္ကန့်ပိုင်းအတွင်းပြိုလဲပျက်စီးပျောက်ဆုံးခဲ့ရတယ်။ဗုံးကွဲနေတုံးရိုက်ထားတဲ့ Clip မှာအာဇာနည်ဗိမ္မန်မူလပုံစံလေ့လာနိုင်ဖို့ Link ချထားတယ်။


https://www.youtube.com/watch?v=68Nf8dTtHog

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.