ဂျီဘရော်လတာရေလက်ကြား

 ဗြိတိန်ထိမ်းချုပ်မှုထဲကအဓိကအရေးကြီးဆုံးဖြစ်တဲ့ Gibraltar ရေလက်ကြားကကမ္ဘာ့ရေးရာမှာ အထိမခံရွှေပုဂံ‌နေရာတခုဖြစ်ပါတယ်။


ရေလက်ကြား (Strait) ဆိုတာအရေးပါတဲ့ ရေလမ်းကျဉ်းတခုပါ၊ကမ္ဘာ့ဘယ်နေရာမှာမဆိုရေလက်ကြားကိုသက်ဆိုင်ရာနိုင်ငံကအသည်းအသန်ကာကွယ်စောင့်ရှောက်ကြတယ်။ပိုင်ဆိုင်မှုနဲ့ပတ်သက်ရင်လုံးဝအထိမခံကြဘူး။


မြန်မာနိုင်ငံအနီးဆုံးရေလက်ကြားကမလက္ကာ ရေလက်ကြား(Strait of Malacca) ပါ။စင်္ကာပူ၊မလေးရှား နဲ့အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ထိမ်းချုပ်မှုအောက်မှာရှိတယ်။ 


မြေထဲပင်လယ်နဲ့အတ္တလန်တစ်သမုဒ္ဒရာဆက်သွယ်ထားပြီးကမ္ဘာ့မဟာဗျုဟာအကျဆုံးကျဉ်းမြောင်းတဲ့ရေလက်ကြားကို

ဂျီဘရော်လတာ (Gibraltar)ရေလက်ကြားခေါ်တယ်။


၁၇၁၃ စပိန်နဲ့ အင်္ဂလိပ်စစ်ဖြစ်ပြီးနောက်ပိုင်း Gibraltar ကိုဗြိတိန်ဘုရင်မကြီးသရဖူကိုလိုနီအဖြစ်အင်္ဂလိပ်ကအပြီးသိမ်းပိုက်နိုင်ခဲ့တယ်။၁၉၇၃ ခုနှစ်ဥရောပအသိုင်းအဝန်းကို အင်္ဂလိပ်ပြန်ဝင်လာပြီးနောက်ပိုင်း Gibraltar ဒေသကိုအင်္ဂလိပ်ပင်လယ်ရပ်ခြားပိုင်နက်နယ်မြေအဖြစ် ၂၀၀၂ ခုနှစ်မှာကုလကအဆင့်အတန်းသတ်မှတ်ပေးခဲ့တယ်။


ပင်လယ်ထဲတိုးထွက်နေတဲ့ကျွန်းဆွယ်လေးပေါ်မှာရှိတဲ့ ၂.၆ စတုရမ်းမိုင်ကျယ်တဲ့Gibraltar မှာလူဦးရေ ၃၃၀၀၀ ကျော်ပဲရှိပြီး အင်္ဂလိပ်အစောင့်အရှောက်ခံဒေသဖြစ်ပါတယ်။ 


E.U (ဥရောပသမဂ္ဂ)ကနေဗြိတိန်ခွဲထွက်ဖို့ပြင်ဆင်နေတဲ့ကာလကဗြိတိန်ကိုလိုနီ Gibraltar ဒေသဟာဥရောပပိုင်ဖြစ်တယ်အသံပြန်ထွက်လာခဲ့တယ်။Gibraltar အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီးမူလပိုင်ရှင်စပိန်နဲ့ကိုလိုနီအင်္ဂလိပ်အငြင်းပွားနေတာကြာပါပြီ။


Gibraltar ဟာကိုလိုနီနယ်မြေမဟုတ်ဘူးအင်္ဂလန်ကအပြတ်ငြင်းထားတယ်။Gibraltar ဟာကိုလိုနီဒေသမဟုတ်ဘူး၊အင်္ဂလိပ်မိသားစုဝင်ဖြစ်တယ်အင်္ဂလန်ကပြောထားတယ်။


ဒါပေမယ့်အင်္ဂလိပ်သရဖူကိုလိုနီဖြစ်ခဲ့တဲ့ Gibraltar ဟာဗြိတိန်ရဲ့အစိတ်အပိုင်းမဟုတ်ဖူးဥရောပသမဂ္ဂတရားရုံးချုပ်က ၂၀၁၇ ခုနှစ်ထဲကဆုံးဖြတ်ထားခဲ့တယ်။ 


EU ကနေ ဗြိတိန်ခွဲထွက်မှု Brexit ကို Gibraltar ဒေသခံတွေကဆန့်ကျင်ကန့်ကွက်ခဲ့ကြပေမယ့်သူတို့ဟာအင်္ဂလိပ်လက်အောက်မှာဆက်ပြီးနေချင်သေးတယ်ဆန္ဒပြုခဲ့ကြတယ်။ 


ကုလသမဂ္ဂဒုတိယကမ္ဘာစစ်အပြီးကိုလိုနီနိုင်ငံများလွတ်မြောက်ရေးအစီအစဉ်အရမူလပိုင်ရှင်ကိုလိုနီဟောင်းစပိန်ကသူပိုင် Gibraltar ကိုလုယူသွားတဲ့ကိုလိုနီသစ်အင်္ဂလိပ်ဆီကပြန်ရချင်တယ်။ဥရောပကနေဗြိတိန်ထွက်ခွာသွားပြီး Gibraltar အချုပ်အခြာအာဏာကိုစပိန်ကပြန်ယူဖို့အကွက်ချောင်းခဲ့သေးတယ်။


ဥရောပတောင်ပိုင်းမြေထဲပင်လယ်ကိုတိုးထွက်နေတဲ့စပိန်နိုင်ငံပိုင်ကျွန်းဆွယ်လေးပေါ်မှာ Gibraltar ရှိပါတယ်။မြေထဲပင်လယ်နဲ့အတ္တလန်တစ်သမုဒ္ဒရာကိုဆက်သွယ်ထားတဲ့ကျဉ်းမြောင်းတဲ့ဂယ်ပေါက်ထိပ်မှာ Gibraltar ရှိနေတာပါ။


ပင်လယ်တစင်းနဲ့သမုဒ္ဒရာတစင်းကိုချိတ်ဆက်ထားတဲ့ပထဝီမဟာဗျူဟာအရအရမ်းအရေးပါတဲ့ရေလက်ကြားပါ။Gibraltar တောင်ဘက်ခြမ်းရေလက်ကြားတဖက်မှာအာဖရိကတိုက်မော်ရိုကိုနိုင်ငံရှိတယ်။


ဥရောပတိုက်နဲ့အာဖရိကတိုက်ကိုပိုင်းခြားထားတဲ့ Gibraltar ဒေသဟာ ၈.၉ မိုင်ပဲခြားပါတယ်။Gibraltar ရေလက်ကြားဟာရေအနက်မီတာ ၃၀၀ - ၉၀၀ ထိနက်ပါတယ်။ဖယ်ရီဘုတ်နဲ့ရေလက်ကြားဟိုဘက်ဒီဘက် ၃၅ မိနစ်ပဲကြာတယ်။


ဥရောပသမဂ္ဂကဗြိတိန်နူတ်ထွက်ပြီးဥရောပမှာကျန်ရှိနေတဲ့အင်္ဂလိပ်ပင်လယ်ရပ်ခြားအစောင့်အရှောက်ခံဒေသဖြစ်တဲ့ Gibraltar ရဲ့အခန်းကဏ္ဍအရမ်းအရေးကြီး

လာတယ်။ဥပဒေကြောင်းအရရှုတ်ထွေးမှုလည်းအများကြီးရှိနေလိ့မ်မယ်။ဥရောပကဗြိတိန်နူတ်ထွက်ခဲ့လို့ဥရောပမှာရှိတဲ့ Gibraltar ဟာ ဗြိတိန်နဲ့မဆိုင်တော့ဘူးဥရောပကအခိုင်အမာပြောနေတယ်။


ဥရောပတောင်ပိုင်းနဲ့အာဖရိကန်မြောက်ပိုင်းပိုင်းခြားထားတဲ့ Gibraltar ရေလမ်းကြားဖြတ်တံတားတည်ဆောက်ဖို့အရင်က စဉ်းစားခဲ့ကြပေမယ့်အပြည်ပြည်ဆိုင်ရာသင်္ဘောအသွားအလာအရမ်းများလွန်းတဲ့ Gibraltar ရေလက်ကြားမှာတံတားထိုးဖို့မဖြစ်နိုင်သေးဘူး။မြေထဲပင်လယ်နဲ့အတ္တလန်တစ်သမုဒ္ဒရာဆုံတွေ့တဲ့ Gibraltar ရေလက်ကြားမှာတနှစ်ကိုသင်္ဘောပေါင်းတသိန်းနှစ်သောင်းဖြတ်သန်းသွားလာနေတယ်။

Ref : Wikidedia 

#လွင်ဦး_ရန်ကင်း 

Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.