ဒေါ်အောင်ဆန်းစုကြည်

 ဒေါ်အောင်ဆန်းစုကြည်ဆီမှာ Yamaha အမျိုးအစား Upright စန္ဒယားအဟောင်းတလုံးရှိတယ်။ယခင်နေအိမ်အကျယ်ချုပ်ကာလမှာဒီစန္ဒယားကိုမကြာခဏတီးလေ့ရှိပြီး “ ဂီတသုခုမဟာပုံမှန်စကားလုံးထက်စာရင်အတိုင်းအဆမဲ့ပိုပြီးကျယ်ပြန့်တယ် ” ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ဖူးတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ 

အပြည်ပြည်ဆိုင်ရာဂန္ဓဝင်တေးဂီတနှစ်ချိုက်ပြီးမကြာခဏတီးခတ်လေ့ရှိတယ်။ဒါပေမယ့်နေအိမ်အကျယ်ချုပ်ကာလအတွင်းစန္ဒယား Tunning ပြန်ချိန်ဖို့လိုအပ်ရင်ဒေါ်အောင်ဆန်းစုကြည်အတော်စိတ်ညစ်ခဲ့ရတယ်။ 


အင်းစိန်ဘက်ကကရင်အမျိုးသား စန္ဒယားအသံချိန်ညှိပေးသူတယောက်နဲ့အဆက်အသွယ်ရပြီးဒေါ်အောင်ဆန်းစုကြည် Yamaha စန္ဒယားအိုလေးကို Tunning ပြန်ချိန်ပေးခဲ့ရတယ်။ဟောင်းနွမ်းနေတဲ့စန္ဒယားကြိုးကိုအသစ်ပြန်လဲပေးခဲ့တယ်။


၂၀၁၅ ရွေးကောက်ပွဲဝင်ခါနီးက “ အလုပ်တွေများနေလို့စန္ဒယားနားတောင်မကပ်နိုင်ပါဘူး ” ပြည်ပသတင်းထောက်တယောက်ကမေးလို့ဒေါ်အောင်ဆန်းစုကြည်ပြန်ဖြေခဲ့တယ်။


ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်စပ်ဆိုထားတဲ့ “ Unplayed Piano ” ဆိုတဲ့သီချင်းတပုဒ် ၂၀၀၅ ခုနှစ်ထွက်ရှိခဲ့ဖူးတယ်။အိုင်းရစ်ရှ်တေးပြုစာဆို Damien Rice နဲ့မိန်းကလေး တယောက်ပူးတွဲရေးစပ်သီဆိုထားတာပါ။ 


အိုင်းရစ်ရ်ှတေးဂီတလောကမှာ 

“ Unplayed Piano ” သီချင်းအလွန်နာမည်ကြီးတယ်။ဒေါ်အောင်ဆန်းစုကြည်အသက် ၆၀ ပြည့်နှစ်က Free Aung San Suu Kyi လှုပ်ရှားမှုနဲ့အတူ Unplayed Piano သီချင်းထွက်ရှိခဲ့တာ။


အင်္ဂလိပ်ဂန္ဓဝင်တေးသီချင်းကြီးကိုစန္ဒယားနဲ့သီဆိုရတာဒေါ်အောင်ဆန်းစုကြည်ဘဝမှာအရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ယခင်နှစ် ၂၀ ကျော်အိမ်အကျယ်ချုပ်ထိမ်းသိမ်းခံနေရစဉ်ကဒေါ်အောင်ဆန်းစုကြည်အဖော်မွန်ဟာ SW လှိုင်းတိုရေဒီယိုအသေးတလုံးနဲ့ Yamaha စန္ဒယားအိုလေးပါ။


၁၉၈၉ -၂၀၁၀ ကာလလုံခြုံရေးအထပ်ထပ်ဝိုင်းရံစောင့်ကြပ်ထားတဲ့အမှတ်(၅၄) တက္ကသိုလ်ရိပ်သာလမ်းခြံထဲကညအချိန်ထွက်ပေါ်လာတဲ့ဒေါ်အောင်ဆန်းစုကြည်စန္ဒယားတီးခတ်သံဟာမြန်မာနိုင်ငံစစ်အာဏာရှင်စနစ်နဲ့နုနယ်တဲ့ဒီမိုကရေစီဖြစ်စဉ်သမိုင်းပုံရိပ်တခုဖြစ်ခဲ့ရတယ်။


ဒီနေ့မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့မပြီးနိုင်မစီးနိုင်နှစ်‌ပေါင်း ၇၀ ကျော်နိုင်ငံရေးအကျပ်အတည်းပဋိပက္ခဖြစ်စဉ်ကိုပါဝင်သူတိုင်းယုတ္တိကျကျအနုလုံပဋိလုံဆင်ခြင်နိုင်ကြမယ်မျော်လင့်ပါတယ်။အမှန်တော့နိုင်ငံ့အမြင့်ဆုံးဩဇာအာဏာရှိသူများမညီမညွတ်ဖြစ်ပြီးငါတကောကောခဲ့ကြလို့တိုင်းပြည်ယနေ့အခြေအနေဖြစ်နေရတာပါ (အမြင်ကွဲလွဲနိုင်ပါတယ်)။


" unplayed piano " သီချင်း Link ချထားပေးတယ်။www.youtube.com/watch?v=QGXtn41cI2w


Source : Google

လွင်ဦး(ရန်ကင်း)

Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.