ကြိုးဆွဲချသတ်ခြင်း

 အမေရိကန်တရားစီရင်ရေးစနစ်သေဒဏ်ငါးမျိုးထဲမှာကြိုးဆွဲချသေဆုံးစေခြင်း (Hanging) ပါဝင်တယ်။သေဒဏ်ကျအကျဉ်းသားကိုကြိုးဆွဲချသတ်ဖြတ်တာ ၁၈၉၀ နှစ်အထိအမေရိကားမှာအဓိကသတ်ဖြတ်နည်းဖြစ်ခဲ့တယ်။ဒီလာဝယ်လ်နဲ့ဝါရှင်တန်ပြည်နယ်မှာဆေးထိုးသတ်တဲ့နည်းနဲ့အတူကြိုးဆွဲချတာတွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြတယ်။


ကြိုးဆွဲမချခင်အကျဉ်းသားကိုဝိတ်ချိန်တယ်။အဲ့ဒီဝိတ်နဲ့တူတဲ့သဲအိတ်တစ်အိတ်ကိုကြိုးဆွဲချအစမ်းကျင့်ရတယ်။မြန်မြန်သေစေဖို့အတွက်ကြိုးကိုဘယ်လောက်အရှည်အထိဆွဲရမလဲဆိုတာတွက်ချက်တာပါ။


ကြိုးရှည်နေရင်အကျဉ်းသားခေါင်းပြုတ်ထွက်သွားတာမြန်တယ်။ကြိုးတိုနေရင်အကျဉ်းသားဟာချက်ခြင်းမသေပဲလည်ပင်းညစ်ခံရသလိုတွန့်လိမ်ကောက်ကွေးဝေဒနာခံစားရပြီး ၄၅ မိနစ်ခန့်ကြာမှသေပါမယ်။


ကြိုးဆွဲကျချမယ့်ကြိုးလုံးပတ် ၃/၄ လက်မကနေ ၁ ၁/၄လက်မ အထိရှိတဲ့စင်းလုံးချောကြိုးဖြစ်နေရပါမယ်။ကြိုးကွင်းအထုံးကိုချောမွေ့နေအောင်ဖယောင်းသုတ်ထားရတယ်။ကြိုးထစ်ငေါ့မှုမရှိပဲလွယ်လွယ်ကူကူဆွဲညှစ်နိုင်အောင်ပါ။


ကြိုးဆွဲမချခင်အကျဉ်းသားခြေလက်ကိုမလှုပ်အောင်တုပ်နှောင်ပြီးမျက်နာကိုမမြင်အောင်စည်းထားရပါမယ်။ကြိုးကွင်းကိုလည်းပင်းမှာစွပ်ထားရပြီးကြိုးကွင်းအထုံးဟာလည်ပင်းဝဲဘက်နားအောက်မှာရှိရပါမယ်။


ထောင်ဝါဒါအချက်ပြလိုက်တာနဲ့ပါးကွက်သားကဒေါက်ဖြုတ်ချလိုက်ပါတယ်။ဒေါက်ဖြုတ်တယ်ဆိုတာအကျဉ်းသားရပ်နေတဲ့ခြေအောက်ကကြမ်းပြင်ကိုရုပ်ကနဲဖွင့်ချလိုက်တာပါ။အကျဉ်းသားဟာဒေါက်ဖြုတ်ချလိုက်တဲ့ကြမ်းပြင်အပေါက်ထဲဝုန်းကနဲကျသွားပြီးသူ့ခန္ဓာကိုယ်ဝိတ်နဲ့သူ့လည်ပင်းအဆစ်ရိုးကိုဆောင့်ဆွဲချိုးပစ်လိုက်ပါတယ်။


အကျဉ်းသားလည်ပင်းအရမ်းသန်မာနေရင် (သို့) အကျဉ်းသားခန္ဓာကိုယ်ဝိတ်ပေ့ါနေရင်(သို့)ကြိုးတိုတိုပဲသုံးမိရင် (သို့) ကြိုးကွင်းအနေအထားမမှန်ရင်အကျဉ်းသားဟာချက်ခြင်းမသေပဲအသက်ရှုကြပ်ပြီးမှဖြည်းဖြည်းခြင်းသေပါမယ်။ကြိုးဆွဲချခံရတဲ့အကျဉ်းသားဟာမျက်လုံးပြူးထွက်လျှာကြီးလိပ်ထွက်မျက်နာကြီးတင်းကားတွန့်လိမ်ကောက်ကွေးပြီးမှသေရတယ်။

Source : Google

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.