COVID 19

 ကိုရိုနာဗိုင်းရပ်စ် (Covid 19)ကိုကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic)အဖြစ်ကမ္ဘာ့ကျမ်းမာရေးအဖွဲ့က ၂၀၂၁ ကအသိပေးခဲ့ရတယ်။သာမန်ဖြစ်တဲ့ကူးစက်ကပ်ရောဂါ (Epidemic) ကနေကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်တယ်သတ်မှတ်ကျေညာခဲ့ပြီးမနှစ်ကစပြီး "ကပ်ရောဂါ" မဟုတ်ဘူးအဆင့်လျှော့ချခဲ့ပါတယ်။


နောက်ဆုံးမှတ်တမ်း (၂၀၂၂) အရကမ္ဘာပေါ်မှာအန္တာတိကတိုက်ကလွှဲရင်ကမ္ဘာ့နေရာအနှံ့မှာကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေပါပြီ။အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါဖြစ်စေတဲ့ Covid-19 ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးလက်ရှိကိုယ့်ကျမ်းမာရေးကိုဆင်ခြင်မိတယ်။


အပူငွေ့နည်းနည်းနဲ့မအီမသာဖြစ်နေရင်ဆေးခန်းပြတိုင်းအဆုပ်လေပြွန်ရောင်တာဆရာဝန်တိုင်းပြောတယ်။ဆရာဝန်ပေးတဲ့ Anti-Biotic (ပဋိဇီဝဆေး) သောက်လိုက်ရင်ခဏနဲ့ပြန်ပျောက်သွားလေ့ရှိတယ်။အထူးသဖြင့်အခုလိုနွေအကုန်မိုးအကူဇွန်ဇွန်လိုင်အဖြစ်များတယ်။


“ ဆရာ..ဘာဖြစ်လို့ အဆုပ်လေပြွန်ရောင်တာလဲ ”


ပြန်ဖြေလောက်မယ့်ဆရာထင်လို့

မဝံမရဲမေးလိုက်တော့။


“ အကို…ဆေးလိပ်သောက်လား ”

“ မသောက်တာကြာပြီ….အရင်တုံးကသောက်တယ် ”


ကျွန်တော်ဆေးလိပ်စသောက်တော့အသက် ၁၂ - ၁၃ နှစ်ပဲရှိအုံးမယ်။ရန်ကင်း လ(၅) အိမ်သာမှာ ရွှေအိုးစည်ဆေးပေါ့လိပ်တို (၃ လိပ် ၅ ပြား)စသောက်ခဲ့တာ။အသက် (၅၀)မှဆေးလိပ်ဖြတ်လို့ဆေးလိပ်သောက်ခဲ့တာနှစ်ပေါင်းများစွာ။


ဆရာကရှင်းပြတယ်။ “ အဆုပ်လေပြွန်ထဲမှာသဘာဝအတိုင်းအကျိအချွဲနဲ့အမွေးအနုလေးတွေရှိတယ်…ဒါပေမယ့်…ဆေးလိပ်အမြဲသောက်တဲ့သူအဆုပ်လေပြွန်ထဲမှာရှိတဲ့အကျိအချွဲနဲ့အမွေးနုနုလေးတွေကခြောက်ကပ်ကုန်ခမ်းသလောက်ပဲ…..လေပြွန်ကကြွပ်ဆပ်ဆပ်ဖြစ်လေ့ရှိတယ် ”


“ အသက်ရှုသွင်းလိုက်လို့ပြင်ပကဝင်လာမယ့်အမှုန်အမွားနဲ့ရောဂါဘယကိုအဆုပ်လေပြွန်မှာရှိတဲ့အကျိအချွဲနဲ့အမွေးနုလေးကသူ့သဘာဝအတိုင်းတားဆီးကာကွယ်ပေးထားတယ် ”


“ ဒါပေမယ့်ဆေးလိပ်သောက်သူအဆုပ်လေပြွန်မှာအကျိအချွဲနည်းပါးပြီးအမြဲခြောက်ကပ်နေလို့ပြင်ပကဝင်လာတဲ့ဖုန်မှုန့်နဲ့ရောဂါဘဝကိုသဘာဝအတိုင်းတားဆီးကာကွယ်နိုင်စွမ်းနည်းသွားရတယ် ”  ဆရာစိတ်ရှည်ရှည်နဲ့ရှင်းပြခဲ့တယ်။


ဆေးလိပ်သောက်ရင်၊ကိုယ်ခံစွမ်းအင်ကျဆင်းနေရင်၊တကိုယ်ရေသန့်ရှင်းမှုနည်းပါးရင်အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ် Covid -19 ဗိုင်းရပ်ကူးစက်ဖို့အခွင့်အလမ်းပိုများနိုင်တယ်။ကံအားလျော်စွာသေစေလောက်တဲ့ရောဂါဘယလှိုင်းမှာရှင်ကျန်ခဲ့ရတယ်။


ကမ္ဘာ့လုံးဆိုင်ရာကပ်ရောဂါ (Pandemic) ဆိုတာဂရိစကားဖြစ်ပြီး Pan (အားလုံး)Demo/Demic (လူသားများ)အဓိပ္ပါယ်ရတယ်။ကမ္ဘာ့လူသားအားလုံးနဲ့သက်ဆိုင်တဲ့ကပ်ရောဂါဖြစ်တယ်။


ကမ္ဘာ့သမိုင်းမှာတီဘီနဲ့ရေကျောက်ရောဂါကိုကမ္ဘာ့လုံးဆိုင်ရာကပ်ရောဂါအဖြစ်ကျေညာခဲ့ဖူးတယ်။လူပေါင်းများစွာသေကျေခဲ့တဲ့ ၁၉၁၈ ခုနှစ်စပိန်တုပ်ကွေးရောဂါကိုကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ခဲ့ဖူးတယ်။


စပိန်တုပ်ကွေးမှာလူပေါင်းသန်း ၅၀၀ ခန့်ကူးစက်ခံရပြီးသန်း ၂၀ - ၅၀ ကြားအသက်သေဆုံးခဲ့ကြရတယ်။၂၀၀၉ ခုနှစ်ဖြစ်ခဲ့တဲ့ကြက်ငှက်တုပ်ကွေး H5 N1 မှာတကမ္ဘာလုံးလူပေါင်းတသိန်းခွဲအနည်းဆုံးသေဆုံးခဲ့ရတယ် WHO ထုတ်ပြန်ထားတယ်။


တရုတ်နိုင်ငံ Hubei ပြည်နယ် Wuhan မြို့မှာ၂၀၂၀ ဇန်နဝါရီလကစတွေ့ခဲ့တဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ပိုးကို Novel Coronavirus Disease 2019 Covid-19 ခေါ်တယ်။ကမ္ဘာ့နိုင်ငံပေါင်း ၁၁၂ နိုင်ငံကိုဗိုင်းရပ်စ်ပိုးပျံ့ပွားနေပြီးကမ္ဘာ့ကျမ်းမာရေးအဖွဲ့  WHO ကကပ်ရောဂါအဖြစ်ကျေညာခဲ့ရတာပါ။


Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာဒုက္ခပေးမယ့်ဗိုင်းရပ်စ်တမျိုးဖြစ်ပြီးဗိုင်းရပ်စ်ရှိနေတဲ့လေကိုရှုရှိုက်မိတာ၊ဗိုင်းရပ်စ်ပိုးပျံ့နှံ့နေတဲ့အသုံးအဆောင်ပစ္စည်းပစ္စယတဆင့်ကူးစက်နိုင်လို့ဆေးလိပ်သောက်တဲ့သူဗိုင်းရပ်စ်ကူးစက်ဖို့ပိုအခွင့်အလမ်းများတယ်။


ဆေးလိပ်သောက်သူအဆုပ်လေပြွန်ကဆေးလိပ်မသောက်သူအဆုပ်လေပြွန်လောက်ပြင်ပကဝင်လာမယ့်အမှုန်အမွားနဲ့ရောဂါပိုးကိုတားဆီးခုခံနိုင်ချေပိုပြီးနည်းပါးတယ်။Covid-19 ဗိုင်းရပ်စ်ကိုသိပ်ကြောက်စရာမလိုသလိုသိပ်ပေါ့လို့လည်းမရဘူး။ကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ချက်ကိုသတိထားလိုက်နာဖို့လိုတယ်။ဥပဒန်ကြောင့်ဥပါဒ်မရောက်အောင်အရာရာဆင်ခြင်တိုင်းထွာသင့်တဲ့အချိန်ပါ။


ဆေးလိပ်ဖြတ်ထားတာ ၁၃ နှစ်ကျော်ပေမယ့်ငယ်ချစ်ဆေးလိပ်ကိုတနေ့မှမေ့မရဘူး။ဆေးလိပ်ပြန်သောက်ရင်ကောင်းမလားတခါတ‌လေစဉ်းစားမိပေမယ့်ဆေးလိပ်ပြန်မသောက်ဖြစ်ဖို့သေချာသွားပါပြီ။


Ref : Google

လွင်ဦး(ရန်ကင်း) 


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.