ရဟတ်ယာဉ်ဆင်းကွင်း

 လေယာဉ်ပျံသန်းခွင့်မရှိတဲ့ရန်ကုန်မြို့ပေါ်ကိုပြည်ပလေယာဉ်တစင်းအရင်ကဖြတ်ပျံခဲ့ဖူးတယ်။Emirate လေကြောင်းလိုင်းရန်ကုန်-ကမ္ဘောဒီးယားခရီးစဉ်မှာရန်ကုန်မြို့ပေါ်ညနေပိုင်းဖြည်းဖြည်းနဲ့အနှိမ့်ပျံသန်းသွားတာပါ။နောက်ဆက်တွဲဘာဆက်ကြားရမလဲမသိဘူး။


လေယာဉ်ပျံတော့မဟုတ်ဘူး။ခေါင်းပေါ်ရဟတ်ယာဉ်ပျံသွားတာ ရန်ကင်းမှာကြုံဖူးတယ်။အသက်ဆယ်နှစ်လောက်တုံးကရန်ကင်းစာတိုက်ဟောင်းဘေးကစားကွင်းထဲရှိနေတုံးစစ်ရဟတ်ယာဉ်တစင်း‌ ခေါင်းပေါ်ဖြတ်ပျံသွားတာပါ။


အသံဆူညံနေတာပဲ။ရဟတ်ယာဉ် ပိုင်းလော့တောင်လှမ်းမြင်နိုင်တဲ့အမြင့်လောက်ပဲ။အုန်းပင်ထိပ်ဖျားနဲ့သိပ်မကွာလို့အုန်းလက်တွေလေထဲပလူပျံနေတာမှတ်မိတယ်။


ငယ်ငယ်ကပြည်ထောင်စုနေ့ပြခန်းရှိတဲ့ကျိက္ကဆံကွင်းမှာစစ်ရဟတ်ယာဉ်ဆင်းတယ်လူကြီးတွေပြောသံ ကြားဖူးတယ်။ 


၈၈၈၈ အရေးတော်ပုံကာလမြောက်ဥက္ကလာဘက်မှာရဟတ်ယာဉ်တွေဝဲနေတာရန်ကင်းကနေမြင်ရတယ်။ညနေစောင်း 

ဆရာအတတ်သင် (ပညာရေးကောလိပ်)ခေါင်းမိုးဘက်ကိုကြည့်လိုက်ရင်ရဟတ်ယာဉ်မီးနီပျပျလေးကိုတွေ့ရတယ်။အဲ့နားပတ်လည်ဝဲနေတာ။ရပ်ကွက်ထဲမှာ စစ်တပ်စိတ်တစိတ်ပိတ်မိနေတယ်လအချို့ပြောခဲ့ကြတယ်။


ရဟတ်ယာဉ်ဆင်းဖို့သတ်မှတ်ထားတဲ့နေရာကို Helipad ခေါ်တယ်။ပျံသန်းလာတဲ့ရဟတ်ယာဉ်မြင်သာအောင်ထင်ရှားတဲ့အမှတ်အသားပြုလုပ်ထားတယ်။


အချို့ Helipad အကြီးစားဟာ 

ရဟတ်ယာဉ်တင်မဟုတ်ပဲဒေါက်လိုက်တက်ဆင်းနိုင်တဲ့ VTOL (Vertical Take – Off & Landing ) ခေါ်တဲ့လေယာဉ်လည်းဆင်းတက်နိုင်တယ်။


Helipad ဟာရဟတ်ယာဉ်ဆင်းကွင်း၊လေယာဉ်ကွင်းမှာရှိတယ်။ဆူညံသံ၊နေရာအကျယ်အဝှန်း၊လေတိုက်နူန်းနဲ့စားရိတ်စားကကုန်ကမှုကြောင့် Helipad ကိုလူတွေနဲ့ဝေးရာမှာတည်ဆောက်ကြတယ်။


အထပ်မြင့်အဆောက်အဦးမှာ Air Taxi ဝန်ဆောင်မှုနဲ့အရေးပေါ်ဘေးအန္တရယ်ကထွက်ပြေးလွတ်မြောက်နိုင်ဖို့ Helipad ထည့်သွင်းတည်ဆောက်လာကြတယ်။ 


ပင်လယ်ကူးသင်္ဘောနဲ့ကမ်းလွန်ရေနံတူးစင်ပေါ်မှာလုပ်ငန်းဆောင်ရွက်ဖို့တည်ဆောက်ထားတဲ့ရဟတ်ယာဉ်ဆင်းကွင်းကို Helideck ခေါ်တယ်။


အဆင့်မြင့်၊အထပ်မြင့်ဆေးရုံခေါင်မိုးပေါ်မှာအရေးပေါ်လူနာဝန်ဆောင်မှုအတွက် Helipad ထည့်သွင်းတည်ဆောက်ထားတာရှိတယ်။


Helipad ပေါ်မှာဂဏန်းနှစ်လုံးကို 

ထင်ထင်ရှားရှားရေးတယ်။ပထမ

ဂဏန်းကလက်ခံနိုင်တဲ့အများဆုံး

အလေးချိန် (ပေါင်) ထောင်ဂဏန်းနဲ့ ဒုတိယဂဏန်းကလက်ခံနိုင်တဲ့ 

ရဟတ်ယာဉ်ဒလက်အများဆုံးအချင်း (ပေ)ပါ။


Helipad ကိုကွန်ကရစ်နဲ့တည်ဆောက်ထားပြီးရဟတ်ယာဉ်ပေါ်ကလှမ်းမြင်နိုင်အောင် H အက္ခရာကို ထင်ရှားအောင်ရေးထားတယ်။


ရုတ်တရက်အရေးပေါ်အခြေအနေမှာနေရာမရွေးရဟတ်ယာဉ်ဆင်းနိုင်ဖို့ ယာယီအရေးပေါ် Helipad ကိုချက်ခြင်းတည်ဆောက်နိုင်ပါတယ်။


ကမ္ဘာ့အမြင့်ဆုံး Helipad ကို အိန္ဒိယစစ်တပ်ကဟိမဝန္တာတောင်တန်းမှာတည်ဆောက်ထားပါတယ်။ပင်လယ်ရေမျက်နာပြင်အမြင့် ၂၁၀၀၀ ပေမှာတည်ဆောက်ထားတာပါ။ကမ္ဘာ့အကြီးဆုံး Helipad ကအမေရိကားမှာရှိပါတယ်။ကန်းလွန်ရေနံတူးစင်ထောက်ပံ့ရေးအတွက်ပါ။ 


စစ်တပ် MEC ပိုင်ကန်သာယာဆေးရုံခေါင်မိုးပေါ်မှာ Helipad ရှိလို့အရေးပေါ်လူနာသယ်ယူပို့ဆောင်ရေးကိုအမြန်ဆောင်ရွက်ပေးနိုင်တယ်။ဆေးရုံပေါ်ကို ရဟတ်ယာဉ်ဆင်းလာတာလူအချို့မြင်ဖူးကြတယ်။


ရဟတ်ယာဉ်ခေါင်မိုးပေါ်ဆင်းတာ အရင်ကရုပ်ရှင်ထဲမှာပဲမြင်ရမယ်။အခုရန်ကုန်မှာမြင်နိုင်ပါပြီ။အထပ်မြင့်အဆောက်အဦးများလာလို့ နောက်ပိုင်းပိုမြင်ရပါတော့မယ်။

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.