အဆိပ်ဓါတ်ငွေ့လွတ်သတ်ဖြတ်ခြင်း

 အမေရိကန်တရားစီရင်ရေးရဲ့သေဒဏ်ငါးမျိုးထဲမှာအဆိပ်ဓါတ်ငွေ့လွတ်သတ်တာပါတယ်။ဆိုင်ယာနိုက် (Cyanide) အဆိပ်ငွေ့နဲ့သေဒဏ်ကျအကျဉ်းသားကိုအဆိပ်လွတ်သတ်ဖြတ်ခန်း (Gas Chamber) ထဲထည့်သတ်တာပါ။


အကျဉ်းသားအိပ်ခန်းထဲကိုဆိုင်ယာနိုက်ဓါတ်ငွေ့မှုတ်သွင်းပြီးသတ်ဖြတ်တာ ၁၉၂၄ ကအမေရိကားမှာလုပ်ခဲ့တယ်။ဒါပေမယ့်အခန်းမလုံတော့ဆိုက်ယာနိုက်အဆိပ်ငွေ့အပြင်စိမ့်ထွက်လို့ပထမဆုံးအကြိမ်အဆိပ်ဓါတ်ငွေ့လွတ်သတ်ဖြတ်တာမအောင်မြင်ခဲ့ဘူး။


ဒါကြောင့်အဆိပ်ဓါတ်ငွေ့လွတ်သတ်ဖြတ်နိုင်တဲ့လေလုံခန်း(Gas Chamber) တည်ဆောက်ခဲ့တယ်။ဒီသတ်ဖြတ်နည်းကိုအမေရိကန်ပြည်နယ်ငါးခုကပဲလက်ခံထားသေးတယ်(၂၀၁၆)။ကယ်လီဖိုနီးယားတရားရုံးတော်ကဒီအဆိပ်ဓါတ်‌ငွေ့လွတ်သတ်ဖြတ်တာကိုရက်စက်လွန်းပြီးပုံမှန်မဟုတ်တဲ့အပြစ်ဒဏ်ပေးမှုအဖြစ်သတ်မှတ်ထားတယ်။


သတ်ဖြတ်မယ့်သေဒဏ်ကျအကျဉ်းသားကိုကုတင်မှာမလှုပ်နိုင်အောင်ကြိုးနဲ့ချည်ထားတယ်။ကုတင်အောက်မှာငရဲမီး (Sulphuric Acid) အက်စစ်ကန်ရှိတယ်။ဆရာဝန်သုံးနားကြပ်ကိုအကျဉ်းသားရင်ဘတ်နဲ့ဆက်သွယ်ထားပြီးအခန်းအပြင်ကဆရာဝန်ကအကျဉ်းသားအခြေအနေစောင့်ကြည့်နေပါတယ်။သတ်ဖြတ်ရာမှပါတဲ့လူအကုန်လုံးအဆိပ်ငွေ့ခန်းထဲကထွက်ပြီးတာနဲ့ Gas Chamber အခန်းတံခါးပိတ်လိုက်တယ်။


ထောင်ဝါဒအချက်ပြလိုက်တာနဲ့

ပါးကွက်သားခလုတ်တချက်နိုပ်လိုက်တယ်။ဆိုင်ယာနိုက်အဆိပ်ပုံဆောင်ခဲကိုအကျဉ်းသားကုတင်အောက်အက်ဆစ်ငရဲမီးကန်ထဲကိုသွန်ချလိုက်တာပါ။ဆိုင်ယာနိုက်ပုံဆောင်ခဲနဲ့ငရဲမီးအက်ဆစ်ထိတွေ့တာနဲ့ချက်ခြင်းဓါတ်ပြုမှုဖြစ်ပြီးဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် (Hydrogen Cyanide) အဆိပ်ဓါတ်ငွေ့ထွက်လာတယ်။လူသတ်ကုတင်မှာတုပ်နှောင်ခံထားရတဲ့သေဒဏ်ကျအကျဉ်းသားဟာကြောက်လန့်စွာရုန်းကန်ပြီးအဆိပ်ငွေ့ကိုစရှုရှိုက်နေရပါပြီ။


အကျဉ်းသားဟာချက်ခြင်းသတိမေ့မသွားသေးဘူး။သူဟာမျက်လုံးပြူးထွက်လာပြီးအသားအရောင်ကခရမ်းဖျော့ဖျော့တဖြည်းဖြည်းပြောင်းလာတယ်။အကျဉ်းသားဟာအရမ်းထိတ်လန့်ပြီးကုပ်ချောင်းချောင်းဖြစ်သွားတယ်။ပြင်းထန်တဲ့အဆိပ်ငွေ့ရှုမိတဲ့ဝေဒနာကြောင့်သူ့ခေါင်းတဆပ်ဆပ်ခါနေပြီးခဏခဏခေါင်းညိမ့်ပြသလိုဖြစ်နေတယ်။အဆိပ်ငွေ့ရှုမိတဲ့ဝေဒနာပြင်းထန်လွန်းပြီးသူ့အဆုပ်ဟာအောက်ဆီဂျင်အလုံအလောက်မရလို့လူတကိုယ်လုံးတုန်ရီလာတယ်။


နောက်ဆုံးမှာသတ်ဖြတ်ခံရတဲ့အကျဉ်းသားဟာ Hypoxia ခေါ်တဲ့ဦးဏှောက်အောက်ဆီဂျင်ပြတ်တောက်မှုဖြစ်ပြီးသေဆုံးရပါတယ်။အကျဉ်းသားသေဆုံးသွားပြီဆိုရင်အဆိပ်ခန်းထဲဓါတ်ငွေ့ကိုကုန်အောင်ပန်ကာနဲ့အရင်မှုတ်ထုတ်ရတယ်။အဆိပ်ငွေ့အခန်းထဲကင်းသွားပြီဆိုတာသေချာမှ Ammonia ဓါတ်ငွေ့ထပ်ဖြန်းပြီး ဆာယာနိုတ်အဆိပ်ငွေ့အကြွင်းအကျန်ကိုထပ်ရှင်းထုတ်ပြစ်ရတယ်။


တစ်နာရီခွဲကြာပြီးမှထောင်ဝါဒါကဓါတ်ငွေ့ကာမျက်နာဖုန်းရာဘာခြေအိပ်လက်အိပ်စွပ်ပြီးအဆိပ်ဓါတ်ငွေ့ခန်းထဲဝင်လာကြတယ်။သေဆုံးနေတဲ့အကျဉ်းသားဆံပင်မှာကပ်ညှိနေတဲ့ဆိုင်ယာနိုက်အဆိပ်ငွေ့အမှုန်ကိုအရင်‌ပြောင်စင်အောင်ဆေးကြောပြီးမှအလောင်းကိုအခန်းအပြင်သယ်ထုတ်တယ်။


Source: Google

လွင်ဦး(ရန်ကင်း)

Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.