သေနတ်ကိုင်ဆောင်ခွင့်

 ၁၉၈၈ စစ်အာဏာသိမ်းတုံးကကျွန်တော့်အဖေပြောတာမှတ်မိတယ်။လူတိုင်းလက်ထဲသေနတ်တရားဝင်ရှိနေရင်စစ်တပ်တိုင်းအာဏာသိမ်းဖို့လွယ်လွယ်မစဉ်းစားဘူးတဲ့။ဘာလို့ဆိုတော့လူတိုင်းကသေနတ်နဲ့ကိုယ့်ကိုယ်ကိုယ်ကာကွယ်ကြတော့မှာတဲ့။


သေနတ်နောက်ခံရှိတဲ့စစ်ဗိုလ် (Fighting forces) နဲ့သေနတ်နောက်ခံမရှိတဲ့စစ်ဗိုလ်အနေအထားခြင်းမတူညီနိုင်ဘူးဆိုတာသမိုင်းမှာအများကြီးသက်သေပြခဲ့တယ်။


NRA (National Rifle Association) ဟာအမေရိကားမှာ ဩဇာပြည့်စုံတဲ့အသင်းကြီးဖြစ်တယ်။အမေရိကန်သမ္မတအဆက်ဆက်ဟာ NRA အရှိန်အဝါကိုမလွန်ဆန်နိုင်ကြဘူး။အမေရိကန်ခြေဥဒုတိယပြင်ဆင်ချက်အရမိမိကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်အတွက်အမေရိကားမှာလူတိုင်းသေနတ်ကိုင်ဆောင်ခွင့်ပေးထားတယ်။ဘယ်လိုသေနတ်မျိုးဖြစ်ရမယ်သတ်မှတ်ချက်ရှိတယ်။


အမေရိကန်တက္ကဆက်မူလတန်းကျောင်းပစ်ခတ်မှုဖြစ်ပြီးအမေရိကားမှာလူတိုင်းသေနတ်ကိုင်ဆောင်ခွင့်ဥပဒေကိုပြန်မျက်စောင်းထိုးလာကြတယ်။ဒါကြောင့် NRA ကမိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်အတွက်သေနတ်ကိုင်တာပြဿနာမဟုတ်ဘူးငြင်းဆိုခဲ့တယ်။NRA ဟာအမေရိကန်ခြေဥဒုတိယပြင်ဆင်ချက်ကိုအသေအလဲကာကွယ်နေတဲ့အမေရီးကားမှာဩဇာကြီးအဖွဲ့ ဖြစ်တယ်။


Semi Auto မောင်းပြန်ရိုင်ဖယ်သေနတ်ကို Fully Auto မောင်းပြန်ရိုင်ဖယ်သေနတ်ဖြစ်ဖို့ Bump Stock ခေါ်တဲ့သေနတ်အစိတ်အပိုင်းကိုထိမ်းချုပ်ဖို့ NRA အကြံပေးခဲ့ဖူးတယ်။Fully Automatic သေနတ်ဖြစ်စေတဲ့ Bump Stock ကိုအမေရိကန်ဒေါ်လာတရာကျော်နဲ့လက်နက်ဆိုင်မှာအလွယ်ဝယ်ယူနိုင်တယ်။ Semi Auto သေနတ်ကို Bump Stock တပ်လိုက်ရင် Fully Auto သေနတ်ဖြစ်သွားတယ်။


“ နိုင်ငံရေးအာဏာဆိုတာသေနတ်

ပြောင်းဝကထွက်တာ ” 


တရုပ်ပြည်မဟာခုန်ပျံကျော်လွှားရေးစီမံကိန်းလေးနှစ် (၁၉၅၈-၁၉၆၂) အတွင်းတရုပ်လူမျိုး ၄၅ သန်းကိုသတ်ဖြတ်ခဲ့တဲ့တရုတ်ကွန်မြူနစ်ခေါင်းဆောင်မော်စီတုံးပြောခဲ့ဖူးတယ်။ဒါကြောင့်သေနတ်ဆိုတာ "အာဏာပိုင်စိုးခြင်း" နဲ့သက်ဆိုင်တယ်။


DASSK က  “ သေနတ်ကိုင်တဲ့တပ်မတော်နဲ့သေနတ်မကိုင်တဲ့အဖွဲ့အစည်းကြားငြိမ်းချမ်းရေးကိုရှုမြင်ပုံခြင်းမတူညီနိုင်ဘူး” ပြောခဲ့တယ်။ဒါကြောင့်သေနတ်က "ငြိမ်းချမ်းရေး" နဲ့တိုက်ရိုက်သက်ဆိုင်တယ်။


၁၈၇၁ ခုနှစ်အမေရိကန်နိုင်ငံမှာတည်ထောင်ခဲ့တဲ့ဩဇာကြီး NRA အဖွဲ့အမှတ်တံဆိပ်။


Source : google

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.