ကွမ်းယာဗန်း

 ကွမ်းယာဗန်းဈေးသည်မတွေ့တာကြာပြီ။အရင်‌ခေတ်သီတင်းကျွတ်တန်ဆောင်တိုင်မိုးအလင်းရုပ်ရှင်မှာကွမ်းယာဗန်းဈေးသည်တွေ့လေ့ရှိတယ်။


ရန်ကင်းမိုးကောင်းဘုရားပွဲနဲ့ကျိက္ကဆံကွင်းပြည်ထောင်စုနေ့ပျော်ပွဲရွှင်ပွဲနဲ့ပြခန်းမှာတကွင်းလုံးကွမ်းယာဗန်းဈေးသည်တွေ့ရတတ်တယ်။အများအားဖြင့်အညာသားနဲ့ကုလားလေးတွေများတယ်။


အတည်တကျနေရာရှားပါးတဲ့အနေအထားမှာ Mobile ကွမ်းယာဗန်းမှာအားသာချက်အများကြီးတယ်။ဈေးသည်အခြင်းခြင်းနယ်မြေလုပွဲနဲ့နေရာငှားရမ်းခဈေးကြီးမြှင့်ဒဏ်ကွမ်းယာဗန်းခံစားစရာမလိုဘူး။


တချိန်ကတိုင်းနဲ့ပြည်နယ်ဘောလုံးပွဲကိုအောင်ဆန်းကွင်းဘောလုံးကွင်းမှာခြိမ့်ခြိမ့်သည်းကျင်းပခဲ့ကြဖူးတယ်။ကွမ်းယားဗန်းကြက်ဥ၊ဆိတ်သားခြောက်၊ရေခဲရေအရောင်းဈေးဗန်းသည်ပွဲကြည့်စင်လေးဘက်လေးတန်မှာရှိခဲ့ကြတယ်။ 


အောင်ဆန်းကွင်းမှာကွမ်းယာဗန်းနဲ့ဈေးရောင်းရင်ကြီးပွားချမ်းသာသွားတဲ့လူတယောက်တွေ့ဖူးတယ်။၁၉၈၂ - ၈၃ အညာသားတယောက် ရန်ကင်းပညာရေးကောလိပ်(ကံဘဲ့ဆရာအတတ်သင်ရှေ့) ရန်ကင်းတိုက်တန်းမှာ “ ဒီဇင်ဘာ Tea Shop  ” နာမည်နဲ့လဖက်ရည်ဆိုင်ဖွင့်ခဲ့တယ်။ဒီလဖက်ရည်ဆိုင်ပိုင်ရှင်အညာသားဟာတချိန်ကကွမ်းယာဗန်းလမ်းလျှောက်ဈေးသည်တဦးပါ။ 


ကြည့်မြင့်တိုင်ညဈေးဗိုလ်သူရလမ်းမှာလက်ရှိအောင်မြင်နေတဲ့ ကြေးအိုးဆီချက်ဆိုင်ပိုင်ရှင်ကသူဟာတချိန်ကကွမ်းယာဗန်းဈေးသည်တဦးဖြစ်တာကိုဂုဏ်ယူနေပြီးရင်းနှီးတဲ့သူ့မိတ်‌ဆွေများကိုပြောပြခဲ့ဖူးတယ်။

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.