တိမ်တမန်

 မိုးရာသီကိုတိတိပပရည်ညွှန်းစပ်ဆိုထားတဲ့ဂန္တဝင်သီချင်းတပုဒ်ဆိုရင် “ တိမ်တမန်” ကိုပြေးမြင်မိတယ်။စန္ဒယား(ဦး)လှထွဋ်ရဲ့ခန့်ညားတဲ့အသံဩဩကြီးကိုနူးညံ့တဲ့စန္ဒယားသံနဲ့စည်းချက်ကျကျပေါင်းစပ်ထားတာပါ။


“ တိမ်တမန်” သီချင်းကို(ဦး)မောင်မောင်လတ်(နောင်)ရေးဖွဲ့ပြီးစန္ဒယားလှထွဋ်သီဆိုခဲ့တယ်။နှစ်စဉ်မိုးရာသီရောက်ရင်မြန်မာ့အသံရေဒီယိုကကြားနေကျသီချင်းတပုဒ်ပါ။


…………………………….


မှိုင်းပြာမှုံဝေတိမ်မဲညိုရိပ်တွေ……..

တောင်ပြန်လေ..တပ်လှန့်ကာနိူး…

နိူးထလာပြီးလေ…တရွေ့ရွေ့လာချေပြီလေ…ပင်လယ်ဖြတ်သန်း…ရိုးမအပေါ်လွှားကျော်ကာလေ…

………………….


အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းနဲ့

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကရေခိုးရေငွေ့နဲ့ပြည့်လျှံနေတဲ့တိမ်ဆိုင်တိမ်ညိုခဲကြီးဟာအနောက်တောင်လေနဲ့အတူဘင်္ဂလားပင်လယ်အော်နဲ့ရခိုင်ရိုးမကိုလေဟုန်စီးဖြတ်ကျော်ပြီးမြန်မာနိုင်ငံထဲကိုဝင်ရောက်လာတာတင်စားရေးဖွဲ့ထားတာ။အနောက်တောင်လေနဲ့ပါလာတဲ့ 

ဒီရေခိုးရေငွေ့ကြောင့်မြန်မာနိုင်ငံအပါအဝင်အာရှတိုက်တောင်ပိုင်းမှာမိုးရာသီဖြစ်ပေါ်လာ‌စေပါတယ်။


တေးသီချင်းအများစုဟာချစ်မေတ္တာကိုဖွဲ့ဆိုထားတဲ့သီချင်းများပါတယ်။ “ တိမ်တမန် ” သီချင်းကချစ်တာတွေမေတ္တာတွေလုံးဝမပါပဲမိုးဦးရာသီကိုသီးသန့်ရည်စူးရေးစပ်ထားတဲ့ရှားပါးသီချင်းတပုဒ်ပါ။“ တိမ်တမန်” လိုပဲဆရာစန္ဒယားလှထွဋ်သီချင်းထဲကအကြိုက်ဆုံးသီချင်းတွေကိုချရေးကြည့်လိုက်မယ်။


သံရာတကွေ့ဝယ်

အလှသစ္စာတရား

အိပ်မပျော်သောညများ

တစ်ပြည်သူမရွှေထား

……………..


နိုင်ငံကျော်တေးဂီတပညာရှင်အကယ်ဒမီစန္ဒယားဦးလှထွဋ်ဟာ ၂၀၀၀ ပြည့်နှစ်မှာကွယ်လွန်ခဲ့တယ်။

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.