လူမျိုးခြားဝန်ကြီးချုပ်

 အင်္ဂလန်ဝန်ကြီးချုပ်ကကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဆုနက် (Mr.Rishi Sunak) ပါ။သူကအိန္ဒိယနွယ်ဖွားဗြိတိန်နိုင်ငံရေးသမားပါ။အင်္ဂလန်ရွှေ့ပြောင်းအခြေချအိန္ဒိယမိသားတခုမှဆုနက်ကိုမွေးဖွားခဲ့တယ်။ ၁၉၈၀ မွေးဖွားခဲ့လို့အသက် (၄၃) ပဲရှိသေးတယ်။ဆုနက်ဟာ Chancellor of the Exchequer ခေါ်တဲ့ဗြိတိန်အစိုးရဝါရင့်ဝန်ကြီးဖြစ်ခဲ့ဖူးတယ်။ဒါ့အပြင်ဗြိတိန်အစိုးရဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်ခဲ့တယ်။


ဥရောပသမဂ္ဂကအင်္ဂလန်နူတ်ထွက်ပြီးနောက်အကြီးမားဆုံးဘဏ္ဍာရေးပြဿနာရင်ဆိုင်နေရတဲ့ကာလအတွင်းလူမျိုးခြား "ဆုနက်" အင်္ဂလန်ဝန်ကြီးချုပ်ဖြစ်နေတာပါ။လောင်ဈေးနူန်းမြင့်တက်မှုနဲ့စီးပွားရေးကျဆင်းမှုနဲ့အခွန်လျှော့ချဖြတ်တောက်မှုဒဏ်အင်္ဂလန်အလူးအလဲခံနေရတဲ့အချိန်ဖြစ်ပါတယ်။


"ဆုနက်" ဟာ (၇) ပတ်အတွင်းအင်္ဂလန်မှာတတိယမြောက်ဝန်ကြီးချုပ်ဖြစ်ခဲ့တာပါ။သူဟာဗြိတိန်ရာဇဝင်မှာနှစ်ပေါင်းနှစ်ရာအတွင်းအသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်တဲ့အပြင်လူဖြူအင်္ဂလိပ်များရဲ့အကြီးအမှူးလူမျိုးခြားဟိန္ဒူကဝန်ကြီးချုပ်ဖြစ်လာတာပါ။ကွန်ဆာဗေးတစ်ပါတီဝင်ဆုနက်ဟာ ၂၀၁၅ ခုနှစ်အင်္ဂလန်ပါလီမန်ရောက်လာပြီး ၂၀၂၂ မှာ အင်္ဂလန်ဝန်ကြီးချုပ်ဖြစ်လာတာပါ။


ဝန်ကြီးချုပ်ဆုနက်အမျိုးသမီးမူတီး (Akshata Murty) ဟာအိန္ဒိယကုဋေကြွယ်သူဋ္ဌေးကြီးမူတီး (Narayana Murty) သမီးဖြစ်ပါတယ်။ဆုနက်တို့မိသားစုမှာသမီးမိန်းကလေးနှစ်ယောက်ရှိတယ်။ဆုနက်ယောက္ခမသူဋ္ဌေးကြီးမူတီးဟာဒေါ်လာ ၄.၅ ဘီလီယံချမ်းသာပြီးအိန္ဒိယ iT ကုမ္ပဏီကြီး Infosys ပူးတွဲတည်ထောင်သူပါ။


ဝန်ကြီးချုပ်ဆုနက်တို့လင်မယားဟာအမေရိကန်ဒေါ်လာသန်း ၈၀၀ ချမ်းသာပြီးအင်္ဂလန်မှာအဆင့် ၂၅၀ မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်ကြတယ်။ဆုနက်ဗြိတိန်နိုင်ငံရေးနယ်ပယ်မရောက်ခင် Lincoln ကောလိပ်နဲ့ Oxford က BA ဘွဲ့ရခဲ့တယ်။သူဟာနာမည်ကြီးရင်းနှီးမြုတ်နှံမှုအဖွဲ့ကြီး Goldman & Saches မှာလုပ်ကိုင်ခဲ့ဖူးတယ်။ဆုနက်ဟာ Stanford Uni မှာ MBA တက်နေတုံးဇနီးလောင်းမူတီးနဲ့ဆုံဆည်းခဲ့တာပါ။ 


မြန်မာအခေါ်  "ကုလား" တဦးဖြစ်တဲ့ဆုနက်ဟာအိန္ဒိယရွှေ့ပြောင်းမိသားစုကမြန်မာပြည်မှာမွေးဖွားလာခဲ့ရင်မြန်မာသမ္မတ၊မြန်မာစစ်ဗိုလ်ချုပ်၊ဝန်ကြီးချုပ်ဖြစ်ဖို့နေနေသာသာအစိုးရအဖွဲ့ဝင်ဝန်ကြီးတောင်မသေချာဘူး။၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေ၊နိုင်ငံသားဖြစ်မှုဆိုင်ရာ ၂၀၁၈ ခြေဥပုဒ်မ ၅၉(စ)နဲ့ကျဉ်း‌မြောင်းတဲ့အမျိုးဘာသာသာသနာဆိုင်ရာလွန်လွန်ကဲကဲကန့်သက်ချက်အမျိုးမျိုးကြောင့်အစိုးရရာထူးအမြင့်ဆုံးညွှန်ချုပ်ထက်ပိုမယ်မထင်ပါ။


နိုင်ငံသားဖြစ်မှုကန့်သက်ချုပ်ချယ်မှုအမျိုးမျိုးကိုခေတ်စနစ်နဲ့အညီဖြေလျှော့ပြီးမည်သည့်လူမျိုးမည်သည့်ဘာသာဝင်ဖြစ်ပါစေပြည်ထောင်စုမြန်မာနိုင်ငံအကျိုးကိုအရိုးကျေကျေအရည်ခန်းခန်းသူမတူအောင်ထူးထူးချွန်ချွန်ထမ်းဆောင်ပေးနိုင်မယ့် "ဆူပါလူသား" များမြန်မာနိုင်ငံအတွက်အစွမ်းပြခွင့်အလှည့်တချိန်ရောက်ရှိမယ်မျော်လင့်ပါတယ်။


Repost

Source : Google

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.