ဆေးခြောက်

 မြန်မာနိုင်ငံမှာရှေးဘုရင်များလက်ထက်မှဒီနေ့ခေတ်အထိ "ဆေးခြောက်" ကြောင့်ထောင်ကျဘဝပျက်ခဲ့ရသူလူသိန်းပေါင်းများစွာရှိနေတယ်။ဆေးခြောက်တကျပ်သားလက်ဝယ်တွေ့လို့ပြိုကွဲပျက်စီးသွားကြတဲ့မိသားစုတွေအများကြီးပါ။


ဒါပေမယ့် " ဆေးခြောက် " ကိုနိုင်ငံအများစုကတိုင်းပြည်အကျိုးအတွက်သတ်မှတ်ချက်နဲ့အခုလက်ခံနေကြပါပြီ။ဥပဒေနည်းဥဒေများကိုခေတ်နဲ့အညီပြင်ဆင်၊ပယ်ဖျက်၊ဖြည့်စွက်အချိန်မှီမလုပ်နိုင်ကြတဲ့အစိုးရတိုင်းမှာတာဝန်ရှိတယ်။


၂၀၁၉ ကမန္တလေးတိုင်းမြို့သာစက်မှုဇုံမှာဆေးခြောက်စိုက်ခင်းဖမ်းမိလို့အရေးယူထားတဲ့သတင်းလူတွေစိတ်ဝင်စားခဲ့ကြတယ်။မြေဧက ၆၀ ကျော်မှာစိုက်ပျိုးထားတဲဆေးခြောက်ယူဆရတဲ့စိုက်ခင်းပါ။ဆေးခြောက်အပင်ပေါင်းသုံးသိန်းခွဲနီးပါးဆေးခြောက်မျိုးစေ့ ၃၈၀ ကီလိုဂရမ်နဲ့အတူအခြားဓါတုဗေဒပစ္စည်မျိုးစုံဖမ်းဆီးရမိခဲ့တယ်။


အဲ့ဒီတုန်းကအစိုးရပိုင်သတင်းစာကနဦးဖေါ်ပြချက်မှာကင်ဆာရောဂါပျောက်ဆေးထုတ်လုပ်ဖို့စိုက်ပျိုးထားတာတွေ့မိတယ်။နောက်ပိုင်းမူးယစ်ဆေးဝါအမှုနဲ့ရဲကစိုက်ခင်းတာဝန်ခံကိုဖမ်းဆီးလိုက်တယ်ဖေါ်ပြခဲ့တယ်။


သတင်းအချို့မှာဆေးခြောက်အနွယ်ဝင် Hemp ပင်ဖေါ်ပြထားတယ်။တကယ်လို့အခုစိုက်ခင်းဟာ Hemp စိုက်ခင်းသာဆိုရင်တိုင်းပြည်အတွက်ဝင်ငွေရနိုင်မယ့်ရှေ့ပြေးစိုက်ခင်းလို့တောင်ပြောနိုင်ပါတယ်။


ဆေးခြောက် (Marijuana) နဲ့ ဆင်တူတဲ့ Hemp ဆေးခြောက်မျိုးစိတ်တမျိုးရှိတယ်ကမ္ဘာ့သတင်းအချို့မှာဖေါ်ပြထားတယ်။မြန်မာနိုင်ငံမှာဆေးခြောက်ကိုမူးယစ်ဆေးသတ်မှတ်ထားလို့တရားမဝင်ပေမယ့် Hemp အပင်ကိုမူးယစ်ဆေးတရားဝင်သတ်မှတ်ထားတာအခုထိမရှိသေးဘူး။


အပင်ကနေကင်ဆာကာကွယ်ဆေးထုတ်မယ်ဆိုရင်လည်းအစိုးရရဲ့ကြိုတင်ခွင့်ပြုချက်လိုတယ်။အပင်ကနေအဆီထုတ်ထားတာတွေ့တယ်အစိုးရအစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဋ္ဌာနကတာဝန်ရှိသူပြောခဲ့ဖူးတယ်။


ဆေးခြောက်ကို E လိုအမျိုးမျိုးခေါ်ကြတယ်။Marijuana,Cannabis,Weeds အစုံခေါ်ကြတယ်။Weeds ဆိုတာပေါင်းပင်လိုမျိုးကိုယ်မစိုက်ပဲသူ့အလိုလိုအလေ့ကျပေါက်တဲ့အပင်မျိုးကိုခေါ်တာ။မြို့သာစက်မှုဇုံမှာဖမ်းမိတဲ့စိုက်ခင်းက Hemp စိုက်ခင်းသာဆိုရင်ဆေးခြောက်သတ်မှတ်လို့ရသေးမှာမဟုတ်သေးဘူး။ 


Hemp ဆိုတဲ့အပင်ဟာ Marijuana မဟုတ်ပဲသီးခြားအပင်မျိုးစိတ်ဖြစ်ကြောင်းရုက္ခဗေဒပညာရှင်များသတ်မှတ်ထားပြီးယူဆပါတယ်။ဒါပေမယ့်မြန်မာအခေါ်ဆေးခြောက် (Marijuana), Cannabis နဲ့ Hemp ဟာ မျိုးစိတ် (Species) တခုထဲကဆင်းသက်လာတယ်နှစ်ပေါင်းများစွာယူဆခဲ့ကြတယ်။


ယေဘူယျအားဖြင့်ဆေးခြောက်နဲ့ Hemp ဟာတူညီသလိုထင်ရပေမယ့်အမှန်တော့ Marijuana, Cannabis နဲ့ Hemp တို့ဟာ

ကွဲပြားတဲ့မျိုးစိတ်များဖြစ်ကြတယ်။ဆေးခြောက်ပင်နဲ့ Hemp အပင်ကြည့်လိုက်ရင်ပုံသဏ္ဍန်တူသလိုရှိပေမယ့်ဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်ရင်မျိုးစိတ်နှစ်ခုမတူညီမှုကိုတွေ့ရှိရမယ်။


ဆေးခြောက်နဲ့ Hemp ကိုအရွက်ခြင်း၊အဖူးခြင်း၊အငုံခြင်း၊ကိုင်းခြင်း၊အပင်ခြင်းတိတိကျကျနိုင်းယှဉ်ကြည့်ရင်ဇီဝနဲ့ဓါတုဖွဲ့စည်းပုံတူညီမှုများကိုရုက္ခဗေဒသုတေသနပညာရှင်များရှာဖွေတွေ့ရှိထားတယ်။


အနောက်နိုင်ငံများမှာ Hemp ကိုစက်မှုကုန်ကြမ်းသီးနှံအဖြစ်တရားဝင်အမြောက်အများစိုက်ပျိုးကြတယ်။ဆေးခြောက်ခွင့်ပြုတဲ့နိုင်ငံများမှာဆေးခြောက်ကိုစိတ်အပန်းဖြေစေဖို့နဲ့ဆေးဝါးဖေါ်စပ်ရာမှာအသုံးပြုဖို့အတွက်ဆေးခြောက်စိုက်ခင်းတည်ထောင်ထားကြတယ်။မြန်မာအိမ်နီးခြင်းထိုင်းနိုင်ငံလည်းအခုခွင့်ပြုလိုက်ပါပြီ။


စက်မှုကုန်ကြမ်းသီးနှံဖြစ်တဲ့ Hemp ဆီက CBD (Cannabinoids)ဓါတ်တမျိုးကိုထုတ်ယူတယ်။CBD ဟာဒီနေ့အဆင့်မြင့်စားသောက်ကုန်နဲ့စက်မှုထုတ်ကုန်နည်းပညာကုန်ထုတ်လုပ်မှုဖြစ်စဉ်တိုင်းမှာပါဝင်နေတယ်။


ဆေးခြောက်အနွယ်ဝင်စက်မှုကုန်ကြမ်းသီးနှံ Hemp နဲ့ပတ်သက်ပြီးကမ္ဘာအဝှမ်းညှိနိူင်းဆွေးနွေးမှုအများကြီးရှိနေတယ်။အမေရိကန်နိုင်ငံမှာ ၂၀၁၈ ကစပြီး Hemp ကို တရားဝင်စက်မှုကုန်ကြမ်းသီးနှံအဖြစ်စိုက်ပျိုးခွင့်ပြုထားတယ်။ဆေးခြောက်နဲ့ Hemp သွင်ပြင်လက္ခဏတူညီပေမယ့်ဇီဝဓါတုဖွဲ့စည်းပုံကွဲပြားမှုကြောင့် Hemp ကိုဆေးခြောက်ပြောလို့မရနိုင်ဘူး။


ဆေးခြောက်မှာပါဝင်တဲ့လူကိုမူးယစ်ထုံထိုင်းစေတဲ့ THC (tetrahydrocannabinol ) ခေါ်တဲ့ဓါတ် Hemp မှာနည်းနည်းပဲပါတယ်။ဆေးခြောက်မှာ THC 5 - 20% ပါပေမယ့် Hemp မှာ THC အများဆုံး 0.3%  ပဲပါတယ်။ဒါကြောင့် THC 0.3% အောက်ပါဝင်ရင် Hemp သတ်မှတ်ပြီး 0.3% နဲ့အထက်ပါဝင်ရင်ဆေးခြောက် (Marijuana) သတ်မှတ်ထားတယ်။ 


ဒါပေမယ့် Hemp မှာမူးယစ်ဆေးပါလို့အမေရိကားလိုနိုင်ငံမှာတောင် Hemp ကိုလိုင်စင်ရှိမှစိုက်ပျိုးလို့ရတယ်။စိုက်ပျိုးထွက်ရှိတဲ့ Hemp ရဲ့ THC ပါဝင်မှုကို 0.3% ထက်မကျော်အောင်အမြဲစောင့်ကြပ်ပေးတယ်။စက်မှုကုန်ကြမ်း Hemp စိုက်ပျိုးရတာအခြားသီးနှံတွေထက်ပိုတွက်ချေကိုက်လို့တောင်သူအများစုက Hemp ကိုစိုက်ပျိုးဖို့ဆန္ဒရှိကြတယ်။


Hemp အပင်ကထွက်တဲ့လျှော်မျှင်ကိုအဆင့်မြင့်အထည်လုပ်ငန်းမှာအသုံးပြူတယ်။ Hemp ပန်းပွင့်အဖြစ်လည်းစျေးကွက်ဝင်ပါတယ်။အမေရိကန်နိုင်ငံမြောက်ကာရိုလိုင်းနားမှာ Hemp ပန်းပွင့်စျေးကွက်ကောင်းကောင်းရှိတယ်။


ဒါ့အပြင် Hemp အဆီ (CBD)ကိုအဆင့်မြင့်စက်မှုလုပ်ငန်းများမှာအသုံးပြုနေပါတယ်။Hemp ကရတဲ့ CBD အဆီကိုယားယံကိုက်ခဲခြင်းနဲ့စိတ်ကစင့်ကလျှားရောဂါကိုကုသတဲ့အဆင့်မြင့်ဓါတုဆေးဝါးဖေါ်စပ်ရာမှာအသုံးပြုနေတယ်။ဒါပေမယ့်မူးယစ်ထုံထိုင်းစေနိုင်တဲ့ CBD နဲ့ပတ်သက်ပြီးသက်ဆိုင်ရာနိုင်ငံတည်ဆဲဥပဒေများကိုပြန်လည်သုံးသပ်ဖို့လိုလိမ့်မယ်။


နိုင်ငံကြီးတွေမှာမူယစ်ဆေးအနွယ်ဖြစ်ပေမယ့်လူ့သားတွေအတွက်အကျိုးများစွာရှိတဲ့ Hemp အပင်စီးပွားဖြစ်စိုက်ပျိုးမှုနဲ့ပတ်သက်ပြီးအန္တရယ်မရှိအောင်အတိအကျဆောင်ရွက်နေကြပါပြီ။အန္တရယ်ရှိနိုင်ပေမယ့်အဘိုးတန်ရွှေအပင် Hemp ကိုပြည်သူ့အကျိုးအတွက်တရားဝင်စိုက်ပျိုးလုပ်ကိုင်နိုင်စေဖို့မြန်မာအစိုးရကနည်းလမ်းရှာဖွေနိုင်မယ်မျော်လင့်တယ်။


တကယ်တော့အဘိုးတန် Hemp အပင်ဟာ မူးယစ်ထုံထိုင်းအပင် Cannabis မျိုးစိတ်တခုဖြစ်တယ်။Hemp မျိုးစိတ်ကို Cannabis Sativa ခေါ်တယ်။ Cannabis ကိုမူးယစ်အုပ်စုထဲထည့်ထားပေမယ့် Hemp ကိုလူသားအကျိုးပြုစက်မှုကုန်ကြမ်းသီးနှံအဖြစ်နိုင်ငံတကာမှာသတ်မှတ်ထားတယ်။


လွန်ခဲ့တဲ့နှစ်ပေါင်းတထောင်ထဲက Hemp ပင်ကထွက်တဲ့လျှော်ကိုအသုံးပြုနေကြပါပြီ။စက္ကူစက်ရုံ၊အထည်အလိပ်၊ပလတ်စတစ်၊သုတ်ဆေး၊ဇီဝလောင်စာအစားအသောက်နဲ့တိရိစ္ဆန်အစာထုတ်လုပ်မှုမှာ Hemp ကိုအသုံးပြုနေကြပြီ။


Hemp အဆီ CBD ကိုသင်္ဘောဆေး၊အလှကုန်

ပစ္စည်းအမျိုးမျိုးမှာအသုံးပြုနေကြပါတယ်။Hemp အစေ့ကိုတိရိစ္ဆန်အစာအဖြစ်အသုံးပြုပါတယ်။ ၂၀၀၃ ခုနှစ်ဥရောပနိုင်ငံမှာရောင်းချနေတဲ့ Hemp အစေ့ ၉၅% ကိုငှက်နဲ့တိရိစ္ဆန်အစာအဖြစ်အသုံးပြုခဲ့တယ်။


အရှေ့တောင်အာရှနိုင်ငံမှာထိုင်းနဲ့

တောင်ကိုရီးယားနိုင်ငံဟာ Cannabis အနွယ်ဝင်ဆေးခြောက် (Marijuana) ကိုအစိုးရတင်းတင်းကြပ်ကြပ်ထိမ်းချုပ်မှုအောက်မှတရားဝင်စိုက်ပျိုးထုတ်လုပ်ခွင့်ပြုထားတယ်။


မူဆလင်နိုင်ငံဖြစ်တဲ့မလေးရှားမှာ

မူးယစ်ဆေးဝါးကိုအရင်သေဒဏ်ပေးခဲ့ပေမယ့်ဆေးခြောက်နဲ့ပတ်သက်ပြီးသဘောထားပျော့ပြောင်းလာပါပြီ။ထိုင်းနိုင်ငံမှာ Cannabis နဲ့ Marijuana လျှော်ထုတ်ပြီးအထည်အလိပ်လုပ်ငန်းမှာအသုံးပြုနေတာကြာပါပြီ။


ဆေးခြောက်ဟာတရုတ်ရိုးရာဆေးဝါးအမည်အမျိုးငါးဆယ်ထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်းလေးထောင်ထဲကပါဝင်တယ်။ တရုတ်နိုင်ငံ Hemp စိုက်ပျိုးထုတ်လုပ်မှုကမ္ဘာ့စျေးကွက်ရဲ့ ၇၀% ရှိတယ်။


ဆေးခြောက်ကိုဆေးဝါးလုပ်ငန်းအတွက်စိုက်ပျိုးထုတ်လုပ်တာထိုင်းနိုင်ငံမှာခွင့်ပြုထားပေမယ့် မူးယစ်စေတတ်သောပစ္စည်းအဖြစ်အသုံးပြုတာဥပဒေကသတ်မှတ်ထားတာပယ်ဖျက်လိုက်ပြီ။


ကနေဒါနိုင်ငံမှာကမ္ဘာမှာပထမဆုံးဆေးခြောက်စိုက်ပျိုးထုတ်လုပ်ရောင်းချခွင့်ပြုတဲ့နိုင်ငံဖြစ်ပြီးနှစ်စဉ်အမေရိကန်ဒေါ်လာငါးဘီလီယံအရောင်းပမာဏရှိမယ်ခန့်မှန်းထားတယ်။


ကမ္ဘာမှာဆေးခြောက်ကိုဆေးဝါး

ကိစ္စအတွက်တရားဝင်အသုံးပြုဖို့ခွင့်ပြုထားတဲ့ ဒိန်းမတ်၊နယ်သာလန်၊အစ္စရေး၊အီတလီ၊ပြင်သစ်၊ကနေဒါအပါအဝင်နိုင်ငံသုံးဆယ်ကျော်ရှိတယ်။


Cannabis ဆိုတာဆေးခြောက်ပင်သိပ္ပံဆိုင်ရာနာမည်ဖြစ်တယ်။Cannabis  မျိုးကွဲများစွာရှိပြီး Marijuana နဲ့ Hemp အပင်များဟာဆေးခြောက်မျိုးကွဲများဖြစ်တယ်။


ဒါပေမယ့်မျိုးကွဲတခုခြင်းမှာပါဝင်တဲ့ဇီဝဓါတုပစ္စည်းများမတူညီကြပါဘူး။Cannabis မျိုးကွဲတမျိုးဖြစ်တဲ့ Marijuana ကမူရင်းမက္ကဆီကန်စကားဖြစ်ပြီးနောက်ပိုင်းကမ္ဘာတခုလုံး Marijuana သုံးကြပါတယ်။ဆေးဝါးလုပ်ငန်းမှာအသုံးပြုတာလူသိနည်းပြီးမူးယစ်ဆေးလို့ပဲအများသတ်မှတ်ကြပါတယ်။


မြို့သာစက်မှုဇုံမှာဖမ်းမိခဲ့တဲ့စိုက်ခင်းကဆေးခြောက်ပင် (Marijuana) မဟုတ်ပဲ Cannabis မျိုးကွဲတခုဖြစ်တဲ့ Hemp စိုက်ပျိုးခင်းသာဆိုရင်အစိုးရကတနည်းတဖုံစဉ်းစားသင့်တယ်။Cannabis ဆိုတာမွေးပျံသောသစ်သီးသစ်ဥအနံ့အဓိပ္ပါယ်ရတဲ့ရှေးဟောင်းဂရိစကားဖြစ်ပါတယ်။


Hemp နေလူသုံးကုန်ဆေးဝါး၊အစားအစာအမည်ပေါင်း၂၅၀၀၀ ထုတ်လုပ်နိုင်တယ်။တန်ဘိုးရှိရှိအသုံးပြုနိုင်မယ်ဆိုရင် Hemp  ကမြန်မာပြည်အတွက်ရွှေပင်ပါ။


လက်ရှိမှာ Hemp ကထုတ်လုပ်တဲ့စျေးကွက်ဝင်ပစ္စည်းအမယ်များစွာရှိတယ်။THC ပါဝင်မှု 0.3%  ထက်လျှော့နည်းတဲ့ Hemp စိုက်ပျိုးမှုကိုစီးပွားရေးလာဘ်မြင်တဲ့နိုင်ငံကြီးများတရားဝင်စိုက်ပျိုးနေကြပြီ။တဧကကို Hemp အပင် ၂၅၀၀ စိုက်ပျိုးနိုင်ပြီးတန်ဘိုးအမေရိကန်ဒေါ်လာ ၆၀၀၀၀/ ရှိတယ် (၂၀၁၉)။


မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့နှစ် ၃၀ ကပြဋ္ဌန်းထားတဲ့ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများဥပဒေ (၁၉၉၃) ကိုခေတ်စနစ်နဲ့လျှော်ညီအောင်၊တိုင်းပြည်အကျိုးစီးပွားရှိအောင်အစိုးရကပြင်ဆင်ဖြည့်စွက်နိုင်မယ်မျော်လင့်တယ်။ 


Hemp ပင်လားဆေးခြောက်ပင်လားခွဲခြားနိုင်မှုမြန်မာပြည်မှာလုံလောက်တဲ့နည်းပညာရှိဖို့မျော်လင့်တယ်။တိုင်းပြည်အတွက်အကျိုးရှိစေမယ့်ခေတ်ပေါ်စိုက်ပျိုးမှုကိုအစိုးရကလှေနံဒါးထစ်အမျိုးသားရေး၊ဘာသာရေးယဉ်‌ကျေးမှုအကြောင်းပြဇွတ်မတားပဲတည်ဆဲဥပဒေကိုပြင်ဆင်ဖြည့်စွက်နိုင်မယ်ယုံကြည်ပါတယ်။


Source : Google

လွင်ဦး(ရန်ကင်း) 


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.