လျှပ်စစ်

 အိမ်ကပေးလိုက်တဲ့မီတာစာရွက်ကိုကောင်တာပေါ်တင်ပေးလိုက်တယ်။ပိုက်ဆံကမီတာစာရွက်ထဲမှာလိပ်ထားပြီးသား။ဘာမှရည်တွက်စရာမလိုဘူး။အတိအကျပဲ။အန်းစရာမလိုဘူး။


အသက် ၁၃ - ၁၄ နှစ်သားကလေး

တယောက်အတွက်ရန်ကင်း ထ(၁)ရှေ့မီတာရုံးကောင်တာကအများကြီးမြင့်နေတယ်။သံဇာကာအနောက်ကစက်ခန်းထဲမှာအစိမ်းပုတ်ရောင်စက်အကြီးတလုံးနဲ့ အသက် ၃၀ လောက်ဦးလေးကြီးတယောက်ရှိတတ်တယ်။


“ ဂျလောက်…ဂျလောက်…ချပ်ချပ်ချပ်...ဂျလောက်လောက်…ဂျောက်” 


မီတာဆောင်တဲ့စက်ကြီးတွန်းထိုး

ရုန်းကန်သံနဲ့အတူမီတာဆောင်တဲ့

စက်ခန်းထဲကအသံစုံကြားနေရတယ်။ခဏနေမီတာစာရွက်အပိုင်းလေးကောင်တာပေါ်ပြန်ထွက်လာတယ်။


ရန်ကင်း အထက(၁)ရှေ့မီတာရုံးကရန်ကင်းမြို့နယ်အတူဖြစ်ပေါ်လာတာပါ။ကျွန်တော်တို့လူမှန်းသိတတ်စမှတ်မိတဲ့အရွယ်ထဲကရှိတယ်။မီတာပေးချိန်ပဲရုံးဖွင့်တတ်ပြီးကျန်အချိန်ပိတ်ထားလေ့ရှိတယ်။အထက(၁)ရှေ့မီတာရုံးနဲ့ ၁၂ လုံးတန်းတိုက် ၂၀၁  အိုးအိမ်ရုံးကငယ်ငယ်ကမကြာခဏရောက်ခဲ့တဲ့နေရာဟောင်းအချစ်ဟောင်းတွေပါ။


၁၉၈၈ အရေးတော်ပုံကာလရန်ကုန်မှာမီးပြတ်တာမကြားမိဘူး။ညနေ ၆ နာရီကာဖြူးထုတ်ထားတဲ့ညဆိုလည်းမီးမပျက်ဘူး။လမ်းပေါ်  "ဒို့အရေး" အော်နေကြလည်းမီးပျက်တာမကြားမိဘူး။အရေးတော်ပုံကာလလျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်း(EPC/YESC ) MD ဗမက(ငြိမ်း)ခင်မောင်သိန်းပါ။၁၉၈၉ နဝတစစ်အာဏာရှင်အစိုးရလက်ထက်မှာ EPC MD ကနေစွမ်းအင်မှာဝန်ကြီးဖြစ်သွားတာမှတ်မိတယ်။


မီတာခတိုးတဲ့သတင်းက ဖဘပေါ်မှာအတော်လှုပ်လှုပ်ခပ်ခပ်ဖြစ်ခဲ့ဖူးတယ်။ဝင်ငွေထွက်ငွေချင့်ချိန်သုံးစွဲနေရတဲ့ကာလကြီးမှာမီတာခစျေးတက်တာကလူတိုင်းအပေါ်အနည်းနဲ့အများရိုက်ခပ်မှုဖြစ်ခဲ့တယ်။ကျားကြီးခြေရာကြီးပါ။


မီးသုံးစွဲသူအများစုစောကဒတက်ကြတဲ့အထဲမှာကျသင့်တဲ့မီတာယူနစ်မှန်မမှန်ထိပ်ဆုံးမှာရှိတယ်။လျှပ်စစ်ဓါတ်ဟာတိုင်းပြည်အတွက်အလွန်အရေးကြီးမှန်းသိလို့အုပ်ချုပ်သူအစိုးရအဆက်ဆက်ပုံမှန်အခက်ကြုံရတယ်။လျှပ်စစ်ဓါတ်အားရဖို့နည်းလမ်းပေါင်းစုံနဲ့ဆောင်ရွက်နေကြရတယ်။


မြန်မာနိုင်ငံမှာလျှပ်စစ်ဓါတ်ထုတ်လုပ်ဖြန့်ဖြူးတဲ့ဖြစ်စဉ်မှာလျှပ်စစ်ဓါတ်အားလျှော့နည်းပျောက်ဆုံးမှု ၂၅.၂၅% (၂၀၁၉) ဖြစ်လို့ကမ္ဘာ့အဆိုးရွားဆုံးလျှပ်စစ်ပျောက်ဆုံးမှုထဲပါဝင်နေတယ်။ငွေတသိန်းလစာရရင်နှစ်သောင်းခွဲကျော်လမ်းမှာကျပျောက်သွားသလိုပဲ။သုံးစရာဘာမှမကျန်တော့ဘူး။လက်မခံနိုင်လောက်တဲ့ဒီ ၂၅.၂၅% လျှပ်စစ်ပျောက်ဆုံးမှုကိုကျဆင်းအောင်အစိုးရလုပ်နိုင်ခဲ့ရင်မီတာခတိုးကောက်တဲ့နည်းလမ်းအပြင်အစိုးရငွေပိုဝင်လာမှာပါ။


ဒါ့အပြင်ခေတ်အဆက်ဆက်ပျက်စီးနေတဲ့လျှပ်စစ်ဖြန့်ဖြူးရေးလိုင်းနဲ့မီတာဘောက်စ်များကိုအစိုးရကအသစ်လဲလှယ်ပေးနေတယ်(၂၀၁၉)။ရန်ကုန်မှာ OMR (Off-site meter reading)လိုအဝေးကမီတာလှမ်းဖတ်တဲ့ Digital Meter သုံးနေကြတာကြာပါပြီ။မီတာရုံးဝန်ထမ်းကမီတာ ၃၀၀ အကွာကနေယူနစ်ဘယ်လောက်လဲလှမ်းဖတ်လို့ရတယ်။OMR စနစ်နဲ့ပတ်သက်ပြီး YESC ရဲ့ရှေ့ပြေးထိမ်းချုပ်ခန်းကိုဒေါပုံမြို့နယ်မှာဖွင့်ထားတယ်။ရန်ကုန်မြို့မှာမီတာဘောက်စ် ၁ သန်း ကျော်ရှိပြီးမီတာ ၅ သိန်းကျော်ကို OMR digital မီတာနဲ့ပြောင်းလဲတပ်ဆင်ပြီးပြီ။(၂၀၁၉)


ဒေါပုံမှာရှိတဲ့မီတာထိမ်းချုပ်ခန်းကနေမီတာ ၁၀၀ အတွင်းမှာမီတာယူနစ်ကိုအဝေးကလှမ်းဖတ်နိုင်တယ်။မီးသုံးစွဲသူကိုယ်တိုင်လည်းကိုယ့်မီတာဘယ်လောက်ကျတယ်ဆိုတာကိုကြည့်နိုင်ပါတယ်။အမှန်တကယ်ကျသင့်တဲ့မီတာယူနစ်နဲ့မီတာရုံးကဖေါ်ပြထားတဲ့မီတာယူနစ်ကွာခြားမှုနဲ့ပတ်သက်ပြီးလျှပ်စစ်မီးသုံးစွဲသူစောဒကတက်တယ်ဆိုတာအခုမှမဟုတ်ဘူး။


ပစ္စည်းအားနည်းချက်လူအားနည်းချက်ဆိုတာနေရာဋ္ဌာနတိုင်းမှာရှိတတ်ပါတယ်။စနစ်အားနည်းချက်ကိုအစိုးရကိုယ်တိုင်လိုလိုလားလားပြောင်းယူမှရမှာပါ။ရန်ကင်းတိုက်ခန်းမှာတတ်ဆင်ထားတဲ့မီတာအဟောင်းကို Electro-mechnical မီတာ (Analog မီတာ) ခေါ်တယ်။YESC အသစ်ပြောင်းလဲတတ်ဆင်ပေးတဲ့ OMR မီတာကို Digital မီတာခေါ်တယ်။


YESC မသိဘဲလျှပ်စစ်မီးကိုခိုးသွယ်လို့မရအောင် Digital မီးအားတိုင်းတာတဲ့ပစ္စည်းကိုမြိုနယ်ရပ်ကွက်တိုင်းရဲ့လျှပ်စစ်မီးဖြန့်ဖြူးရေးစနစ်ပေါ်မှာတတ်ဆင်ထားပြီးသား။မြို့နယ်တခုအတွင်းမှာလျှပ်စစ်မီးခိုးသွယ်ရင်မိနစ်ပိုင်းအတွင်းဘယ်နေရာမှာလဲဆိုတာလျှပ်စစ်ဝန်ထမ်းတန်းသိတယ်။အုပ်သဲကျောက်တပုံတွေ့ရင်ဘယ်အိမ်လည်းစည်ပင်ဝန်ထမ်းချက်ခြင်းတန်းပြောနိုင်သလိုပဲ။


ရှေ့ပြေးစီမံကိန်းအနေနဲ့ရန်ကုန်တိုင်းလှိုင်မြို့နယ်မှာ digital မီတာအလုံး ၄၀၀ ကျော်ကို ၂၀၁၄ ခုနှစ်မှာစပြောင်းလဲတပ်ဆင်ပေးခဲ့တယ်။မီတာယူနစ်ဘယ်လောက်ကျလဲဆိုတာအင်တာနက်ကတဆင့်ကြည့်နိုင်တယ်။


မီတာဖတ်စာရေးကလက်ကိုင်မီတာဖတ်ပစ္စည်းလေးနဲ့ဓါတ်တိုင်ပေါ် တိုက်နံရံပေါ်မှာရှိတဲ့ OMR မီတာကိုလှမ်းချိန်ပြီးကျသင့်ယူနစ်ကိုအဝေးကဖတ်နိုင်တယ်။လက်ကိုင်မီတာဖတ်စက်ကို HHU (Hand-Held Unit) ခေါ်ပြီးမီိတာ ၃၀၀ အကွာအဝေးအထိလှမ်းဖတ်နိုင်ပါတယ်။လက်ကိုင် HHU နဲ့ 

အဝေးမှတတ်ထားတဲ့ OMR digital မီတာကိုလှမ်းဖတ်ပြီးမီတာထဲကအချက်အလက်အကုန်လုံးကူးယူနိုင်တယ်။


မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်းကိုလွှတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်ထဲကစတင်ခဲ့တယ်။လျှပ်စစ်ဓါတ်အားပေးရေးဘုတ် (ESB) Electric Supply Board 

ခေါ်ပြီးစက်မှုဝန်ကြီးဋ္ဌာနအောက်မှာရှိခဲ့တယ်။


မြန်မာ့လျှပ်စစ်ဥပဒေကိုလွတ်လပ်ရေးရပြီး ၁၉၄၈ မှာပြဋ္ဌန်းပြီး EPC (Electric Power 

Corporation) ပြောင်းခေါ်ခဲ့တယ်။

ကျွန်တော်တို့လူငယ်ဘဝအများစုမှာအရေးတော်ပုံမဖြစ်ခင် ၁၉၈၈ အထိ EPC ခေါ်ခဲ့တယ်။


၁၉၇၅ မှာစက်မှု(၁)နဲ့စက်မှု(၂)ဝန်ကြီးဋ္ဌာနနှစ်ခုကွဲသွားတော့ EPC ကစက်မှု(၂)အောက်ရောက်သွားပါတယ်။၁၉၈၅ မှာစွမ်းအင်ဝန်ကြီးဋ္ဌာနအောက်ရောက်တယ်။နဝတစစ်အစိုးရခေတ် ၁၉၉၇ လျှပ်စစ်ဝန်ကြီးဋ္ဌာနအောက်ပြန်ရောက်သွားတယ်။ ၁၉၈၉ မှာ EPC ကို MEPE (Myanma Electric Power Enterprise) ပြောင်းခေါ်ပြန်တယ်။


ရန်ကုန်တိုင်းနဲ့ဆိုင်တဲ့လျှပ်စစ်မီးပေးလုပ်ငန်းကို YESC (Yangon Electricity Service Corporation) ပြောင်းခေါ်ခဲ့ပါတယ်။ရန်ကင်းဖြစ်လို့ YESC Yankin သုံးတာပါ။ရန်ကင်းမှာမီတာခကောက်ခံတဲ့ရုံးပဲရှိပြီးလျှပ်စစ်နဲ့ပတ်သက်တဲ့ရုံးလုပ်ငန်းကိုတောင်ဥက္ကလာပုဏ္ဏမီမှာရှိတဲ့လျှပ်စစ်ရုံးကဆောင်ရွက်တယ်ထင်ပါတယ်။ 


လျှပ်စစ်ကိုပုဂ္ဂလိကကိုင်ရင်ဈေးကွက်သဘောအရ "ကြိုက်သလောက်စား၊ကျသလောက်ရှင်း " သီအိုရီနဲ့အညီ မီတာခကျသလောက်ရှင်းနိုင်ရင် ၂၄ နာရီမီးရတယ်ဆိုတာထူးထူးဆန်းဆန်းမဟုတ်ဘူး။


ကျွန်တော်မှတ်မိသလောက်မိုးရာသီလျှပ်စစ်မီးအလှည့်ကျပေးတာအခု ၂၀၂၃ ကပထမဦးဆုံးနှစ်ထင်တယ်။ဆက်သွယ်ရေးကဏ္ဍကိုပုဂ္ဂလိကနဲ့အတူပြောင်းလဲလိုက်လို့ SIM ကဒ်လမ်းပေါ်အော်ရောင်းရတဲ့အဆင့်ရောက်သွားပါပြီ။လျှပ်စစ်ကဏ္ဍကိုလည်းဗဟိုဦးစီးစနစ်နဲ့အခုလိုအစိုးရမနိုင်ဝန်ထမ်းမနေပဲပုဂ္ဂလိကကဏ္ဍပီပီပြင်ပြင်ပြောင်းလဲလိုက်ရင် “ လျှပ်စစ်နဲ့လောကနိဗ္ဗန်တည်အံ့ ” ဆိုတဲ့အစိုးရအဆက်ဆက်မျော်လင့်ခဲ့တဲ့လျှပ်စစ်ဆောင်ပုဒ်အကောင်အထည်ဖေါ်လာမယ်ထင်တယ်။

Source: Google

လွင်ဦး(ရန်ကင်း) 


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.