Shafraz Rd, Yangon

 ရှပ်ဖရဇ် (Shafraz)လမ်းပါ။ရန်ကုန်မှာရှေးအကျဆုံးလမ်းတခုဖြစ်ပါလိမ့်မယ်။နဝတစစ်အစိုးရခေတ် ၁၉၉၀ နောက်ပိုင်း “ဘဏ်လမ်း” ပြောင်းခေါ်ခဲ့တယ်။ကမ်းနားလမ်းအကောက်ခွန်ရုံးကြီးအနောက်ဘက်၊ပင်စင်ဦးစီးဋ္ဌာန၊ဘဏ်(၁)ဘဏ်(၄)များတည်ရှိရာ အရှေ့ - အနောက်လမ်းဖြစ်တယ်။ဘဏ်လမ်းအရှေ့ဘက်ကပန်းဆိုးတန်း(အောက်ဘလောက်)ဖြစ်ပြီးဘဏ်လမ်းအနောက်ဘက်ကဆူးလေဘုရားလမ်းပါ။


Mr.Shafraz ဟာအာမေးနီးယန်းလူမျိုးကန်ထရိုက်တဦးဖြစ်ပါတယ်။ပင်လယ်ရေကြောင်းကုန်စည်ဆိပ်ကမ်းရှင်းလင်းရေး (Custom Clearing)လုပ်ငန်းလုပ်ကိုင်ခဲ့ဟန်တူတယ်။ဒါ့အပြင် Shafraz လမ်းထဲကရန်ကုန်မြို့မှာအစောဆုံးဟိုတယ်တလုံးကိုပိုင်ဆိုင်ခဲ့တယ်ပြောကြတယ်။ 


ကန်ထရိုက်တာကြီး Mr.Shafraz ဟာမြန်မာနိုင်ငံအောက်ပိုင်းကိုသိမ်းပိုက်ထားတဲ့အင်္ဂလိပ်ရဲ့ရန်ကုန်မြို့ပြတည်ဆောက်ရေးကို အများကြီးအကူအညီပေးခဲ့ပါလိမ့်မယ်။ဒါကြောင့်လမ်းနာမည်နဲ့သူဂုဏ်ပြုခံခဲ့ရတာပါ။


ဘယ်ဘက်အဆောက်အဦးဟာဒုတိယကမ္ဘာစစ်အတွင်းဗုံးကြဲလို့တပိုင်းတစပျက်စီးနေတာဒီနေ့ခေတ်အထိမြင်နိုင်ပါသေးတယ်။ပန်းဆိုးတန်းလမ်းဘက်ခြမ်းအဆောက်အဦးကိုတရားမဆိုင်ရာတရားရုံးအဖြစ်ဖွင့်လှစ်ထားတယ်။ ရှပ်ဖရဇ်လမ်းဘက်အခြမ်းမှာပင်စင်ဦးစီးဋ္ဌာနာရှိတယ်။ပင်စင်ဦးစီးအနောက်ဘက်ကမ်းနားလမ်းမပေါ်မှာအကောက်ခွန်ရုံးချုပ်ရှိတယ်။


ဓါတ်ပုံထဲကညာဘက်အဆောက်အဦးမရှိတော့ဘူး။အခုအစိုးရဘဏ်(၂)နဲ့ဘဏ်(၄)အဆောက်အဦးရှိကြတယ်။ အစိုးရဘဏ်(၂)အဆောက်အဦးက ဖဆပလခေတ်က Standard Charter ဘဏ်ဖြစ်ပါတယ်။


တခုထူးဆန်းတာက “ Shafraz Rd ” ဆိုင်းဘုတ်အပြာကဗုံးထိမှန်လို့ပြိုကျပျက်စီးခဲ့တဲ့အဆောက်အအုံနရံမှာဒီနေ့အထိရှိနေပါသေးတယ်။ရန်ကုန်မြို့တော်စည်ပင်နဲ့ “ရန်ကုန်မြို့ပြအမွေအနှစ်ထိမ်းသိမ်းရေးအဖွဲ့” က Shafraz လမ်းဆိုင်းဘုတ်ကိုအမှတ်တရထိမ်းသိမ်းစောင့်ရှောက်ထားတယ်ယူဆပါတယ်။

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.