မျက်လုံးအရောင်

 မျက်လုံးကိုအရောင်အမျိုးမျိုးနဲ့တင်စားကြပတယ်။မျက်လုံးစိမ်းနဲ့မိန်းကလေးဆိုရင်စိမ်းကားတတ်တဲ့ရက်စက်တတ်တဲ့မိန်းကလေးကိုညွှန်းတာ။


နီရဲနေတဲ့မျက်လုံးဆိုတာဒေါသအမျက်ထွက်နေတဲ့မျက်လုံးကိုတင်စားတာ၊ရီဝေဝေမျက်လုံး၊မျက်ရည်လဲ့နေတဲ့မျက်လုံး၊စူးရှတဲ့မျက်ဝှန်းတစုံ။မြန်မာစကားမှာမျက်လုံးကိုတင်စားထားတာအများကြီးရှိတယ်။


ကျီးကန်းတောင်းမှောက်မျက်လုံး၊

မျက်ကလဲဆန်ပြာ၊မျက်ကဲခတ်၊

မျက်ကြောတင်း၊မျက်မှောင်ကြုပ်၊

မျက်ကွင်းကျ၊မျက်ခြေပြတ်၊မျက်စပစ်၊မျက်စိကျ၊မျက်စိသငယ်၊မျက်စိလည်၊

မျက်စောင်းခဲ။


မိသားစုထဲအသိထဲမှာအများအားဖြင့်အနက်ရောင်မျက်လုံးများတယ်။သူငယ်ချင်းထဲမှာမျက်လုံးအနက်ရောင်မဟုတ်ပဲရှားရှားပါးပါးအညိုလိုလိုနည်းနည်းဆန်းတဲ့အရောင်မျိုးရှိတတ်တယ်


အထူးသဖြင့်ဥရောပသားမျက်လုံးကမြင်နေကျအနက်ရောင်မျက်လုံးမဟုတ်ဘူး။ကပြားမျက်လုံးအရောင်ကမြင်နေကြမျက်လုံးအရောင်မဟုတ်ဘူး။ညိုဖန့်ဖန့်အရောင်ခေါ်မလား


မြန်မာမျက်လုံးအရောင်ကသာမန်အားဖြင့်အနက်ရောင်ပါ။အချို့က အနက်မဟုတ်ပဲညိုလဲ့လဲ့၊စိမ်းဖန့်ဖန့် မျက်လုံးအရောင်ရှိလို့ကြောင်မျက်လုံးခေါ်လေ့ရှိတယ်။အများအားဖြင့် ကပြားစပ်ရင်မျက်လုံးအရောင်နည်းနည်းပါတယ်။အနက်စစ်စစ်မဟုတ်တတ်ဘူး။


မျက်လုံးအရောင်ဆိုတာတကယ်တော့မျက်ဝန်း (Iris)အရောင်ကိုပြောတာ။မျက်စိမျက်ကြည်လွှာအနောက်ဘက်မှာရှိတဲ့ အဝိုင်းကွင်းသဏ္ဍန်အမြေးပါးကိုမျက်ဝန်းခေါ်တယ်။


မျက်ဝန်းမှာ Melanin ခေါ်တဲ့ 

အရောင်ပါတဲ့ဆိုးဆေးဓါတ်တမျိုးရှိတယ်။မျက်ဝန်းမှာပါတဲ့ Melanin အညိုရောင်ဆိုးဆေးဟာ မျိုးရိုးဗီဇ နဲ့ဆိုင်တယ်။အသားရောင်၊ဆံပင်ရောင်က Melanin နဲ့ဆိုင်တယ်။


မျက်ဝန်းမှာ Melanin အများဆုံးဖြစ်ရင်မျက်လုံးအညိုရောင်ဖြစ်ပြီး Melanin အနည်းဆုံးဖြစ်ရင်မျက်လုံးအပြာရောင်ဖြစ်ပါမယ်။ မျက်ဝန်းမှာပါတဲ့ Melanin ဓါတ်ဟာမျက်လုံးကို နေရောင်မှာပါတဲ့ အန္တရယ်ပေးနိုင်တဲ့ရောင်ခြည်ဒဏ်မှကာကွယ်ပေးတယ်။မျက်ဝန်းအရောင်ကမျက်လုံးအရောင်ပါ။


Melanin အရောင် ၆ မျိုးရှိတယ်။

ပယင်း၊အပြာ၊အညို၊မီးခိုးမှိုင်း၊အစိမ်း၊ညိုစိမ်းဖန့် (Hazel) နဲ့အနီရောင်တို့ဖြစ်တယ်။အနောက်နိုင်ငံအယူအဆအရမျက်လုံးပြာဟာအပျိုကြီးလူပျိုကြီးပိုများတယ်။


မျက်လုံးပြာသမားဟာဆွဲဆောင်မှုရှိတယ်။သန့်ရှင်းသတ်ရပ်ပြီးငြိမ်းငြိမ်းချမ်းချမ်းရှိလေ့ရှိတယ်။မျက်လုံးပြာသမားဟာစွယ်စုံဗဟုသုတကိုကိုယ်စားပြုတယ်။မျက်လုံးပြာကိုဥရောပမြောက်ပိုင်းနဲ့ဘော်လတစ်ပင်လယ်ဒေသမှာအများအားဖြင့်တွေ့ရတယ်။ကမ္ဘာ့လူဦးရေ ၈% ဟာ မျက်လုံးပြာလူမျိုးဖြစ်တယ်။


မျက်လုံးပြာသမားဟာမျက်လုံးအရောင်ထဲမှာဆွဲဆောင်မှုအရှိဆုံးအရောင်ပါ။မျိုးရိုးဗီဇဆိုင်ရာအချက်အလက်အချို့ကြောင့် အဖေအမမျက်လုံးပြာပေမယ့် ကလေးမျက်လုံးပြာဖို့မသေချာဘူး။မွေးစကလေးမျက်လုံးပြာပေမယ့် နောင်မျက်ဝန်းထဲက Melanin ပမာဏအပြောင်းအလဲကြောင့် မျက်လုံးညိုမျက်လုံးစိမ်းပြောင်းသွားနိုင်တယ်။


ဂျာမန်အဓိပတိအဒေါ့ဖ်ဟစ်တလာ ပြောဘူးတယ်။ဂျာမန်လူမျိုးဟာ အာရိယန် (Aryan)အမျိုးအနွယ်ကဆင်းသက်လာတယ်။အခြားလူမျိုးထက်ပိုမြင့်မြတ်တယ်၊အသားဖြူတယ်၊အရပ်မြင့်တယ်၊ရွှေရောင်ဆံပင်နဲ့အပြာရောင်မျက်လုံးပိုင်ရှင်လို့ညွှန်းထားတယ်။

Ref : Wikipedia 

#လွင်ဦး_ရန်ကင်း 


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.