Posts

Showing posts from August, 2023

သူနာပြုအကူ

 ဗဟိုစည်ဆေးရုံပေါ်ကအမေ့အတွက် Special Nurse နေ့ညနှစ်ယောက်ခေါ်ခဲ့ရတယ်။ရောက်လာတဲ့နှစ်ယောက်က Special Nurse မပြောနဲ့သူနာပြု(အကူ) တောင်မဟုတ်လောက်ဘူး။ မေးကြည့်တော့သူနာပြု(အကူ) သင်တန်းဆင်းဆိုပဲ။လုပ်ရည်ကိုင်ရည်ကြည့်ရတာလူနာစောင့်သာသာပဲ။ဒါတောင်သူ့ကိုလွယ်လွယ်ခေါ်လို့မရဘူး။အဆက်အသွယ်နဲ့ခေါ်မှရောက်လာတာ။  “ ဂျူတီဆက်တိုက်ဝင်နေရလို့မအားဘူး….အန်ကယ်လ်....အခုတောင်အားနာရမယ့်အမတယောက်ပြောလို့ဝင်ပေးတာ ”  Apple ဖုန်းလက်ထဲကိုင်ထားပြီးအခန်းထဲရောက်ရောက်ခြင်းခပ်ကြွားကြွားလေးပြောလိုက်တာ။လက်စွပ်၊လက်ကောက်နားကပ်လက်ဝတ်ရတနာတခုမှမပါပဲခြေသည်းလက်သည်းသန့်သန့်ရှင်းရှင်းဖြစ်တာကိုကြည့်ပြီးအမှတ်နည်းနည်းပေးမိတယ်။ သူနာပြုဟာအလုပ်ခွင်မှာလက်ဝတ်ရတနာမဝတ်ဆင်ရဘူး။ဘောပင်တချောင်းရင်ပတ်ထိုးထားတဲ့ဆေးရုံကြီးကသူနာပြုဘယ်သူမှအလုပ်ချိန်မှာလက်ဝတ်ရတနာမဝတ်ဆင်ကြဘူး။ သူနာပြု(အကူ)အခေါ်အပြောအာရုံဏှောက်စရာပေမယ့်အမတွေအစီအစဉ်ဆိုတော့အသာကြည့်နေလိုက်တယ်.နောက်ဆုံးအချိန်ကိုရောက်နေတဲ့အမေကတော့ကုတင်ပေါ်မှာမလှုပ်နိုင်တော့ဘူး။ အမေ့ကိုထမိန်လဲတာ၊ရေပတ်တိုက်တာ၊အစာပိုက်ထဲထည့်တာအကုန်လူနာရှင်မိသားစုပဲဝိုင်းလုပ်ကြတယ်။သူနာပြု(အကူ)ဆိုတဲ့လူနာစောင့်ဖက်တီးကဟိုနားယောင်လိုက်ဒီနားယ

ရှစ်လေးလုံး

 ၁၉၈၈ ရှစ်လေးလုံးမဖြစ်ခင်နှစ်ရက်ကသွေးစိမ်းရှင်ရှင်အလောင်းခေါင်းမိုးပေါ်တင်ထားတဲ့ဒိုင်နာတစီးလမ်းနီ(စက်မှု ၁ လမ်း)မှာတွေ့ခဲ့တယ်။လူတွေရပ်ကြည့်နေတဲ့ဘက်ကိုအလောင်းဆံပင်ကိုဆွဲပြီးအလောင်းမျက်နာလှန်ပြတယ်။ ဒိုင်နာကားပေါ်ကဆန္ဒပြသူတွေကစက်မှု (၁) Canteen နဲ့ ကပ်ရက်လမ်းနီလေးမှာအော်ဟစ်သွားလို့ Canteen မှာရှိတဲ့စက်မှု(၁) ဝန်ထမ်းတွေက “ တို့အရေး…တို့အရေး ” ဝိုင်းပြီးသံပြိုင်ဟစ်ကြွေးခဲ့ကြတယ်။ ၈ လေးလုံးမှာဘာတခုမှစွမ်းစွမ်းတမံဆောင်ရွက်ခဲ့တာမရှိဘူး။အဲ့ဒီတုံးကစက်မှု(၁)ဝန်ထမ်းဖြစ်လို့စက်မှု(၁)ဝန်ထမ်းပေါင်းစုံဆန္ဒပြပွဲမှာအများနည်းတူပါဝင်ခဲ့တယ်။ လမ်းနီလေးစက်မှု(၁)ကနေအောင်ဆန်းကွင်းအရှေ့ဘက်တန်းအထိ စက်မှု(၁)ဆန္ဒပြအဖွဲ့တွေနဲ့အတူလမ်းလျှောက်ချီတက်ခဲ့တယ်။ယောင်္ကျားမိန်းမအကုန်စက်မှု(၁)ယူနီဖောင်းအပြည့်အစုံဝတ်ထားရတယ်။ ကမ္ဘာအေးဘုရားလမ်းလမ်းအတိုင်းရွှေတိဂုံအရှေ့မုဒ်ရေခဲဆိုင်မှတ်တိုင်အထိစက်မှု(၁) ဆန္ဒပြလူတန်းကြီးချီတက်ခဲ့ကြတယ်။ကန်တော်ကြီးနေအထက်ပန်းဆိုးတန်းလမ်းအထိဆက်ချီတက်ခဲ့ကြတယ်။ လမ်းမှာစက်မှု(၂) ဆန္ဒပြအဖွဲ့၊အခြားဋ္ဌာနဆိုင်ရာဆန္ဒပြအဖွဲ့တွေအများကြီးတွေ့တယ်။အသင့်ရေးထားပြီးစာကူးစက်လှည့်ထားတဲ့ကြွေးကျော်သံစာရွက်လေးတွေကိုင်ပြီးတ

အမေ

 ဆေးရုံကုတင်ပေါ်မှာပျော့ခွေပြီးအမေလှဲနေတယ်။အစာမဝင်လို့အစာပိုက် လေမရှုနိုင်လို့အောက်ဆီဂျင်ပိုက်တတ်ထားလို့အမေအနေကြပ်နေတယ်။ထစရာမလိုပဲလှဲရက်အပေါ့်အပါးသွားလို့ရတဲ့သေးခံကိုအမေ့ခန္ဓာကိုယ်အောက်မှာမကြာခဏလဲပေးနေရတယ်။အမေ့ပါးစပ်ကငြီးတွားသလိုသက်ပြင်းချသလိုပင့်သက်ရှိုက်သလိုအသံတိုးတိုးကြားနေရတယ်။ အမြဲမျက်လုံးပိတ်ပြီးမှိန်းနေတတ်တယ်။တခါတခါအားငယ်တဲ့အကြည့်နဲ့ဟိုဟိုဒီဒီကြည့်တတ်တယ်။အသိလုံးဝလွတ်မသွားသေးပေမယ့်အရာရာဝေတေဝါးတားဖြစ်နေသလိုအမေခံစားနေရတယ်ထင်တယ်။သေမင်းရဲ့တံခါးဝကိုအမေတလှမ်းခြင်းသွားနေပါပြီ။ “ မေ့ …သားပါ……ကိုဖြူပါ ” “ မေ့…သားပါ....ကိုပေါက်ပါ ” အမေကကျွန်တော့်ကိုနာမည်နှစ်ခုခေါ်တယ်။ကိုဖြူခေါ်တယ်။ကိုပေါက်ခေါ်တယ်။အမေခေါ်တဲ့နာမည်နှစ်ခုနဲ့အမေ့မျက်နာကိုကြည့်ပြီးတိုးတိုးခေါ်နေတာပါ။ ကျွန်တော်ကအမေကို  “ မေ့ ” လို့ခေါ်တယ်။ ဒါပေမယ့်အမေကကျွန်တော်ကို တစိမ်းတယောက်လိုကြည့်နေတယ်။ဘယ်သူမှန်းအမေကောင်းကောင်းမသိတော့ဘူး။အမေကျွန်တော့်ကိုတစိမ်းတယောက်လိုကြည့်တာဘဝမှာအခုမှမြင်ဘူးတယ်။စိတ်ထဲတမျိုးကြီးပဲ။ တလအတွင်းဆေးရုံနှစ်ရုံသုံးခါမြောက်တက်ပြီးအမေ့မှတ်ဥာဏ်ချို့ယွင်းပျက်စီးသွားပါပြီ။အမေနဲ့အမြဲအနီးကပ်နေတဲ့အမကြီးကိုမှတ်မိသယောင်မျက်နာမ

Killing me softly with this song.

 အကြိုက်ဆုံးဘိုသီချင်းထဲမှာ “ Killing me softly with his song “ ကိုချန်ထားလို့မရဘူး။Roberta Flack သီဆိုပြီး ၁၉၇၃ ခုနှစ်ကထွက်ခဲ့တဲ့ Just Like a Women အခွေထဲကသီချင်းပါ။ အမေရိကားနဲ့ကနေဒါမှာနံပတ်တစ်လူကြိုက်အများဆုံးဖြစ်ခဲ့ပြီးဂီတမှတ်တမ်းတစ်ခုဖြစ်တဲ့ UK Single Chart မှာနံပတ် ၆ အဆင့်ဝင်ခဲ့ဘူးတယ်။Roberta Flack ကဒီသီချင်းနဲ့ ၁၉၇၃ မှာ Grammy Award ရခဲ့တဲ့အပြင်အကောင်းဆုံးအမျိုးသမီး POP အဆိုရှင်ဆုကိုရရရှိခဲ့တယ်။ "Killing me softly with his song " သီချင်းဟာအဆိုတော်များ Version ပေါင်းများစွာနဲ့ပြန်ဆိုခံခဲ့ရတဲ့ Soul အမျိုးအစားကမ္ဘာကျော်သီချင်းတစ်ပုဒ်ဖြစ်တယ်။ Strumming my pain with his fingers...Singing my life with his words...Killing me softly with his song... Killing me softly  with his song ...Telling my whole life ...with his words ....Killing me softly with his song..... Version အမျိုးမျိုးထဲက ၁၉၉၆  ခုနှစ်ကထွက်ခဲ့တဲ့ Hip Hop အဖွဲ့ Fugees ရဲ့ version ကိုခံစားလို့ရအောင် Link ချထားပေးမယ်။ http://www.mediafire.com/listen/iau4ybb560b6o1h/killing_me_softly_with_his_song.MP3 Source : SoundC

AK 47

 ၈၈၈၈ အရေးတော်ပုံပြီးကာစရပ်ကွက်ထဲကင်းလာစောင့်တဲ့တပ်မ (၂၂) ကရဲဘော်နဲ့ရင်းနှီးခဲ့တယ်။သူကိုင်တဲ့ G3 (BA 63)ကိုတောင်းကြည့်ဖူးတယ်။ကျည်ကဒ်ဖြုတ်ပြီးလက်နှစ်ဘက်နဲ့မောင်းတင်ကြည့်တာဘယ်လိုမှဆွဲမရဘူး။ရဲဘော်ကလက်တဖက်နဲ့အေးအေးဆေးဆေးမောင်းဆွဲတင်ပြတာမှတ်မိတယ်။ ကမ္ဘာ့ထိပ်တန်းတိုက်ခိုက်ရေးသေနတ် AK 47 ကိုအရင်ဆိုဗီယက်ပြည်ထောင်စု (ရုရှား)ကထုတ်လုပ်ခဲ့တယ်။သေနတ်ဒီဇိုင်းရေးဆွဲခဲ့တဲ့ပညာရှင် Mikhail Kalashnikov နာမည်ကိုယူထားတာပါ။ရုရှားကဒီသေနတ်ကို Kalash ခေါ်တယ်။47 ဆိုတာဆိုဗီယက်တပ်မတော်လက်နက်မှတ်ပုံတင်နံပါတ်။ ၁၉၄၆ ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ ဒီသေနတ်အစွမ်းကိုရုရှားအသိအမှတ်ပြုခဲ့ပြီး ၁၉၄၉ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းဆိုဗီယက်တပ်နီတော်အပြင်ဝါဆောစစ်စာချုပ် (Warsaw Pacts) အဖွဲ့ဝင်အရှေ့ဥပရောပနိုင်ငံများတရားဝင်ထိုးစစ်သုံးတိုက်ခိုက်ရေးသေနတ်အဖြစ် AK 47 ကိုသတ်မှတ်ခဲ့တယ်။ နှစ်ပေါင်း ၇၀ အတွင်းမှာ AK 47 မျိုးကွဲပေါင်းများစွာပေါ်ထွက်လာတဲ့အထိသေနတ်အစွမ်းကိုနိုင်ငံပေါင်းများစွာစစ်တပ်များအသိအမှတ်ပြုကြတယ်။  AK 47 နဲ့ပြိုင်ဘက်အမေရိကန် M 16 သေနတ်ထက်စာရင်ပြုပြင်ထိမ်းသိမ်းမှုအဆင့်မြင့်မလိုဘူး။ထုတ်လုပ်မှုစားရိပ်သက်သာတယ်။ဆိုးရွားတဲ့ရာသီဥတုနဲ့

သမီးမွေးနေ့

 ဒီနေ့ကျွန်တော့်သမီးမွေးနေ့ပါ။လူ့ဘဝမှာပြီးပြည့်စုံတဲ့ကလေးနှစ်ယောက်ကိုကျွန်တော့်ကိုယ်စားလူသားမျိုးဆက်အဖြစ်ချန်ထားနိုင်ခဲ့တယ်။ကလေးနှစ်ယောက်လုံးဗိုက်ခွဲမွေးခဲ့ပြီးသမီးကအငယ်ပါ။ သမီးကိုယ်ဝန်ဆောင်ထားစဉ်ကာလထူးခြားတာကကိုယ်ဝန်အရင့်အမာဖြစ်နေချိန်မှာဗိုက်ထဲမှာလှုပ်တာပါ။သားကြီးကိုယ်ဝန်တုံးကအမေ့ဗိုက်မလှုပ်ပေမယ့်သမီးကိုယ်ဝန်မှာအမေ့ဗိုက်သိသိသာသာလှုပ်ခဲ့တယ်။လှုပ်ရုံမကခြေထောက်လက်တခုခုနဲ့သူ့အမေဗိုက်ကိုအထဲတွန်းကစားသလိုဖြစ်ခဲ့တယ်။ ကိုယ်ဝန် ၆ -၇ လမှာသူ့အမေပြလို့ကြည့်လိုက်တာဗိုက်ကိုသားအိမ်ထဲကလက်ဒါမှမဟုတ်ခြေထောက်သေးသေးလေးနဲ့တွန်းကစားနေလားမသိဘူး။ဗိုက်ဟိုကဖောင်းလာလိုက်ဒီကဖောင်းလာလိုက်။ ဗဟိုအမျိုးသမီးဆေးရုံမှာ PR (Private Room) တန်းရတယ်။ကပ်ရပ် PR အခန်းကမိုးဇလလူကြီးရဲ့သမီးတယောက်။ဗဟိုအမျိုးသမီးဆေးရုံးကြီးကိုပထမသားမွေးထဲကကျွမ်းနေပြီဆိုတော့‌ ဆေးရုံဘယ်ကဝင်ရင်ဘယ်ကိုရောက်မယ်။ဘယ်လုံခြုံရေးရှိရင်ဘယ်လိုဖြတ်သွားရမယ်ဆိုတာသိနေပြီ။  "သား" တုံးကအမျိုးသမီးဆေးရုံပထမဆုံအတွေ့အကြုံဆိုတော့အတော်ဗျာများသွားခဲ့တယ်။သမီးမွေးတဲ့နှစ်မှာသူတို့ကြီးတော် (ကျွန်တော့်မရီး OG ဆရာဝန်မကြီး)ကနယ်မှာတာဝန်ကျနေတယ်။သားမွေးတုံးကကြီးတော်က ဗဟိုအမ

ဘဲဥ

 “ ဘဲဥဘယ်လောက်လဲ ” “ ၄၀၀ ” ၁၉၈၈ အထိပြန်တမ်းဝင်အရာရှိလစာ ၄၅၀/ကျပ်။ဘဲဥတလုံးတကျပ်တကျပ်ခွဲရှိခဲ့တယ်။အခုဘဲဥတလုံး ၄၀၀/ဆိုပဲ။နှစ်ပေါင်း (၃၅)နှစ်အတွင်းမြန်မာနိုင်ငံပျက်စီးဆုတ်ယုတ်ကျဆင်းခြင်းအမှတ်လက္ခဏာတခုပါ။၂၀၂၃ ဘဲဥတလုံးပေါက်ဈေးဟာ ၁၉၈၈ ခုနှစ်အစိုးရပြန်တမ်းဝင်အရာရှိတယောက်တလစာပါ။ ဘဲဥသည်ကဈေးသာရောင်းနေရတယ်။မှိုင်တိုင်တိုင်ငေါင်တောင်တောင်နဲ့။အရောင်းအဝယ်မကောင်းလို့ထင်တယ်။ကိုယ်ကဘာမှမမေးရသေးဘူး။သူကပြောပြတယ်။ “ ဦးလေးရေ…ကိုယ်ရင်းရတဲ့ငွေသာများလာတယ်…ရတဲ့ကုန်ပစ္စည်းကနည်းနည်းလေး..ရတဲ့အမြတ်ကဒီ‌လောက်ကဒီလောက်ပဲ…နေ့ပြန်တိုးယူရောင်းရတာအခန့်မသင့်ရှုံးအုံးမယ်” ကျွန်တော်ကဘဲဥကိုနားမလည်ပဲနားလည်သလိုဟိုကိုင်ကြည့်ဒီကိုင်ကြည့်လုပ်ရင်း။ “ ဘယ်ကဥလဲ” “ ဖျာပုံက” ဈေးသည်ကပျင်းရိပျင်းတွဲဖြေတယ်။ဘဲဥဈေးလာမေးပြီးမဝယ်ပဲနဲ့အင်တာလာဗျုးနေလို့။ “ ဖျာပုံကဘဲဥလား”  “ ဖျာပုံမြို့ပေါ်တော့မဟုတ် ဘူး…အနားကရွာတွေကစုကောက်ပြီးဖျာပုံမြို့ပေါ်ကဘဲဥဒိုင်ဆီပြန်သွင်းကြတာ ” “ ဟ…ဖျာပုံ…ညီလေးကိုယ်တိုင်သွားဝယ်တာလား” “ ဟာ…ဦးလေးကလည်း…ဘယ်လိုသွားဝယ်မှာလဲ..ဖုန်းနဲ့မှာလိုက်ရင်ဆိုင်လာချပေးတာ ” “ ဟုတ်လား..တလုံးဘယ်ဈေးဆိုပြီးဝယ်ရတာလား ” ဈေးသည်လေးကခေါင်းတဗျင်းဗျင်းကုပ်

ရန်ကုန်

 ကုန်လွန်ခဲ့တဲ့နှစ်တွေကိုပြန်စဉ်းစားရင်အဖြူအမဲရုပ်ရှင်ကားတစ်ကားကြည့်နေရသလိုပဲ။တရွေ့ရွေ့နဲ့ကုန်ဆုံးသွားတယ်။ဟိုတကွက်ဒီတကွက်ဆောင်းတွင်းအိမ်မက်လိုလို၊နွေလယ်ခေါင်အိမ်မက် လိုလို၊မိုးတွင်းနေ့ခင်းအိမ်မက်လိုလို။ အင်တာနက်မှာဟိုခေါက်ဒီခေါက်လုပ်ရင်းဒီဓါတ်ပုံတွေ့လို့ခဏငေးမိတယ်။အရင်ခေတ်ဆူးလေပန်းခြံပါ။ကြော်ငြာဆိုင်းဘုတ်ရှိပြီးအထူးသဖြင့်အခပေးရှုးရှုးပေါက်လို့ရတဲ့ရန်ကုန်မြို့လယ်ခေါင်ပန်းခြံကြောင့်ထင်ရှားတယ်။ပန်းခြံမဖြစ်ခင်ကအာမေးနီးယမ်းသင်းချိုင်းဟောင်း။ မိုးတွင်းဆိုတောင်ဥက္ကလာရန်ကင်းကလာတဲ့ ၇ (အနီ)ဘတ်စ်ကားဆူးလေဂိတ်ရောက်ပြီဆိုတာနဲ့လူကြီးအများစုပန်းခြံအိမ်သာကိုပြေးကြရတယ်။ပြီးမှလိုရာခရီးဆက်သွားကြ။ တကယ်ဆိုပန်းခြံဆိုတာနာမည်ပဲ။လမ်းဘေးဈေးသည်နဲ့အခြေအနေမဲ့ထိုင်နေကြတာများတယ်။လမ်းဘေးဈေးသည်ဖမ်းဖို့ချောင်းနေတဲ့ ဇင်ပြာဝတ်စည်ပင်ဂဋ္ဌုန်အဖွဲ့ပန်းခြံထဲမကြာခဏတွေ့ရတတ်တယ်။ ပုံထဲမြင်နေရတဲ့လူပျံတော်ပတ္တမြားသွေးဆေး၊ကမ္ဘောဇလွယ်အိပ်ကြော်ငြာဆိုင်းဘုတ်အနောက်မှာအခပေးအိမ်သာ ရှိတယ်။ညစ်ပတ်တာပြောမနေနဲ့။အိမ်သာရှေ့မှာအသက် ၄၀ လောက်ရှိတဲ့ပိုက်ဆံကောက်တဲ့ဦးလေးဦးထုတ်အစုတ်အမြဲဆောင်းထားပြီးသူ့ပါးစပ်မှာဆေးပေါ့်လိပ် မီးရှိရှိမရှိရှိအမြဲခဲထားတတ်တယ

အောင်ကိုလတ်

 Myanmar Idol သီချင်းဆိုပြိုင်ပွဲကျင်းပတုံးကမြန်မာ့စတီရီယိုတေးဂီကလောက Legend ဖြစ်ကြတဲ့ (ဦး)သိန်းတန်(မြန်မာပြည်) နဲ့(ဦး)အောင်ကိုလတ်လိုအထင်ကရပုဂ္ဂိုလ်များပါဝင်အကဲဖြတ်ပေးခဲ့တာအရမ်းသဘောကျမိတယ်။ ဒီအနုပညာရှင်ကြီးတွေဟာတကယ်တော့မည်ကာမတ္တအဆိုတော်အိုကြီးများမဟုတ်ကြပါဘူး။ကြီးကျယ်တဲ့သမိုင်းနောက်ခံရှိနေကြတဲ့အနုပညာရှင်ကြီးများပါ။ မှတ်မှတ်ရရဘဝမှာပထမဆုံးကြည့်ဖူးတဲ့စတိတ်ရှိုးကရန်ကင်း ၁၂ လုံးတန်းမှာပါ။၁၉၇၄ - ၇၅ တဝိုက်က The Brothers နဲ့ The King နာမည်ကြီးတီးဝိုင်းနှစ်ခုရန်ကင်း ၁၂ လုံးတန်းတိုက် ၂၁၇ ရှေ့မှာတီးခပ်ခဲ့ကြတယ်။ တရန်ကင်းလုံးကလူကြီးလူငယ်အကုန်နီးပါး ၁၂ လုံးတန်းစတိတ်ရှိုးကိုအတင်းတိုးဝှေ့ကြည့်ခဲ့တဲ့အထဲမှာကျွန်တော်လည်းပါတယ်။အဲ့ဒီခေတ် ၁၂ လုံးတန်းနာမည်ကြီးဂစ်တာသမားကို Dickey တို့အကိုကြီးအုပ်စုစတိတ်စင်တဝိုက်မှာအင်နဲ့အားနဲ့ဝန်းရံနေတာမှတ်မိတယ်။၁၂ လုံးတန်းမှာတီးခဲ့တဲ့ The Brothers တီးဝိုင်းခေါင်းဆောင်ကအောင်ကိုလတ်ပါ။ The King ကမင်းမင်းလတ်ဦးဆောင်ပါတယ်။   မဆလစစ်အစိုးရတပါတီခြေဥလူထုဆန္ဒခံယူပွဲကို ၁၉၇၄ ခုနှစ်ကမြန်မာပြည်မှာလုပ်ခဲ့တယ်။မြန်မာ့အသံကမဲပေးဖို့လှုံဆော်တဲ့ဝါဒဖြန့်သီချင်းတပုဒ်နေ့တိုင်းထုတ်လွှင့်ခဲ့ပါတယ်။ သီ

အမေရိကန်-တရုတ်

 တောင်တရုတ်ပင်လယ်မှာဇူလိုင် ၁ - ၅  တရုတ်ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်နေတုံးအမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စီး တောင်တရုတ်ပင်လယ်ထဲစစ်ရေး လေ့ကျင့်ဖို့ဇူလိုင် ၄ ရက်နေ့ကဝင်ရောက်လာလို့ဒေသတွင်းအခြေအနေတင်းမာလာပါတယ်။  တောင်တရုတ်ပင်လယ်ဟာ တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေ ထိုင်ဝမ်၊ဗီယက်နမ်၊အင်ဒိုနဲ့ဖိလစ်ပိုင်နိုင်ငံပိုင်ရေပြင်နယ်နမိတ်များနဲ့ထိစပ်နေသောပိစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းရှိမဟာဗျုဟာအချက်အချာကျဒေသတခုဖြစ်တယ်။ တရုတ်နိုင်ငံကသူပိုင်တယ်ပြောနေတဲ့တောင်တရုတ်ပင်လယ်ဒေသများဟာနိုင်ငံတကာဥပဒေအရတရားမဝင်ဘူးအမေရိကန်ကပြောထားပြီးအမေရိကန်ဟာ တောင်တရုတ်ပင်လယ်ဒေသကို  မတည်မငြိမ်ဖြစ်အောင်လုပ်နေတယ်တရုတ်ကပြန်စွတ်စွဲထားတယ်။ ပင်လယ်ထဲကကျွန်းစုများ ပင်လယ်ငါးဖမ်းလုပ်ကွက်များ စွမ်းအင်အရင်းအမြစ်ရှိနိုင်တဲ့နေရာစစ်အခြေစိုက်စခန်းများနဲ့ကုန်သွယ်ရေကြောင်းသွားလာမှုလမ်းကြောင်းတည်ရှိရာနေရာများဟာအဓိကအငြင်းပွားရေပြင်နယ်နမိတ်များဖြစ်ကြပါတယ်။ အင်ဒို-ပိစိဖိတ်ဒေသကိုလွတ်လပ်ဒေသဖြစ်လာအောင်အမေရိကန်နိုင်ငံရဲ့ဒေသဆိုင်ရာနိုင်ငံခြားရေးမှုဝါဒနဲ့အညီဆောင်ရွက်နိုင်တယ်။ တောင်တရုတ်ပင်လယ်ပြင်အများစုကိုပိုင်တယ်တောင်းဆိုပြီးဒေသတွင်းထိမ်းချူပ်ဖို့ကြိုးစား

Restart

 ရုပ်ခန္ဓာကိုယ်နဲ့စိတ်ဓါတ်တချိန်တည်းချို့ယွင်းလို့မဖြစ်ဘူးနာမည်ကျော်သိပ္ပံပညာရှင် Stephen Hawking (1942-2018) ပြောခဲ့ဖူးတယ်။ ရုပ်မစွမ်းတဲ့အချိန်စိတ်ဓါတ်မာနေရမယ်။စိတ်ဓါတ်ကျတဲ့အချိန်ရုပ်ခန္ဓာသန်စွမ်းနေရမယ်။တချိန်ထဲမှာရုပ်ကောစိတ်ကောဒေါင်းသွားလို့မရဖူးဆိုလိုတာပါ။ စိတ်ကျမ်းမာရေးချို့တဲ့နေသူဖြစ်လေ့ရှိတဲ့ခန္ဓာကိုယ်အနေအထားရှိပါတယ်။ခန္ဓာကိုယ်အနေအထားပုံစံမကျခြင်းဟာစိတ်ဓါတ်ကျနေခြင်းရဲ့ထင်ရှားတဲ့လက္ခဏာတခုပါ။ လမ်းလျှောက်ရင်မေးစေ့မော့ပုခုံး နောက်ပစ်ပြီးသက်တောင့်သက်သာလျှောက်ရပါမယ်။လိုအပ်တာထက်‌ ခေါင်းမော့ခြင်းဟာရှုံးနှိမ့်တာလူသိမှာစိုးတဲ့သင်္ကတပါ။ မိမိကိုယ်မိမိယုံကြည်မှုရှိတဲ့ပုံစံဖြစ်နေရမယ်။ပျော့တိပျော့ဖတ်၊ယိုင်နဲ့နဲ့၊လှုပ်လီလှုပ်လဲ့လမ်းမလျှောက်ရဘူး။မြေကြီးကိုအကြောင်းမဲ့အကြာကြီးငုံ့ကြည့်ပြီးလမ်းလျှောက်တာစိတ်ဓါတ်ကျနေတာစိတ်ရှုပ်ထွေးနေတာကိုဖေါ်ပြနေတာပါ။ ထိုင်ခုံပေါ်ထိုင်ရင်မတ်မတ်ထိုင်ရမယ်။ပျော့ခွေလိမ်ကောက်ပြီးမထိုင်ရဘူး။စကားပြောတဲ့အခါ တဘက်လူကိုမကြည့်ရဲသလိုကြည့်ရမှာရှက်သလိုမှုန်ဝါးဝါးမလုပ်ရဘူး။ရိုးသားတဲ့အကြည့်နဲ့ မျက်လုံးခြင်းဆိုင်ပြောရမယ်။မျက်လုံးခြင်းလိုအပ်တာထက်ပိုကြာကြာစိုက်ကြည့်ခြင်းဟာတဖက်သားကို စော်

ဂတ်စ်မီးခြစ်

 မှတ်မှတ်ရရကျနော့်အသက် ၁၄ - ၁၅ မှာဂတ်စ်မီးခြစ်ကိုစမြင်ဖူးတာ။အရင်ကစက်မှု(၁)ထုတ်နတ်သမီးတံဆိပ်စက္ကူမီးခြစ်ဗူးသုံးကြတယ်။နောက်ပိုင်းတ‌ယောတံဆိပ်၊စောင်းကောက်တံဆိပ်ပြောင်းသွားတယ်ထင်တယ်။ ရန်ကင်းမိုးကောင်းဘုရားပွဲရှိတဲ့အချိန်မျိုးဆိုရင်ဓါတ်ဆီမီးခြစ်အမျိုးမျိုးရောင်းတဲ့ဆိုင်အများကြီး။ချောင်းစုံရွာလွတ်ထုတ်ဓါတ်ဆီမီခြစ်ခေတ်စားခဲ့သေးတယ်။ ဂတ်စ်မီးခြစ်မပေါ်သေးဘူး။ ဂတ်စ်မီးခြစ်ဂတ်စ်ကုန်သွားရင်ပြန်ဖြည့်ဖို့မြို့ထဲရောက်ရင်ဖရေဇာလမ်း(အနော်ရထာလမ်း)တလျှောက်ဆူးလေဘုရားလမ်းမပေါ်ဂတ်စ်ဖြည့်တဲ့ဗန်းဆိုင်အများကြီးတွေ့ရလိမ့်မယ်။ဂတ်စ်ဖြည့်မီးခြစ်ကျောက်အသစ်လဲ၊မောင်းအသစ်လဲ။ ဂတ်စ်မီးခြစ်ကို BIC ကုမ္မဏီ က ၁၉၇၃ ခုနှစ်ကတည်ထွင်ခဲ့တယ်။BIC ကုမ္မဏီဆိုတာတခါသုံးသင်တုန်းဒါး၊ပုံဆွဲခဲတံ၊တယ်လီဖုန်းထုတ်တဲ့ပြင်သစ်ထိပ်တန်းနည်းပညာကုမ္မဏီပါ။ BIC ဂတ်စ်မီးခြစ်ကဆေးလိပ်မီးညှိဖို့အဓိကဖြစ်ပြီးဂတ်စ်ကုန်ရင်ပြန်ဖြည့်နိုင်တဲ့အမျိုးအစားပါ။နိုင်ငံပေါင်း ၁၆၀ ကို BIC ဂတ်စ်မီးခြစ်အလုံးရေသန်းထောင့်ငါးရာကျော်ရောင်းချပြီးသွားပြီ။ ပုံမှန်အားဖြင့်ဂတ်စ်မီးခြစ်တလုံးကိုနောက်ဆုံးအချိန်အထိအခြစ်ပေါင်း ၃၀၀၀ ခြစ်နိုင်တယ်။ BIC ထုတ်လုပ်တဲ့ဂတ်စ်မီးခြစ်ကိုကမ္ဘာ့အကောင်းဆု

Skoda ကား

 Skoda ကားကိုအခုခေတ်လူငယ်အချို့မသိလောက်ဘူး။ကျွန်တော်တို့ငယ်ငယ် ၁၉၇၀-၇၅ လောက်အထိ Skoda ကားကိုမြင်ဖူးတယ်။လုံးလုံးပုပုကားအသေးလေး။Skoda ကလူတိုင်းကြိုက် VW လိပ်ခုံးလောက်နာမည်မကြီးပေမယ့် Skoda စီးတဲ့ဘောစိမြင်ခဲ့ဘူးတယ်။Skoda မော်ဒယ်အမြင့်ရှိပေမယ့်ရန်ကုန်မှာမတွေ့မိသေးဘူး။ Skoda ကားကုမ္ပဏီကိုချက်ကိုစလိုဗက်နိုင်ငံမှာ ၁၈၉၅ ခုနှစ်ကတည်ထောင်ခဲ့တယ်။လက်ရှိ Skoda ကားကုမ္မဏီဟာဂျာမန်ကားကုမ္မဏီကြီးVW လက်အောက်ရောက်နေပါပြီ။ မဆလခေတ်စက်မှု(၂)ဝန်ကြီးဋ္ဌာနမှာလယ်ထွန်စက်ထုတ်လုပ်ခဲ့တယ်။ချက်ကိုစလိုဗက်နိုင်ငံ Zetor Tractor အစီအစဉ်နဲ့လယ်ထွန်စက်အများကြီးထုတ်လုပ်တာပါ။  ချက်နိုင်ငံ Zetor ထွန်စက်ကမြန်မာနိုင်ငံမှာ “ ဇွဲ ”လယ်ထွန်စက်ဖြစ်ခဲ့ပါတယ်။ဇွဲလယ်ထွန်စက်ကိုအရင်ခေတ်တောင်သူအရမ်းကြိုက်ကြတယ်ကြားဖူးတယ်။ ချက်နိုင်ငံမြို့တော် Prague ကိုအများစုက(ပရက်ဂ်)အသံထွက်ကြပါတယ်။ Prague အသံထွက်အမှန်က (ပရာဟာ) ဖြစ်ပါတယ်။ဘာသာမဲ့များတဲ့ချက်သမ္မတနိုင်ငံမှာလူဦးရေဆယ်သန်းကျော်ပဲရှိပါတယ်။အချို့ခရစ်ယန်ကက်သိုလစ်ဘာသာကိုးကွယ်ကြတယ်။ ချက်နိုင်ငံအဓိကထုတ်ကုန်ထဲမှာ Pilsner ဘီယာအဓိကပါတယ်။Pilsner ဘီယာဟာကမ္ဘာ့အကောင်းဆုံးဘီယာတမျိုးပါ။ဘီယာမျိုးစုံသောက်ခဲ့ဖူးပေမ

ဗိုလ်နေဝင်း

 ၁၉၆၂ မတ်လ(၂)ရက်နေ့ကာချုပ်ဗိုလ်နေဝင်းဟာတိုင်းပြည်ချောက်ထဲကျဖို့လက်နှစ်လုံးအလိုမှာတိုင်းပြည်ကိုကယ်တင်ခဲ့ရတယ်မြန်မာ့သမိုင်းစာအုပ်ထဲရေးထားခဲ့တယ်။ အထွေထွေအကြပ်အတည်းကြောင့်လူထုအုံကြွမှုဖြစ်တဲ့ ၁၉၈၈ ခုနှစ်အထိဗိုလ်နေဝင်းဟာ မဆလတပါတီအာဏာရှင်ဗဟိုဦးစီးစနစ်နဲ့မြန်မာပြည်ကိုသံလက်သီးစွတ် (၂၆) နှစ်အုပ်ချုပ်ခဲ့တယ်။ပါတီဥက္ကဋ္ဌဗိုလ်နေဝင်းအာဏာစွန့်တော့အသက် (၇၅)ရှိပြီ။ ဥပဒေစိုးမိုးမှုပျက်ပြားပြီးမင်းမဲ့စရိုက်ကြောင့် ၁၉၈၈ စက်တင်ဘာ (၁၈) ရက်မှာမဆလပါတီဆီကတိုင်းပြည်အာဏာကိုကာချုပ်ဗိုလ်စောင်မောင်လွှဲပြောင်းရယူခဲ့တယ်မြန်မာ့သမိုင်းစာအုပ်မှာရေးထားခဲ့တယ်။  ၁၉၉၂ မှာဒု-တပ်ချုပ်ဗိုလ်သန်းရွှေကတိုင်းပြည်အာဏာကိုတပ်ချုပ်ဗိုလ်စောမောင်ဆီက (ကျမ်းမာရေးအကြောင်းပြ) လွှဲပြောင်းရယူခဲ့တယ်။၁၉၈၈ မင်းမဲ့စရိုက်အကြောင်းပြပြီးဗိုလ်သန်းရွှေတိုင်းပြည်ထိမ်းသိမ်းခဲ့တာ ၂၀၁၁ မတ်လ (၃၀) အထိ (၂၄) နှစ် ကြာခဲ့ပါတယ်။ဗိုလ်သန်းရွှေတပ်ချုပ်ရာထူးစွန့်လွတ်ချိန်အသက်(၇၅)ရှိပြီ။ ရွေးကောက်ပွဲမဲမသမာမှုကြောင့်တိုင်းပြည်အချုပ်အခြာအာဏာကိုတပ်ချုပ်ဗိုလ်မအလ ၂၀၂၁ ဖေဖေါ်ဝါရီ (၁) ရက်နေ့မှာထိမ်းခဲ့ရတယ်အစိုးရသတင်းစာမှာ‌ဖေါ်ပြ ထားတယ်။တိုင်းပြည်အချုပ်အခြာအာဏာရယူထားချိန်မှာ

Burma Road

 ကျွန်တော်တို့နိုင်ငံရဲ့မူလနာမည် BURMA ဆိုတာတချိန်ကကမ္ဘာမှာအတော်ထင်ရှားခဲ့တယ်။Burma Road ဆိုပြီးဂုဏ်ပြုပေးထားတဲ့နိုင်ငံတွေလိုက်ရှာကြည့်တော့ကမ္ဘာမှာခြောက်နိုင်ငံတွေ့ရတယ်။ ဩဇီ၊ မလေးရှား၊အစ္စရေး၊အင်္ဂလန်နဲ့အီသီယိုးပီးယားနိုင်ငံတွေမှာ Burma Road ရှိတယ်။ကနေဒါနိုင်ငံ Cochrane မှာ Burma Rd နာမည်ကျော်တောင်တက်စက်ဘီးလမ်းရှိတယ်။ ခက်ခဲကြမ်းတမ်းတဲ့ကမ္ဘာကျော်မြန်မာနိုင်ငံလားရှိုးနဲ့တရုပ်နိုင်ငံကူမင်းတောင်ကြားလမ်းနာမည်ကို Burma Rd.ပေးထားတယ်။ကမ္ဘာမှာအရမ်းနာမည်ကြီးတယ်။ ဂျပန်ဝင်တိုက်လို့မရှုမလှဖြစ်နေတဲ့ တရုတ်ကိုစစ်ကူပေးနိုင်ဖို့လာရှိုး (မြန်မာ) - ကူမင်း(တရုတ်)အဖြောင့်တိုင်း ၇၁၇ မိုင်ရှည်တဲ့ Burma Rd. ကိုအင်္ဂလိပ်ကဒုတိယကမ္ဘာစစ်အတွင်းအရေးတကြီး ဖေါက်လုပ်ခဲ့တာပါ။ ဒီလမ်းမကြီးရဲ့အစိတ်အပိုင်းတော်တော်များများကိုယနေ့ခေတ်တွေ့နိုင်ပါသေးတယ်။တောင်ပြိုကျတာနှင်းထုကြီးပြိုဆင်းကားလမ်းပိတ်တာအမြဲလိုလိုဖြစ်နေတော့ Burma Rd.မကြာခဏ ပိတ်ဆို့ခဲ့ရတယ်။ ၁၉၃၈ ခုနှစ်မှာ Burma Rd က အခက်ခဲဆုံးလမ်းပိုင်း(လာရှိုး - ကူမင်း) ကိုကြမ်းတမ်းတဲ့ရာသီဥတုအောက်မှာတရုတ်အလုပ်သမား ၂ သိန်းနဲ့ဖေါက်လုပ်ခဲ့တယ်။တောတောင်များစွာကျော်ခွဖြတ်ထုတ်ပြီးခက်ခက်ခဲခဲ

လုပ်ကြံမှု

 အယ်ကေးဒါးခေါင်းဆောင်ဒေါက်တာဇဝါဟီရီ (Dr. Ayman-al -Zawahiri) ကိုအာဖဂန်နစ္စတန်နိုင်ငံကဘူးမြို့မှာအမေရိကန်ပြည်ပထောက်လှမ်းရေး (CIA)က ဒရုန်းနဲ့တနင်္ဂနွေနေ့ကလုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။  9/11 တိုက်ခိုက်မှုကိုဦးဆောင်ခဲ့တဲ့အိုစမာဘယ်လာဒင်နဲ့ဒေါက်တာဇဝါဟီရီဟာအမေရိကန်အလိုအရှိဆုံးအကြမ်းဖက်သမားများဖြစ်ကြတယ်။ဒေါက်တာဇဝါဟီရီကိုလုပ်ကြံသတ်ဖြတ်မှုအပြီးအမေရိကန်နိုင်ငံသားအတွက်တရားမျှတမှုကိုဆောင်ကျဉ်းပေးခဲ့ပြီအမေရိကန်သမ္မတဘိုင်ဒင်ကအိမ်ဖြူတော်တီဗွီထုတ်လွင့်ချက်မှာပြောကြားခဲ့တယ်။အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေးဗျုရို (FBI) ဝက်ဆိုဒ်မှာ ဇဝါဟီရီကို “ သေဆုံးပြီး ” ဖေါ်ပြခဲ့တယ်။ ၂၀၁၁ ဘင်လာဒင်လုပ်ကြံခံရပြီးအီဂျစ်လူမျိုးဆရာဝန်ဒေါက်တာဇဝါဟီရီ (၇၁ နှစ်)ဟာအယ်ကေးဒါး (Al-Qaeda) ခေါင်းဆောင်ဖြစ်လာခဲ့တယ်။ 9/11 တိုက်ခိုက်ခံရမှုမှာဒေါက်တာဇဝါဟီရီဟာ အဓိကပဲ့ကိုင်ရှင်တယောက်ဖြစ်တယ်အမေရိကန်ကပြောတယ်။ ကဘူးလ်မြို့လုံခြုံစိတ်ချရတဲ့အိမ်တအိမ်မှာခိုအောင်းနေတဲ့ဒေါက်တာဇဝါဟီရီအိမ်ဝရံတာထွက်အလာအချိန်ပြည့်ချောင်းမြောင်းနေတဲ့ CIA ဒရုန်းက Hellfire R9X ဒုံးကျည်နှစ်စင်းနဲ့သူ့ကိုအသေပစ်သတ်ခဲ့တာပါ။အိမ်မှမိသားစုဝင်များရှိနေကြပေမယ့်တယောက်မှထိခိုက်ဒဏ်ရာမရရှိခဲ့က

မဲစာရင်း

 မဲစာရင်းသွားကြည့်တာလူလေးယောက်ရှိတာတအိမ်လုံးမပါဘူး။ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းကပုံစံစာရွက်လေးရွက်ပေးလိုက်ပြီးသန်းခေါင်စာရင်းမိတ္တူနဲ့ပြန်တင်ပေးဆိုလို့ပုံစံ(၃) စာရွက်ယူခဲ့တယ်။နောက်တနေ့စာရွက်သွားပေးပြီးမေးကြည့်တယ်။ “ ကျွန်တော်တို့ကဘာလို့မဲစာရင်းထဲမပါတာလဲဗျ ” ပုံစံ(၃) တထပ်ကြီးနဲ့အလုပ်ရှုပ်နေတဲ့ရပ်ကွက်ကော်မရှင်ဝန်ထမ်းက။ “ သန်းခေါင်စာရင်းနဲ့နေတာလား” “ ဟုတ်တယ်သန်းခေါင်စာရင်းနဲ့ပေါ့” “ ဒါဆိုဥက္ကဌကိုမေးကြည့် ” အနောက်မှာထိုင်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုပြတယ်။ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌကကျွန်တော်မေးထဲကကြားပြီးလှမ်းကြည့်နေတယ်။ကျွန်တော်က။ “ ဘယ်လိုဖြစ်လဲအကိုကြီး ” “ အခုကရှိကောက် ကောက်တာ ” “ ဗျာ ” “ ရှိကောက် ကောက်တာ…လာကောက်တဲ့အချိန်အရှိကိုပဲကောက်တာ” ဘယ်တုံးက “ ရှိကောက် ” ကောက်တာလဲအိမ်မှာလူအမြဲရှိတယ်ဥက္ကဌကိုပြန်မပြောတော့ဘူး။တခါမှမကြားဖူးဘူး။ “ ရှိကောက် ” တဲ့။ အိမ်မှာလူအတိုးအလျှော့လည်းမရှိပါဘူး။အကုန် ၁၈ နှစ်ပြည့်ပြီးသူတွေချည်းပဲ။အိမ်မှာလူတယောက်မဟုတ်တယောက်ရှိတတ်ပါတယ်။လာကောက်တာ တခါမှမတွေ့မိဘူး။လူမရှိပြန်ကောက်ပေါ့။ “ ကျန်ခဲ့တဲ့ရွေးကောက်ပွဲတိုင်းမှာ  ကျွန်တော်တို့တအိမ်လုံးအကုန်ပါတယ်…အဲ့ဒီတုံးကမဲစ

ထိုင်ဝမ် နန်စီပလိုစီ

 အငြင်းပွားမှုများနဲ့အန္တရယ်အလားအလာရှိနေပေမယ့်အမေရိကန်အောက်လွတ်တော်ဥက္ကဋ္ဌနန်စီ (Nancy Pelosi) ဟာထိုင်ဝမ်ကိုဒီနေ့အင်္ဂါနေ့ညရောက်ပြီးနောက်တနေ့ထိုင်ဝမ်သမ္မတနဲ့တွေ့မယ်ကျိုဒိုသတင်းမှာဖေါ်ပြထားတယ်။ ထိုင်ဝမ်သမ္မတရုံးနဲ့နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကဥက္ကဋ္ဌနန်စီခရီးစဉ်ကိုမှတ်ချက်ပေးဖို့မနေ့ကငြင်းဆန်ပြီးဒီနေ့မှအတည်ပြုတယ်။ အမေရိကန်သမ္မတဘိုင်ဒင်အစိုးရကလွတ်တော်ဥက္ကဋ္ဌနန်စီထိုင်ဝမ်ခရီးစဉ်ကိုစိတ်ပူပြီးတရုတ်ဘက်ကတုန့်ပြန်လာမှာစိုးရိမ်တကြီးစောင့်ကြည့်နေပါတယ်။  ၂၅ နှစ်အတွင်းအမေရိကန်အောက်လွတ်တော်ဥက္ကဋ္ဌတဦးရဲ့ထိုင်ဝမ်ခရီးစဉ်ဖြစ်ပြီးအမေရိကန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနကလွတ်တော်ဥက္ကဋ္ဌနန်စီဘေးအန္တရယ်ကင်းစင်ရေးဆောင်ရွက်ရန်ရှိတာအချိန်မဆိုင်းစက္ကန့်မလပ်ကြိုတင်ပြင်ဆင်နေတယ်။ လွတ်တော်လွတ်တော်ဥက္ကဋ္ဌနန်စီထိုင်ဝမ်ခရီးစဉ်ဟာထိုင်ဝမ်ကျွန်းကိုတရုတ်ပြည်မကြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအဖြစ်သတ်မှတ်ထားတဲ့တရုတ်ကိုအမျက်ဒေါသထွက်စေပါလိမ့်မယ်။ နန်စီဟာထိုင်ဝမ်ကိုကျန်ခဲ့တဲ့ဧပြီလထဲကသွားဖို့ရှိပေမယ့် Covid-19 ခံစားရလို့ခရီးစဉ်ရွှေ့ဆိုင်းထားတာပါ။ထိုင်ဝမ်ကိုအမေရိကန်လွတ်တော်ဥက္ကဋ္ဌလည်ပတ်မှုဟာစစ်ရေးချိန်ခွင်ခြိမ်းခြောက်မှုအဖြစ်တရုတ်မြင်ပြီး

Eddie Murphy

 မြန်မာ့ဟာသသရုပ်ဆောင်ထဲမှာအအောင်မြင်ဆုံးကသန်းနွဲ့၊မြင့်ဖေတို့ထင်တယ်။ဖိုးပါကြီးကဟာသအပြင်စွယ်စုံရမင်းသားကြီးပါ။မှတ်မှတ်သားသားအဖြစ်မိဆုံးဟာသသရုပ်ဆောင်က စံမတူ။ ဒီနေ့ခေတ်မြန်မာ့ရုပ်ရှင်ကားဟာသသရုပ်ဆောင်ထဲမှာသတိထားမိတာ "ဝက်မ" ပါ။ဝက်မ ဟာသသရုပ်ဆောင်တာပေါတောတောပြောလို့မရဘူး။အခုခေတ်ဟာသသရုပ်ဆောင်အများစု Over ဖြစ်ပြီးပေါတောတောသရုပ်ဆောင်ဖြစ်နေကြတယ်။ ဟောလ်ဝုဒ်ဟာသသရုပ်ဆောင်ထဲမှာအကြိုက်ဆုံးက Eddie Murphy နဲ့ Jim Carrey ဖြစ်တယ်။ကျွန်တော်တို့ထက်စီနီယာကျသူက Bob Hope တို့ Robbie William တို့ကိုပိုကြိုက်ကြမယ်ထင်တယ်။ ဟောလ်ဝုဒ်ဟာသသရုပ်ဆောင်အမေရိကန်မင်းသား Eddie Murphy ကိုအမေရိကန်နိုင်ငံ Brooklyn မှာ ၁၉၆၁ ခုနှစ်မွေးဖွားခဲ့တယ်။Eddie Murphy ဟာ ဟာသသရုပ်ဆောင်ပညာရှင် (၁၀၀) စာရင်းမှာအမှတ်စဉ် (၁၀)ချိတ်ထားပါတယ်။ အောင်မြင်ကျော်ကြားသူအများစုငယ်ဘဝဟာနာကျည်းစရာနဲ့ပြည့်နှက်နေတတ်ပါတယ်။အမေဖုန်းအော်ပရေတာ၊အဖေယာဉ်ထိမ်းရဲကကမ္ဘာကျော်ဟာသမင်းသားကြီး Eddie Murphy ဖြစ်လာမယ်ဘယ်သူမှထင်ထားမှာမဟုတ်ဘူး။ Eddie အဖေယာဉ်ထိမ်းရဲကြီးကလည်းအပျော်တမ်းဟာသသရုပ်ဆောင်ဖြစ်ပါတယ်။ဒါပေမယ့် Eddie အသက် (၃) နှစ်အရွယ်မှာအဖေနဲ့အမေအိမ်ထောင်ပြိုကွဲခဲ့ရတ

မုန့်ဟင်းခါး

 မနက်လမ်းလျှောက်ပြန်စားနေကြ မုန့်ဟင်းခါးဆိုင်ထဲဝင်လိုက်တယ်။COVID-19အရှိန်ကြောင့်လမ်းပေါ် ကားမရှိဘူး။ဆိုင်မှာလူမရှိဘူး။အမြဲလူအုံနေတဲ့မုန့်ဟင်းခါးဆိုင်တောင်လူပါးသွားတယ်။ မုန့်ခင်းထားတဲ့ခုံမှာလူ ၄ - ၅ ယောက်ထိုင်စားလို့ရတယ်။ဘေးမှာပလတ်စတစ်ခုံနဲ့နှစ်ဝိုင်းကလူဆယ်ယောက်လောက်ထိုင်စားလို့ရမယ်။ပလတ်စတစ်ကုလားထိုင်အလွတ်ဆယ်လုံးလောက်ရှိမယ်။ မုန့်ခင်းထားတဲ့ခုံမှာလူမရှိလည်း ဘယ်တော့မှထိုင်မစားဘူး။မုန့်လာမှာတဲ့သူ၊အကြော်ရွေးတဲ့သူ၊ဆိုင်ကပိုက်ဆံအမ်းတာလူစုံရင်သွားပြီ။အောက်မှာထိုင်စားနေတဲ့သူမုန့်ပန်းကန်ထဲသူတို့တံတွေးအမှုန်ဝင်မှာအရမ်းစိုးတယ်။ ကိုယ်ကအောက်ဘက်မှာထိုင်စားနေတာသူတို့ကကိုယ့်ဘေးကမုန့်ဟင်းခါးရောင်းသူကိုဝိုင်းပွားနေတော့ကိုယ့်ပန်းကန်ထဲသူတို့တံတွေးအမှုန်အမွှားဝင်မှာစိုးရတယ်။အချို့ကွမ်းစားထားတဲ့ပါးစပ်နီကြီးနဲ့မုန့်ဟင်းခါးအော်ဟစ်မှာပါးစပ်ဘေးကကွမ်းအမှုန်ကိုလက်နဲ့သပ်ချလိုက်သေးတယ်။ ဒီနေ့တော့ဆိုင်မှာလူရှင်းနေလို့အလွတ်ချထားတဲ့ကုလားထိုင်တလုံးပေါ်ထိုင်စားနေလိုက်တယ်။ဘေးနားမှာကုလားထိုင် ၃ - ၄ လုံးလွတ်နေသေးတယ်။ ခဏနေလမ်းလျှောက်ပြန်အဖွားကြီး (အသက် ၄၀ ခန့်)တယောက်တုံချိတုံချိရောက်လာတယ်။အဖွားကြီးတွေအနားကပ်ရင်စိတ်ညစ်တယ်။ပရုပ

နှစ်စီးတွဲကား

 ကိုယ်ဖြတ်သန်းကျင်လည်ခဲ့တဲ့အချိန်ကာလအကြောင်းအရာအဖြစ်အပျက်ကိုပိုစိတ်ဝင်စားတာလူ့သဘာဝပါ။၁၉၈၈ နောက်ပိုင်းမွေးတဲ့လူငယ်များအတွက် ၁၉၇၀-၁၉၉၀ ကာလအကြောင်းအရာဟာအမှန်တကယ်ငြီးငွေ့စရာပါ။ ဒါပေမယ့်ကိုယ်ကဒီကာလပဲမှတ်မှတ်သားသားဖြတ်သန်းခဲ့ဖူးတော့အဲ့တုံးကအကြောင်းအရာအဖြစ်ပျက်ကိုပိုမှတ်မှတ်ရရဖြစ်နေမိတယ်။၁၉၇၀-၁၉၉၀ ကာလဟာလူငယ်တို့အတွက်ရှေးပဝေသဏီဖြစ်နေပေမယ့်ကိုယ့်အတွက်မနေ့တနေ့လိုပဲ။ရုပ်ရှင်ပြနေသလို။ "ကုလားသန်းဖေ" ပြောင်ခေါ်တယ်။ “ကလသဖ” ပါ။“ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့”  ကို အတိုကောက်ခေါ်တာ။ဘိုလို RTC (Road Transport Corporation) ။ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးလက်အောက်။ဘာလုပ်လုပ်မအောင်မြင်တဲ့ မဆလစစ်အစိုးရလက်ထက်လွဲမှားချွတ်ချော်အစီအစဉ်များစွာထဲကအများပြည်သူသယ်ယူပို့‌ ဆောင်ရေးယာဉ်လိုင်းလည်းမအောင်မြင်ခဲ့ဘူး။ ၁၉၈၂ က RTC မှာဘတ်စ်ကား ၃၄၈ စီး ရှိပြီး Hino, Leyland ကားများတယ်။အမြတ်အရဆုံးဘတ်စ်လမ်းကြောင်း တောင်/မြောက်ဥက္ကလာနဲ့အင်းစိန်လမ်းကြောင်းပါ။ဧရာအရှေ့၊ရိုးမအရှေ့ခရီးသည်တင်အဝေးပြေကားလိုင်းနဲ့ကုန်စည်သယ်ယူပို့ဆောင်ရေးအဖွဲ့ခွဲရှိသေးတယ်။ရိုးမအရှေ့ဆိုတာရန်ကုန်-မန္တလေးဖြစ်ပြီးဧရာအရှေ့ကရန်ကုန်-ပြည်လမ်း။ဟီနိုး BM,BT နဲ့

ဂျင်းလွတ်လပ်ရေး

 ၁၉၄၃ ဩဂတ်စ် ၁ ရက်နေ့မှာဂျပန်ဟာ မြန်မာကို "လွတ်လပ်ရေး" ပေးခဲ့တယ်။ “ ဂျင်းလွတ်လပ်ရေး ” ပေးခဲ့တာဆိုပေမယ့်ဂျပန်ပေးတဲ့ဂျင်းကတန်တယ်။ဘာလို့ဆိုတော့ဂျပန်ဟာမြန်မာကိုဂျင်းတခေါက်ထည့်ခဲ့မိတာပြန်ပေးဆပ်နေရတဲ့တန်ဘိုးကခုထိမကျေနိုင်သေးလို့ပါ။ ဂျင်းထည့်တဲ့စကားဘယ်သူထွင်လိုက်လဲမသိဘူး။အတော်တွင်ကျယ်နေတယ်။ဂျင်းထည့်တာကိုဟိုးအရင်ကရွှေရည်စိမ်အတုအယောင်လို့သုံးခဲ့ကြတယ်။ကျနော်တို့ခေတ်ကကလိန်ကကျစ်လာမလုပ်နဲ့၊အင်ကြီး၊ဘတ်သွားတယ်အစုံသုံးကြတယ်။ တကယ်ဆိုဂျပန်ဟာမြန်မာ့ကျေးဇူးရှင်နိုင်ငံပါ။ဖက်ဆစ်ဂျပန်ကိုတိုက်ထုတ်တယ်ဆိုတာရုပ်ရှင်ထဲမှာပဲရှိတယ်။လက်တွေ့အခြေအနေကဂျပန်လုပ်ငန်းရှင်တွေလာကြပါ၊ဂျပန်တွေမြန်မာပြည်မှာလာစီးပွားရှာဖို့မျော်နေရတာပါ။ ဂျပန်ငပု၊ဖက်ဆက်ဂျပန်၊ဘက်ခဲရို၊ခူးရကား၊ဘိရုမာ၊ခိုရေးဝနန့်ဒတ်စကား စတဲ့မြန်မာပြည်ဒုတိယ ကမ္ဘာစစ်အတွင်းအသုံးများဂျပန်စကားကိုဂျပန်ခေတ်သရုပ်ဖေါ်ကလေးကာတွန်းတွေမှာအမြဲတွေ့ရတတ်တယ်။ "ဘက်ခဲရို" နဲ့ " ခူးရကား" ကပက်ပက်စက်စက်ဆဲဆိုတာ၊ “ ခိုရေးဝနန့်ဒတ်စကား ” ကဂျပန်စစ်တပ်လုံခြုံရေးဂိတ်မှာအမြဲကြားနေရတဲ့စကား “ ဘာပစ္စည်းတွေလဲ ” အဓိပ္ပါယ်ပါ။  ငယ်ငယ်ကဖတ်ခဲ့တဲ့ရွှေသွေး၊တေဇ၊ရွှင်ပြုံးကာတွန်း