Restart

 ရုပ်ခန္ဓာကိုယ်နဲ့စိတ်ဓါတ်တချိန်တည်းချို့ယွင်းလို့မဖြစ်ဘူးနာမည်ကျော်သိပ္ပံပညာရှင် Stephen Hawking (1942-2018) ပြောခဲ့ဖူးတယ်။


ရုပ်မစွမ်းတဲ့အချိန်စိတ်ဓါတ်မာနေရမယ်။စိတ်ဓါတ်ကျတဲ့အချိန်ရုပ်ခန္ဓာသန်စွမ်းနေရမယ်။တချိန်ထဲမှာရုပ်ကောစိတ်ကောဒေါင်းသွားလို့မရဖူးဆိုလိုတာပါ။


စိတ်ကျမ်းမာရေးချို့တဲ့နေသူဖြစ်လေ့ရှိတဲ့ခန္ဓာကိုယ်အနေအထားရှိပါတယ်။ခန္ဓာကိုယ်အနေအထားပုံစံမကျခြင်းဟာစိတ်ဓါတ်ကျနေခြင်းရဲ့ထင်ရှားတဲ့လက္ခဏာတခုပါ။


လမ်းလျှောက်ရင်မေးစေ့မော့ပုခုံး

နောက်ပစ်ပြီးသက်တောင့်သက်သာလျှောက်ရပါမယ်။လိုအပ်တာထက်‌ ခေါင်းမော့ခြင်းဟာရှုံးနှိမ့်တာလူသိမှာစိုးတဲ့သင်္ကတပါ။


မိမိကိုယ်မိမိယုံကြည်မှုရှိတဲ့ပုံစံဖြစ်နေရမယ်။ပျော့တိပျော့ဖတ်၊ယိုင်နဲ့နဲ့၊လှုပ်လီလှုပ်လဲ့လမ်းမလျှောက်ရဘူး။မြေကြီးကိုအကြောင်းမဲ့အကြာကြီးငုံ့ကြည့်ပြီးလမ်းလျှောက်တာစိတ်ဓါတ်ကျနေတာစိတ်ရှုပ်ထွေးနေတာကိုဖေါ်ပြနေတာပါ။


ထိုင်ခုံပေါ်ထိုင်ရင်မတ်မတ်ထိုင်ရမယ်။ပျော့ခွေလိမ်ကောက်ပြီးမထိုင်ရဘူး။စကားပြောတဲ့အခါ တဘက်လူကိုမကြည့်ရဲသလိုကြည့်ရမှာရှက်သလိုမှုန်ဝါးဝါးမလုပ်ရဘူး။ရိုးသားတဲ့အကြည့်နဲ့

မျက်လုံးခြင်းဆိုင်ပြောရမယ်။မျက်လုံးခြင်းလိုအပ်တာထက်ပိုကြာကြာစိုက်ကြည့်ခြင်းဟာတဖက်သားကို စော်ကားသလိုဖြစ်တတ်လို့သတိထားရမယ်။


မျက်နာကြည်ကြည်သာသာပြောရမယ်။ဘော်ဒါတွေ့ရင်ပြုံးပြုံးရွှင်ရွှင်ရီမောပြောရမယ်။မှုံကုပ်ကုပ်မျက်နာရှုံတွပြီးမပြောရဘူး။


ကြည့်ချင်မကြည့်ချင် TV ဖွင့်ထားပြီးတနေကုန် TV ထိုင်ငေးနေရင်စိတ်ကျမ်းမာရေးပြဿနာရှိနိုင်ပါတယ်။အချို့အိမ်ဘယ်အချိန်ကြည့်ကြည့်ကက်ဆက်တီဗွီ တခုမဟုတ်တခုဖွင့်ထားတတ်တယ်။ဒါတခုခုမှားနေတဲ့သဘောဆိုတယ်။အမှန်လိုအပ်လို့ဖွင့်တာလည်းဖြစ်နိုင်တယ်၊အထီးကျန်ဆန်ခြင်းသင်္ကတလည်းဖြစ်နိုင်တယ်။


တဦးနဲ့တဦးဆက်ဆံရေးကိုအထစ်အငေါ့ဖြစ်စေတဲ့အပြုအမှုကိုရှောင်ရပါမယ်။ရေရှည်ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်ချင်

ရင်တယောက်မကြိုက်တာတယောက်ရှောင်ရပါမယ်။ကိုယ်မကြိုက်တာတယောက်ကလုပ်ခဲ့လည်းတတ်နိုင်သမျှသည်းညည်းခံရပါမယ်။အဖြစ်သည်းခြင်းဇီဇာကြောင်းခြင်းဟာမပြည့်ဝခြင်းသဘောဖြစ်ပါတယ်။


ခန္ဓာကိုယ်ရဲ့နွမ်းနယ်နေတဲ့စနစ်တခုလုံးပြန်လန်းဆန်းစေဖို့နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်ခြင်းမရှိမဖြစ်လိုအပ်တယ်။သာမန်ရွှင်ရွှင်လန်းလန်းအိပ်ပျော်ခြင်းဟာခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တွေကိုချောမွေ့အောင်ပံ့ပိုးပေးပါတယ်။


အိပ်ဆေးသောက်အိပ်ခြင်းဟာထစ်ငေါ့်နေတဲ့ကွန်ပြူတာကို Restart ပြန်ချသလိုပါပဲ။ ကွန်ပြူတာကိုအမြဲ Restart ချရင် Hard Disk ထိနိုင်သလိုအိပ်ဆေးကိုလိုအပ်တာထက်စွဲသောက်ရင်ဘေးထွက်ဆိုးကျိုးကြောင့်ကျမ်းမာရေးထိခိုက်နိုင်ပါတယ်။


ကွန်ပြူတာကို စနစ်တကျအဆင့်လိုက် Shutdown လုပ်သလိုရုပ်ခန္ဓာနဲ့စိတ်မှာ မောပန်းနွမ်းနယ်နေတာကိုစနစ်တကျတဆင့်ခြင်းအနားယူရှင်းထုတ်နိုင်ရမယ်။ဒါမှဘေးထွက်ဆိုးကျိုးရှိတဲ့ဓါတ်တု

ဆေးဝါးထောက်ကူနေရခြင်းမှ

လွတ်ကင်းစေနိုင်မှာဖြစ်ပါတယ်။


စိတ်လက်ပေါ့ပါးလွတ်လပ်တဲ့

လူတယောက်နဲ့စိတ်ရှုတ်ထွေးနှောက်ကျိနေတဲ့လူတယောက်ဆက်ဆံပြောဆိုပုံလမ်းလျှောက်ပုံကိုကြည့်ရင်သိသာပါတယ်။ရုပ်ထိခိုက်ထားရင်စိတ်တက်ကြွရွှင်လန်းနေအောင်သတိပြုရမယ်။

စိတ်ဓါတ်ကျဆုံးလေးလံထိုင်းမှိုင်းနေရင် ရုပ်ခန္ဓာကိုယ်စမတ်ဖြစ်အောင်ကျင့်ကြံနေထိုင်ကြရပါမယ်။


ပညာရှင်အဆက်ဆက်ကမှန်ကန်တဲ့လူမှုဗေဒကိုနည်းပေးလမ်းပြကြပေမယ့်လူတိုင်းကကိုယ့်လမ်းကိုယ်သွားချင်သလိုသွားလေ့ရှိပါတယ်။တက်ကျမ်းမဟုတ်ပါဘူး။ဖတ်ဖူးတဲ့စာထဲကအချို့မှတ်မိသလောက်ဟိုရေးဒီရေးချရေးကြည့်တာပါ။


လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.