လုပ်ကြံမှု

 အယ်ကေးဒါးခေါင်းဆောင်ဒေါက်တာဇဝါဟီရီ (Dr. Ayman-al -Zawahiri) ကိုအာဖဂန်နစ္စတန်နိုင်ငံကဘူးမြို့မှာအမေရိကန်ပြည်ပထောက်လှမ်းရေး (CIA)က ဒရုန်းနဲ့တနင်္ဂနွေနေ့ကလုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။ 


9/11 တိုက်ခိုက်မှုကိုဦးဆောင်ခဲ့တဲ့အိုစမာဘယ်လာဒင်နဲ့ဒေါက်တာဇဝါဟီရီဟာအမေရိကန်အလိုအရှိဆုံးအကြမ်းဖက်သမားများဖြစ်ကြတယ်။ဒေါက်တာဇဝါဟီရီကိုလုပ်ကြံသတ်ဖြတ်မှုအပြီးအမေရိကန်နိုင်ငံသားအတွက်တရားမျှတမှုကိုဆောင်ကျဉ်းပေးခဲ့ပြီအမေရိကန်သမ္မတဘိုင်ဒင်ကအိမ်ဖြူတော်တီဗွီထုတ်လွင့်ချက်မှာပြောကြားခဲ့တယ်။အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေးဗျုရို (FBI) ဝက်ဆိုဒ်မှာ ဇဝါဟီရီကို “ သေဆုံးပြီး ” ဖေါ်ပြခဲ့တယ်။


၂၀၁၁ ဘင်လာဒင်လုပ်ကြံခံရပြီးအီဂျစ်လူမျိုးဆရာဝန်ဒေါက်တာဇဝါဟီရီ (၇၁ နှစ်)ဟာအယ်ကေးဒါး (Al-Qaeda) ခေါင်းဆောင်ဖြစ်လာခဲ့တယ်။ 9/11 တိုက်ခိုက်ခံရမှုမှာဒေါက်တာဇဝါဟီရီဟာ

အဓိကပဲ့ကိုင်ရှင်တယောက်ဖြစ်တယ်အမေရိကန်ကပြောတယ်။


ကဘူးလ်မြို့လုံခြုံစိတ်ချရတဲ့အိမ်တအိမ်မှာခိုအောင်းနေတဲ့ဒေါက်တာဇဝါဟီရီအိမ်ဝရံတာထွက်အလာအချိန်ပြည့်ချောင်းမြောင်းနေတဲ့ CIA ဒရုန်းက Hellfire R9X ဒုံးကျည်နှစ်စင်းနဲ့သူ့ကိုအသေပစ်သတ်ခဲ့တာပါ။အိမ်မှမိသားစုဝင်များရှိနေကြပေမယ့်တယောက်မှထိခိုက်ဒဏ်ရာမရရှိခဲ့ကြပါ။


9/11 အယ်ကေးဒါးတိုက်ခိုက်မှုမှာအမေရိကန်နိုင်ငံသားသုံးထောင်သေကျေခဲ့တယ်။မီးသတ်သမား ၃၄၄ ယောက်မီးငြိမ်းသတ်ဖို့ကြိုးစားရင်းသေဆုံးခဲ့ကြတယ်။ အမေရိကန်စစ်သင်္ဘာ USS Cole ကိုဗုံးခွဲတိုက်ခိုက်မှုမှာရေတပ်သား ၁၇ ယောက်ကျဆုံးခဲ့တယ်။အာဖရိကကင်ညာနဲ့တန်ဇန်းနီးယား

အမေရိကန်သံရုံးတိုက်ခိုက်ခံရမှုမှာလူပေါင်း၂၂၃ ယောက်သေဆုံးခဲ့ကြရတယ်လို့ဒေါက်တာဇဝါဟီရီဦးဆောင်တဲ့အယ်ကေးဒါးအကြမ်းဖက်မှုကြောင့်လို့အမေရိကန်ထိခိုက်ကျဆုံးရမှုများကိုအိမ်ဖြူတော်တီဗွီမှာအမေရိကန်သမ္မတကပြောကြားခဲ့တယ်။


ဒေါက်တာဇဝါဟီရီခေါင်းဖြတ်နိုင်ရင်ဒေါ်လာ ၂၅ သန်းဆုငွေချီးမြှင့်မယ်အမေရိကန် CIA ကကြော်ငြာချက်ထုတ်ပြန်ထားတယ်။


Source : Google

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.