အမေရိကန်-တရုတ်

 တောင်တရုတ်ပင်လယ်မှာဇူလိုင် ၁ - ၅  တရုတ်ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်နေတုံးအမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စီး တောင်တရုတ်ပင်လယ်ထဲစစ်ရေး

လေ့ကျင့်ဖို့ဇူလိုင် ၄ ရက်နေ့ကဝင်ရောက်လာလို့ဒေသတွင်းအခြေအနေတင်းမာလာပါတယ်။ 


တောင်တရုတ်ပင်လယ်ဟာ တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေ ထိုင်ဝမ်၊ဗီယက်နမ်၊အင်ဒိုနဲ့ဖိလစ်ပိုင်နိုင်ငံပိုင်ရေပြင်နယ်နမိတ်များနဲ့ထိစပ်နေသောပိစိဖိတ်သမုဒ္ဒရာ

အနောက်တောင်ပိုင်းရှိမဟာဗျုဟာအချက်အချာကျဒေသတခုဖြစ်တယ်။


တရုတ်နိုင်ငံကသူပိုင်တယ်ပြောနေတဲ့တောင်တရုတ်ပင်လယ်ဒေသများဟာနိုင်ငံတကာဥပဒေအရတရားမဝင်ဘူးအမေရိကန်ကပြောထားပြီးအမေရိကန်ဟာ တောင်တရုတ်ပင်လယ်ဒေသကို 

မတည်မငြိမ်ဖြစ်အောင်လုပ်နေတယ်တရုတ်ကပြန်စွတ်စွဲထားတယ်။


ပင်လယ်ထဲကကျွန်းစုများ ပင်လယ်ငါးဖမ်းလုပ်ကွက်များ စွမ်းအင်အရင်းအမြစ်ရှိနိုင်တဲ့နေရာစစ်အခြေစိုက်စခန်းများနဲ့ကုန်သွယ်ရေကြောင်းသွားလာမှုလမ်းကြောင်းတည်ရှိရာနေရာများဟာအဓိကအငြင်းပွားရေပြင်နယ်နမိတ်များဖြစ်ကြပါတယ်။


အင်ဒို-ပိစိဖိတ်ဒေသကိုလွတ်လပ်ဒေသဖြစ်လာအောင်အမေရိကန်နိုင်ငံရဲ့ဒေသဆိုင်ရာနိုင်ငံခြားရေးမှုဝါဒနဲ့အညီဆောင်ရွက်နိုင်တယ်။ တောင်တရုတ်ပင်လယ်ပြင်အများစုကိုပိုင်တယ်တောင်းဆိုပြီးဒေသတွင်းထိမ်းချူပ်ဖို့ကြိုးစားနေတဲ့တရုတ်နိုင်ငံတောင်းဆိုချက်များဟာ(လုံးဝ)တရားမဝင်ဘူးအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike က 

သတင်းထုတ်ပြန်ခဲ့တယ်။ဒီထုတ်ပြန်ချက်ကိုတရုတ်ကချက်ခြင်းကန့်ကွက်ခဲ့တယ်။


တောင်တရုတ်ပင်လယ်ဟာကမ္ဘာ့ရေကြောင်းသွားလာမှုမှာမဟာဗျုဟာကျဒေသဖြစ်ပြီး၂၀၁၆ ခုကကမ္ဘာ့ကုန်သွယ်ရေးတန်ဘိုးအမေရိကန်ဒေါ်လာ ၃.၄ ထရီလီယံ (၁ ထရီလီယံ = ၁ အနောက်သုည ၁၈ လုံး) ဖြတ်သန်းသွားလာခဲ့တဲ့ရေပြင်ဖြစ်ပါတယ်။ 


တောင်တရုတ်ပင်လယ်နဲ့ဆက်စပ်နေတဲ့တရုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟောင်ကောင်ကျွန်းနဲ့တရုတ်ပြည်မကြီးဆက်ဆံရေးတင်းမာနေတဲ့အချိန်မှာအမေရိကန်နဲ့တရုတ်ငြိကြတာဖြစ်တယ်။ 


အမေရိကန်နိင်ငံသားများလုံခြုံရေးကြောင့်တရုတ်ကိုခရီးမသွားသင့်ဘူးအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကကျေညာချက်ထုတ်ပြန်လိုက်လို့ဒေသတွင်းစစ်ရေးအရိပ်အငွေ့များယှက်သန်းလာပါတယ်။


အခုနိုဝင်ဘာအမေရိကန်ရွေးကောက်ပွဲအချိန်အထိအမေရိကန် - တရုတ်ကုန်သွယ်ရေးစစ်ရေးထိပ်တိုက်တွေ့တင်းမာမှုပိုဖြစ်လာမယ်နိုင်ငံရေးလေ့လာသူများသုံးသပ်ထားတယ်။


၂၀၁၉ အတွင်းတရုတ်စုစုပေါင်းပြည်တွင်းထုတ်ကုန် GDP ဟာအမေရိကန်ထက်များပေမယ့်အမေရိကန်ဟာကမ္ဘာ့အကြီးမားဆုံးစီးပွားရေးကိုမောင်းနှင်နေပြီးတရုတ်ဒုတိယကပ်လိုက်နေပါတယ်။


ဒုတိယကမ္ဘာစစ်အပြီးအာရှဒေသမှာကိုရီးယားစစ်ပွဲဗီယက်နမ်စစ်ပွဲတို့ကိုအမေရိကန်စစ်တပ်တိုက်ခိုက်ထားလို့ကမ္ဘာ့စစ်ပုလိပ်ကြီးအမေရိကန်ဒေါသကိုဘယ်သူမှလျှော့တွက်လို့မရပါဘူး။


၂၀၁၅ မှတ်တမ်းအရ တရုတ်စစ်အင်အားကမ္ဘာမှာတတိယအဆင့်ရှိပါတယ်။သတင်းများအရလေယာဉ်တင်သင်္ဘာအသစ်တည်ဆောက်နေဆဲတရုတ်ရေတပ်ဟာနှစ် ၂၀ အတွင်းအင်အားကြီးအမေရိကန်ရေတပ်ကိုတောင်တရုတ်ပင်လယ်ရေပြင်မှာဘယ်လိုမှမယှဉ်နိင်သေးပါ။ 


အမေရိကန်နဲ့တရုပ်ရေတပ်စစ်သင်္ဘာအရည်အတွက်အစီးရေ ၃၀၀ စီရှိကြပေမယ့်အရွယ်အစားကြီးမှု နည်းပညာနဲ့တပ်ဆင်ထားတဲ့စစ်လက်နက်ထိရောက်အားသာမှုများမှာအမေရိကန်စစ်သင်္ဘာများကပိုသာပါတယ်။


အမေရိကန်ဒုံးကျည်တင်စစ်သင်္ဘာများကဒုံးကျည်အလက်ပေါင်း ၁၂၀၀၀  ဖြန့်ကျက်ထားနိုင်ပြီးတရုတ်စစ်သင်္ဘာများကအလားတူဒုံးကျည်ပေါင်း ၅၂၀၀ ပဲဖြန့်ကျက်နိုင်ပါတယ်။အင်အားအရမ်းကွာပါတယ်။အမေရိကန်လေယာဉ်တင်သင်္ဘာကြီးမှာလေလုံခန်းအများကြီးပါပြီးတော်တန်ရုံဒုံးကျည်ထိရုံနဲ့နှစ်မြုတ်နိုင်ဖို့အရမ်းခဲယဉ်းလှပါတယ်။ 


၂၀၂၀ ဇွန်လအထိကမ္ဘာ့ရေတပ်ပေါင်း (၁၄) တပ်မှာတိုက်ပွဲဝင်အသင့်လေယာဉ်တင်သင်္ဘာအစီးရေ ၄၄ စီးရှိပြီးအမေရိကန်ရေတပ်အနူမြူစွမ်းအင်သုံးလေယာဉ်တင်

သင်္ဘာ ၁၁ စီးရှိပါတယ်။လေယာဉ်တင်သင်္ဘာတစီးကိုတိုက်လေယာဉ်အစီး ၈၀ တင်ဆောင်နိုင်ပါတယ်။


အမေရိကန်လေယာဉ်တင်သင်္ဘာအားလုံးပေါင်းကုန်းပတ်အရွယ်အစားဟာကျန်ကမ္ဘာ့နိုင်ငံစစ်သင်္ဘာအားလုံးပေါင်းကုန်းပတ်အရွယ်အစားနှစ်ဆရှိပါတယ်။တောင်တရုပ်ပင်လယ်မှာစစ်ရေးလေ့ကျင့်နေတဲ့အမေရိကန်လေယာဉ်တင်သင်္ဘာ USS Ronald Reagan


Source:  google

လွင်ဦး(ရန်ကင်း)

Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.