ထိုင်ဝမ် နန်စီပလိုစီ

 အငြင်းပွားမှုများနဲ့အန္တရယ်အလားအလာရှိနေပေမယ့်အမေရိကန်အောက်လွတ်တော်ဥက္ကဋ္ဌနန်စီ (Nancy Pelosi) ဟာထိုင်ဝမ်ကိုဒီနေ့အင်္ဂါနေ့ညရောက်ပြီးနောက်တနေ့ထိုင်ဝမ်သမ္မတနဲ့တွေ့မယ်ကျိုဒိုသတင်းမှာဖေါ်ပြထားတယ်။


ထိုင်ဝမ်သမ္မတရုံးနဲ့နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကဥက္ကဋ္ဌနန်စီခရီးစဉ်ကိုမှတ်ချက်ပေးဖို့မနေ့ကငြင်းဆန်ပြီးဒီနေ့မှအတည်ပြုတယ်။


အမေရိကန်သမ္မတဘိုင်ဒင်အစိုးရကလွတ်တော်ဥက္ကဋ္ဌနန်စီထိုင်ဝမ်ခရီးစဉ်ကိုစိတ်ပူပြီးတရုတ်ဘက်ကတုန့်ပြန်လာမှာစိုးရိမ်တကြီးစောင့်ကြည့်နေပါတယ်။ 


၂၅ နှစ်အတွင်းအမေရိကန်အောက်လွတ်တော်ဥက္ကဋ္ဌတဦးရဲ့ထိုင်ဝမ်ခရီးစဉ်ဖြစ်ပြီးအမေရိကန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနကလွတ်တော်ဥက္ကဋ္ဌနန်စီဘေးအန္တရယ်ကင်းစင်ရေးဆောင်ရွက်ရန်ရှိတာအချိန်မဆိုင်းစက္ကန့်မလပ်ကြိုတင်ပြင်ဆင်နေတယ်။


လွတ်တော်လွတ်တော်ဥက္ကဋ္ဌနန်စီထိုင်ဝမ်ခရီးစဉ်ဟာထိုင်ဝမ်ကျွန်းကိုတရုတ်ပြည်မကြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအဖြစ်သတ်မှတ်ထားတဲ့တရုတ်ကိုအမျက်ဒေါသထွက်စေပါလိမ့်မယ်။


နန်စီဟာထိုင်ဝမ်ကိုကျန်ခဲ့တဲ့ဧပြီလထဲကသွားဖို့ရှိပေမယ့် Covid-19 ခံစားရလို့ခရီးစဉ်ရွှေ့ဆိုင်းထားတာပါ။ထိုင်ဝမ်ကိုအမေရိကန်လွတ်တော်ဥက္ကဋ္ဌလည်ပတ်မှုဟာစစ်ရေးချိန်ခွင်ခြိမ်းခြောက်မှုအဖြစ်တရုတ်မြင်ပြီးဒေါသအကြီးအကျယ်ထွက်စေတယ်။


တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူကလွတ်တော်ဥက္ကဋ္ဌနန်စီတရုတ်ပိုင်ထိုင်ဝမ်ကျွန်းကိုသွားခြင်းဟာတရုတ်နိုင်ငံပြည်တွင်းရေးကိုဗြောင်ကျကျဝင်စွက်ဖက်တာဖြစ်ပြီးတရုတ်-အမေရိကန်ဆက်ဆံရေးကိုအကြီးအကျယ်အရုပ်ဆိုးပျက်စီးစေလိမ့်မယ့်မနေ့ကပြောတယ်။


“ ထိုင်ဝမ်ကိုဥက္ကဋ္ဌနန်စီသွားရဲတယ်ဆိုရင်ဘာဆက်ဖြစ်မလဲစောင့်ကြည့်လိုက် ” တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူကခြိမ်းခြောက်လိုက်တယ်။


“ လာတဲ့ရန်သူကိုမြေမြုတ်ပစ်မယ် ” 


တရုတ်စစ်တပ်အရှေ့ပိုင်းစစ်ဒေသဌာနချုပ်ကတရုတ်လူသုံးများလူမှုကွန်ယက် Weibo မှာဒီစာတင်ထားတယ်။ထိုင်ဝမ်ကျွန်းဟာတရုတ်အရှေ့ပိုင်းစစ်ဌာနချုပ်စစ်ဆင်ရေးဧရိယာအတွင်းရှိတယ်။


" အမေရိကန်ဒီလိုကျုးကျော်ရန်စတာကိုတရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ်

ငုတ်တုတ်ထိုင်ကြည့်နေမှာမဟုတ်ဘူး " 


တရုတ်ပြောရေးဆိုခွင့်ရရှိသူပြောတယ်။ဒါပေမယ့်တရုတ်စစ်တပ်ဘယ်လိုတုန့်ပြန်မယ်တိတိကျကျပြောမသွားဘူး။


ထိုင်ဝမ်ကိုသွားမှာနဲ့ပတ်သက်ပြီး “ လွတ်တော်ဥက္ကဋ္ဌနန်စီဘာရည်ရွယ်ရှိလဲမသိဘူး ” အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကင်ပြောတယ်။ “ အမေရိကန်အောက်လွတ်တော်ဟာသီးခြားလွတ်လပ်မှုရှိတယ်..အမေရိကန်အစိုးရရဲ့သီးခြားလွတ်လပ်မှုရှိတဲ့အဖွဲ့အစည်းဖြစ်တယ် ” “ဆုံးဖြတ်ချက်ဟာအောက်လွတ်တော်ဥက္ကဋ္ဌကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်သာဖြစ်တယ် ” “ ထိုင်ဝမ်ကိုအမေရိကန်လွတ်တော်ဥက္ကဋ္ဌနဲ့လွတ်တော်အမတ်များအလည်အပတ်သွားတဲ့အစဉ်အလာရှိတယ် ” ဝန်ကြီးဘလင်ကင်ပြောတယ်။


ဥက္ကဋ္ဌနန်စီထိုင်ဝမ်ခရီးစဉ်နဲ့ပတ်သက်ပြီးတရုတ်ဘက်ကပြင်းပြင်းထန်ထန် တုန့်ပြန်မှာနဲ့ပတ်သက်ပြီး “ လွတ်လပ်လုံခြုံပွင့်လင်းတဲ့အင်ဒိုပစိဖိတ်ဒေသဖြစ်ဖို့အမေရိကန်အစိုးရပေါ်လစီအပြောင်းအလဲမရှိဘူး ” အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီတာဝန်ရှိသူတဦးပြောတယ်။


ကျန်ခဲ့တဲ့အပတ်ကထိုင်ဝမ်တင်းမာမှုနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဘိုင်ဒင်နဲ့တရုတ်သမ္မတရှီကျိဖျင်တယ်လီဖုန်းနှစ်နာရီကျော်စကားပြောခဲ့ကြသေးတယ်။


အောက်လွတ်တော်ဥက္ကဋ္ဌနန်စီဟာတရုတ်ဒီမိုကရေစီရေးလှုပ်ရှားမှုကိုထောက်ခံပြီးတိဘက်ပြည်ပြေးဘုန်းတော်ကြီးဒလိုင်လားမားနဲ့တွေ့ဆုံဖူးတယ်။တရုတ်ဒီမိုကရေစီလှုပ်ရှားမှုတိုင်နမန်ရင်ပြင်နှစ်ပတ်လည်အခမ်းအနားနဲ့ဟောင်ကောင်ကျွန်းဒီမိုကရေစီအရေးလှုပ်ရှားမှုများကိုထောက်ခံသူဖြစ်တယ်။


လွတ်တော်ဥက္ကဋ္ဌနန်စီစင်္ကာပူ၊မလေးရှား၊တောင်ကိုရီးယားနဲ့ဂျပန်အာရှလေးနိုင်ငံခရီးစဉ်မနေ့ကစတင်တယ်။မနေ့ကစင်ကာပူရောက်ပြီးဒီနေ့မလေးရှားမှာရှိနေတဲ့ဥက္ကဋ္ဌနန်စီဟာမလေးရှားဝန်ကြီးချုပ်မလေးရှားလွတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။အမေရိကန်ခြေဥအရအောက်လွတ်တော်ဥက္ကဋ္ဌဟာအမေရိကန်မှာတတိယဩဇာအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်တယ်။


လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.