သူနာပြုအကူ

 ဗဟိုစည်ဆေးရုံပေါ်ကအမေ့အတွက် Special Nurse နေ့ညနှစ်ယောက်ခေါ်ခဲ့ရတယ်။ရောက်လာတဲ့နှစ်ယောက်က Special Nurse မပြောနဲ့သူနာပြု(အကူ) တောင်မဟုတ်လောက်ဘူး။


မေးကြည့်တော့သူနာပြု(အကူ)

သင်တန်းဆင်းဆိုပဲ။လုပ်ရည်ကိုင်ရည်ကြည့်ရတာလူနာစောင့်သာသာပဲ။ဒါတောင်သူ့ကိုလွယ်လွယ်ခေါ်လို့မရဘူး။အဆက်အသွယ်နဲ့ခေါ်မှရောက်လာတာ။ 


“ ဂျူတီဆက်တိုက်ဝင်နေရလို့မအားဘူး….အန်ကယ်လ်....အခုတောင်အားနာရမယ့်အမတယောက်ပြောလို့ဝင်ပေးတာ ” 


Apple ဖုန်းလက်ထဲကိုင်ထားပြီးအခန်းထဲရောက်ရောက်ခြင်းခပ်ကြွားကြွားလေးပြောလိုက်တာ။လက်စွပ်၊လက်ကောက်နားကပ်လက်ဝတ်ရတနာတခုမှမပါပဲခြေသည်းလက်သည်းသန့်သန့်ရှင်းရှင်းဖြစ်တာကိုကြည့်ပြီးအမှတ်နည်းနည်းပေးမိတယ်။


သူနာပြုဟာအလုပ်ခွင်မှာလက်ဝတ်ရတနာမဝတ်ဆင်ရဘူး။ဘောပင်တချောင်းရင်ပတ်ထိုးထားတဲ့ဆေးရုံကြီးကသူနာပြုဘယ်သူမှအလုပ်ချိန်မှာလက်ဝတ်ရတနာမဝတ်ဆင်ကြဘူး။


သူနာပြု(အကူ)အခေါ်အပြောအာရုံဏှောက်စရာပေမယ့်အမတွေအစီအစဉ်ဆိုတော့အသာကြည့်နေလိုက်တယ်.နောက်ဆုံးအချိန်ကိုရောက်နေတဲ့အမေကတော့ကုတင်ပေါ်မှာမလှုပ်နိုင်တော့ဘူး။


အမေ့ကိုထမိန်လဲတာ၊ရေပတ်တိုက်တာ၊အစာပိုက်ထဲထည့်တာအကုန်လူနာရှင်မိသားစုပဲဝိုင်းလုပ်ကြတယ်။သူနာပြု(အကူ)ဆိုတဲ့လူနာစောင့်ဖက်တီးကဟိုနားယောင်လိုက်ဒီနားယောင်လိုက်နဲ့။တရက် ၁၅၀၀၀/ ဆယ်ရက်ဆိုတော့သူ့စားဝတ်နေရေးတဖက်တလမ်းထောက်ပံ့ပေးလိုက်တယ်မုဒိတာပွားရတော့မှာပဲ။


နေ့လည်ဆေးရုံရောက်သွားတိုင်းကြည့်လိုက်ရင်သူနာပြု (အကူ) နာမည်ခံလူနာစောင့်ဖက်တီးကကုတင်ပေါ်ကအမေ့ဘေးနားဖုန်းသည်းကြီးမဲကြီးပွတ်နေတာချည်းပဲ။တံခါးဖွင့်သံကြားလို့ခေါင်းမော့ကြည့်ရင်းဖုန်းအပွတ်မပျက်ဖူး။ဆေးရုံစောင့်အမကြီးကနေ့ညပင်ပန်းလွန်းလို့ကုတင်အပိုမှာအမြဲအိပ်ပျော်နေတယ်။


“ မကြီး…ညဘက်ခေါ်ထားတဲ့ ကောင်မလေးကောအားကိုးရလား ”


“ သူလည်းမထူးဘူး….ည ၁၂ နာရီ

လောက်အထိဖုန်းပွတ်ပြီးတာနဲ့အမေ့ကုတင်မှာခေါင်းစောင်းအိပ်တာပဲ ”


အမေဆေးရုံတက်နေရင်း Special Nurse အရေးပေါ်လိုလို့ခေါ်တာရောက်လာတဲ့သူတွေက Nurse မဟုတ်ဘူး။စနစ်တကျလေ့ကျင့်သင်ကြားထားတဲ့သူနာပြု(အကူ)

လည်းမဟုတ်ဘူး။သာမန်လူနာစောင့်ပါ။လူမှန်ကိုမရှာနိုင်တာလည်းပါမယ်။


ပွဲစားနဲ့ငှားလို့ရောက်လာတဲ့ Special Nurse ကိုဘယ်လူနာရှင်မှ စာရွက်စာတမ်းတောင်းကြည့်ပြီးစစ်ဆေးနေမှာမဟုတ်ဘူး။ဆေးရုံမှာ Special Nurse ရှာပေးမယ်ဆိုတဲ့ပွဲစားစကားကိုဘယ်လောက်ယုံကြည်လို့ရမလဲ။ဆေးရုံတာဝန်ရှိသူများလည်းလူနာရှင်နဲ့ ပြင်ပပုဂ္ဂလိက Nurse ကိစ္စပြဿနာရှိလို့တော်တန်လက်ရှောင်နေကြတယ်ထင်တယ်။


လူနာရှင်သောကဝေဒနာကိုအခွင့်ကောင်းယူပြီးပုဂ္ဂလိကဆေးရုံကြီးမှာလုပ်စားနေကြတဲ့သူနာပြု(အကူ)နာမည်ခံထားတဲ့ လူနာစောင့်နဲ့ပတ်သက်ပြီးဆေးရုံတိုင်းမှာညွှန်ကြားချက်ရှိမှာဖြစ်ပေမယ့် Ward ထဲမှာအဆင်ပြေသလိုလုပ်နေရတဲ့သဘောရှိလိမ့်မယ်။


ကျွန်တော်သူကြုံခဲ့ဖူးတဲ့သူနာပြု

(အကူ)နာမည်ခံလူနာစောင့်အားကိုးလို့မရပေမယ့်မိတ်ဆွေအချို့ကံကောင်းကြတယ်။ငှားထားတဲ့သူနာပြု(အကူ)အရမ်းအားကိုးရတယ်တဲ့။လူကောင်းလူညံ့နေရာတိုင်းမှာရှိကြမှာပဲ။


(၂၀၁၉ ဩဂတ်စ် အမေမကွယ်လွန်ခင်ရေးခဲ့တဲ့ပို့စ်)


လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.