Skoda ကား

 Skoda ကားကိုအခုခေတ်လူငယ်အချို့မသိလောက်ဘူး။ကျွန်တော်တို့ငယ်ငယ် ၁၉၇၀-၇၅ လောက်အထိ Skoda ကားကိုမြင်ဖူးတယ်။လုံးလုံးပုပုကားအသေးလေး။Skoda ကလူတိုင်းကြိုက် VW လိပ်ခုံးလောက်နာမည်မကြီးပေမယ့် Skoda စီးတဲ့ဘောစိမြင်ခဲ့ဘူးတယ်။Skoda မော်ဒယ်အမြင့်ရှိပေမယ့်ရန်ကုန်မှာမတွေ့မိသေးဘူး။


Skoda ကားကုမ္ပဏီကိုချက်ကိုစလိုဗက်နိုင်ငံမှာ ၁၈၉၅ ခုနှစ်ကတည်ထောင်ခဲ့တယ်။လက်ရှိ Skoda ကားကုမ္မဏီဟာဂျာမန်ကားကုမ္မဏီကြီးVW လက်အောက်ရောက်နေပါပြီ။


မဆလခေတ်စက်မှု(၂)ဝန်ကြီးဋ္ဌာနမှာလယ်ထွန်စက်ထုတ်လုပ်ခဲ့တယ်။ချက်ကိုစလိုဗက်နိုင်ငံ Zetor Tractor အစီအစဉ်နဲ့လယ်ထွန်စက်အများကြီးထုတ်လုပ်တာပါ။ 


ချက်နိုင်ငံ Zetor ထွန်စက်ကမြန်မာနိုင်ငံမှာ “ ဇွဲ ”လယ်ထွန်စက်ဖြစ်ခဲ့ပါတယ်။ဇွဲလယ်ထွန်စက်ကိုအရင်ခေတ်တောင်သူအရမ်းကြိုက်ကြတယ်ကြားဖူးတယ်။


ချက်နိုင်ငံမြို့တော် Prague ကိုအများစုက(ပရက်ဂ်)အသံထွက်ကြပါတယ်။ Prague အသံထွက်အမှန်က (ပရာဟာ) ဖြစ်ပါတယ်။ဘာသာမဲ့များတဲ့ချက်သမ္မတနိုင်ငံမှာလူဦးရေဆယ်သန်းကျော်ပဲရှိပါတယ်။အချို့ခရစ်ယန်ကက်သိုလစ်ဘာသာကိုးကွယ်ကြတယ်။


ချက်နိုင်ငံအဓိကထုတ်ကုန်ထဲမှာ Pilsner ဘီယာအဓိကပါတယ်။Pilsner ဘီယာဟာကမ္ဘာ့အကောင်းဆုံးဘီယာတမျိုးပါ။ဘီယာမျိုးစုံသောက်ခဲ့ဖူးပေမယ့် Pilsner ဘီယာကိုအပြင်မှာမြင်တောင်မမြင်ဖူးဘူး။


Skoda Octavia 1960 Model


Source : Google

#လွင်ဦး_ရန်ကင်း


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.