Burma Road

 ကျွန်တော်တို့နိုင်ငံရဲ့မူလနာမည် BURMA ဆိုတာတချိန်ကကမ္ဘာမှာအတော်ထင်ရှားခဲ့တယ်။Burma Road ဆိုပြီးဂုဏ်ပြုပေးထားတဲ့နိုင်ငံတွေလိုက်ရှာကြည့်တော့ကမ္ဘာမှာခြောက်နိုင်ငံတွေ့ရတယ်။


ဩဇီ၊ မလေးရှား၊အစ္စရေး၊အင်္ဂလန်နဲ့အီသီယိုးပီးယားနိုင်ငံတွေမှာ Burma Road ရှိတယ်။ကနေဒါနိုင်ငံ Cochrane မှာ Burma Rd နာမည်ကျော်တောင်တက်စက်ဘီးလမ်းရှိတယ်။


ခက်ခဲကြမ်းတမ်းတဲ့ကမ္ဘာကျော်မြန်မာနိုင်ငံလားရှိုးနဲ့တရုပ်နိုင်ငံကူမင်းတောင်ကြားလမ်းနာမည်ကို Burma Rd.ပေးထားတယ်။ကမ္ဘာမှာအရမ်းနာမည်ကြီးတယ်။


ဂျပန်ဝင်တိုက်လို့မရှုမလှဖြစ်နေတဲ့

တရုတ်ကိုစစ်ကူပေးနိုင်ဖို့လာရှိုး (မြန်မာ) - ကူမင်း(တရုတ်)အဖြောင့်တိုင်း ၇၁၇ မိုင်ရှည်တဲ့ Burma Rd. ကိုအင်္ဂလိပ်ကဒုတိယကမ္ဘာစစ်အတွင်းအရေးတကြီး

ဖေါက်လုပ်ခဲ့တာပါ။


ဒီလမ်းမကြီးရဲ့အစိတ်အပိုင်းတော်တော်များများကိုယနေ့ခေတ်တွေ့နိုင်ပါသေးတယ်။တောင်ပြိုကျတာနှင်းထုကြီးပြိုဆင်းကားလမ်းပိတ်တာအမြဲလိုလိုဖြစ်နေတော့ Burma Rd.မကြာခဏ

ပိတ်ဆို့ခဲ့ရတယ်။


၁၉၃၈ ခုနှစ်မှာ Burma Rd က

အခက်ခဲဆုံးလမ်းပိုင်း(လာရှိုး - ကူမင်း) ကိုကြမ်းတမ်းတဲ့ရာသီဥတုအောက်မှာတရုတ်အလုပ်သမား ၂ သိန်းနဲ့ဖေါက်လုပ်ခဲ့တယ်။တောတောင်များစွာကျော်ခွဖြတ်ထုတ်ပြီးခက်ခက်ခဲခဲဖေါက်လုပ်ခဲ့ရတာပါ။ တရုတ်ဘက်ကတရုတ် - ဂျပန်စစ်ပွဲဖြစ်ပွားတဲ့၁၉၃၇ ခုနှစ်ကစဖေါက်လုပ်ခဲ့တယ်။


Burma Road က တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်ကူမင်းမြို့နဲ့မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းကလားရှိုးမြို့ကိုတောတောင်များဖြတ်သန်းချိတ်ဆက်ဖေါက်လုပ်ခဲ့တာပါ။


မြန်မာ - တရုတ်ကုန်းလမ်းကြောင်း

အတွက်အဓိကသုံးနေတဲ့ Burma Rd (လာရှိုး-ကူမင်း) ကို ၁၉၄၂ ဖက်ဆစ်ဂျပန်များမြန်မာပြည်ကျူးကျော်လာတဲ့အခါဖြတ်တောက်ပိတ်ဆို့ခဲ့တယ်။အမေရိကန်အင်္ဂလိပ်မဟာမိတ်တပ်များက Burma Rd မှတဆင့်ရန်သူတရုတ်ပြည်ကိုထောက်ပံ့ရေးပစ္စည်းများပေးပို့နေလို့ပါ။


ဒါကြောင့်မဟာမိတ်တပ်အမေရိကန်ဗိုလ်ချုပ်ဂျိုးဇက်စတီးဝဲလ်

(Gen Joseph Stilwell) ကအိန္ဒိယ

နိုင်ငံအာသံပြည်နယ်လီဒို (Ledo)မြို့မှမြန်မာနိုင်ငံရှင်ဗွေယန်- တနိုင်း- ကာမိုင်း- မြစ်ကြီးနား-ဗန်းမော်- သိန္ဒီ -မူဆယ်-ရွှေလီ - ကူမင်း(တရုတ်)အထိ မိုင် ၄၀၀ ကျော်ကိုကချင်တောတောင်အထပ်ထပ်ကျော်ဖြတ်ပြီးလမ်းသစ်ဖေါက်လုပ်ခဲ့တယ်။ 


မူလကလီဒို (Ledo) လမ်းခေါ်ပြီးနောက်ပိုင်းစတီးဝဲလ်လမ်းခေါ်ခဲ့ပါတယ်။စတီးဝဲလ်လမ်းမှတဆင့် မဟာမိတ်စစ်တပ်ထောက်ပံ့ရေးယာဉ်တန်းများတရုတ်နိုင်ငံ

ကူမင်း(Kuming) အထိပို့ဆောင်နိုင်ခဲ့တယ်။


ဖက်ဆစ်ဂျပန်ကြောင့်အလူးအလဲခံနေရတဲ့တရုတ်ဗိုလ်ချုပ်ကြီးချန်ကေရှိတ်ရဲ့တရုတ်နိုင်ငံအတွက် စစ်ကူကိုအိန္ဒိယကနေလေထီးနဲ့ချပေးပြီးမြန်မာပြည်ထဲကျုးကျော်ရောက်နေတဲ့ဂျပန်စစ်တပ်ကို

တိုက်ထုတ်ဖို့ Burma Rd နဲ့စတီးဝဲလ်လမ်း(လီဒိုလမ်း)ကိုအဓိကသုံးခဲ့ရတယ်။


မြွေလိမ်မြွေကောက်တောင်စောင်းကွေ့ (၂၄) ခုရှိတဲ့ Burma Rd (စတီးဝဲလ်/လီဒို)လမ်းမကြီးဟာ အဲ့ဒီတုန်းကကမ္ဘာမှာအန္တရာယ်အများဆုံးတောင်ကြားဖြတ်ကျော်လမ်းအဖြစ်သတ်မှတ်ခဲ့ရတယ်။


ဒုတိယကမ္ဘာစစ်အတွင်းတရုပ်- ဂျပန်စစ်ပွဲမှာမဟာမိတ်တပ်တွေအိန္ဒိယကပို့လိုက်တဲ့ထောက်ပံ့ရေးပစ္စည်းဟာတရုတ်နိုင်ငံရှေ့တန်းတပ်များနဲ့နီးတဲ့ တရုတ်နိုင်ငံအတွင်းပိုင်း Chongquing မြို့အထိ Burma Rd. ကတဆင့်မဟာမိတ်စစ်ယာဉ်တန်းနဲ့ (၂၉) ခေါက်ပို့ဆောင်ပေးခဲ့ရတယ်။


Ref : www.dangerousroads.org

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.