ဗိုလ်နေဝင်း

 ၁၉၆၂ မတ်လ(၂)ရက်နေ့ကာချုပ်ဗိုလ်နေဝင်းဟာတိုင်းပြည်ချောက်ထဲကျဖို့လက်နှစ်လုံးအလိုမှာတိုင်းပြည်ကိုကယ်တင်ခဲ့ရတယ်မြန်မာ့သမိုင်းစာအုပ်ထဲရေးထားခဲ့တယ်။


အထွေထွေအကြပ်အတည်းကြောင့်လူထုအုံကြွမှုဖြစ်တဲ့ ၁၉၈၈ ခုနှစ်အထိဗိုလ်နေဝင်းဟာ မဆလတပါတီအာဏာရှင်ဗဟိုဦးစီးစနစ်နဲ့မြန်မာပြည်ကိုသံလက်သီးစွတ် (၂၆) နှစ်အုပ်ချုပ်ခဲ့တယ်။ပါတီဥက္ကဋ္ဌဗိုလ်နေဝင်းအာဏာစွန့်တော့အသက် (၇၅)ရှိပြီ။


ဥပဒေစိုးမိုးမှုပျက်ပြားပြီးမင်းမဲ့စရိုက်ကြောင့် ၁၉၈၈ စက်တင်ဘာ (၁၈) ရက်မှာမဆလပါတီဆီကတိုင်းပြည်အာဏာကိုကာချုပ်ဗိုလ်စောင်မောင်လွှဲပြောင်းရယူခဲ့တယ်မြန်မာ့သမိုင်းစာအုပ်မှာရေးထားခဲ့တယ်။ 


၁၉၉၂ မှာဒု-တပ်ချုပ်ဗိုလ်သန်းရွှေကတိုင်းပြည်အာဏာကိုတပ်ချုပ်ဗိုလ်စောမောင်ဆီက (ကျမ်းမာရေးအကြောင်းပြ) လွှဲပြောင်းရယူခဲ့တယ်။၁၉၈၈ မင်းမဲ့စရိုက်အကြောင်းပြပြီးဗိုလ်သန်းရွှေတိုင်းပြည်ထိမ်းသိမ်းခဲ့တာ ၂၀၁၁ မတ်လ (၃၀) အထိ (၂၄) နှစ် ကြာခဲ့ပါတယ်။ဗိုလ်သန်းရွှေတပ်ချုပ်ရာထူးစွန့်လွတ်ချိန်အသက်(၇၅)ရှိပြီ။


ရွေးကောက်ပွဲမဲမသမာမှုကြောင့်တိုင်းပြည်အချုပ်အခြာအာဏာကိုတပ်ချုပ်ဗိုလ်မအလ ၂၀၂၁ ဖေဖေါ်ဝါရီ (၁) ရက်နေ့မှာထိမ်းခဲ့ရတယ်အစိုးရသတင်းစာမှာ‌ဖေါ်ပြ

ထားတယ်။တိုင်းပြည်အချုပ်အခြာအာဏာရယူထားချိန်မှာစစ်ကောင်စီဥက္ကဋ္ဌဗိုလ်မအလ အသက် (၆၅)ပြည့်ခဲ့ပြီ။ 


တိုင်းပြည်အချုပ်အခြာအာဏာပိုင်ရှင်အစစ်အမှန်မြန်မာပြည်သူပြည်သားများကို တိုင်းပြည်အာဏာပြန်လွှဲပြောင်း‌ပေးချိန်မှာ 

ဗိုလ်မအလအသက်ဘယ်လောက်ရှိမလဲဆိုတာနောင်ပွင့်တော်မူမယ့်ဘုရားအဆူဆူတောင်မှသိတော်မူနိုင်မယ်မထင်။သမ္မတဟောင်းဒေါက်တာမောင်မောင်ပြောခဲ့ဖူးတယ်။


“ အာဏာဆိုတာလူကိုဖျက်ဆီးတယ်…အကြွင်းမဲ့အာဏာကအကြွင်းမဲ့လူကိုဖျက်ဆီးတယ်….အာဏာမရသေးသူက အာဏာကိုငမ်းငမ်းတက်လိုချင်တယ်…အာဏာရပြီးသူကအာဏာကိုလွယ်လွယ်နဲ့မစွန့်လွတ်ချင်ဘူး ”


လွင်ဦး(ရန်ကင်း)

Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.