နှစ်စီးတွဲကား

 ကိုယ်ဖြတ်သန်းကျင်လည်ခဲ့တဲ့အချိန်ကာလအကြောင်းအရာအဖြစ်အပျက်ကိုပိုစိတ်ဝင်စားတာလူ့သဘာဝပါ။၁၉၈၈ နောက်ပိုင်းမွေးတဲ့လူငယ်များအတွက် ၁၉၇၀-၁၉၉၀ ကာလအကြောင်းအရာဟာအမှန်တကယ်ငြီးငွေ့စရာပါ။


ဒါပေမယ့်ကိုယ်ကဒီကာလပဲမှတ်မှတ်သားသားဖြတ်သန်းခဲ့ဖူးတော့အဲ့တုံးကအကြောင်းအရာအဖြစ်ပျက်ကိုပိုမှတ်မှတ်ရရဖြစ်နေမိတယ်။၁၉၇၀-၁၉၉၀ ကာလဟာလူငယ်တို့အတွက်ရှေးပဝေသဏီဖြစ်နေပေမယ့်ကိုယ့်အတွက်မနေ့တနေ့လိုပဲ။ရုပ်ရှင်ပြနေသလို။


"ကုလားသန်းဖေ" ပြောင်ခေါ်တယ်။ “ကလသဖ” ပါ။“ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့”  ကို အတိုကောက်ခေါ်တာ။ဘိုလို RTC (Road Transport Corporation) ။ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးလက်အောက်။ဘာလုပ်လုပ်မအောင်မြင်တဲ့ မဆလစစ်အစိုးရလက်ထက်လွဲမှားချွတ်ချော်အစီအစဉ်များစွာထဲကအများပြည်သူသယ်ယူပို့‌ ဆောင်ရေးယာဉ်လိုင်းလည်းမအောင်မြင်ခဲ့ဘူး။


၁၉၈၂ က RTC မှာဘတ်စ်ကား ၃၄၈ စီး ရှိပြီး Hino, Leyland ကားများတယ်။အမြတ်အရဆုံးဘတ်စ်လမ်းကြောင်း တောင်/မြောက်ဥက္ကလာနဲ့အင်းစိန်လမ်းကြောင်းပါ။ဧရာအရှေ့၊ရိုးမအရှေ့ခရီးသည်တင်အဝေးပြေကားလိုင်းနဲ့ကုန်စည်သယ်ယူပို့ဆောင်ရေးအဖွဲ့ခွဲရှိသေးတယ်။ရိုးမအရှေ့ဆိုတာရန်ကုန်-မန္တလေးဖြစ်ပြီးဧရာအရှေ့ကရန်ကုန်-ပြည်လမ်း။ဟီနိုး BM,BT နဲ့ TE ကားတွေပါ။


ဒီဇင်ဘာ ၆ ရက် ၁၉၇၀ ကားလက်ဝဲကပ်မောင်းစနစ်ကလက်ယာကပ်မောင်းစနစ်ကိုစစ်အာဏာရှင်တွေမဆင်မချင်ပြောင်းလဲခဲ့တယ်။အာဏာရှင်ဗိုလ်နေဝင်းအနီးကပ်အကြံပေးနက္ခတဝေဒပညာရှင်အကြံပြုချက်လို့သတင်းအချို့မှာပါတယ်။


စတီယာရင်(ညာ)မောင်းစနစ်သုံး ဂျပန်လုပ်ကားဟောင်းမြန်မာပြည်ဝင်လာတော့(ညာ)လက်ယာကပ်မောင်းစနစ်ကျင့်သုံးမိတဲ့မြန်မာနိုင်ငံယာဉ်မောင်းများရှေ့မြင်ကွင်းအခက်အခဲဖြစ်နေတာဒီနေ့အထိ။


နှစ်စီးတွဲကားဆိုတာတချိန်က

နာမည်ကြီးဘီအမ် (Hino BM) ကား။စက်ပါတဲ့ရှေ့ကားဆွဲပြီးစက်မပါတဲ့နောက်ကား ဖရီးတွဲလိုက်တာပါ။


ဝန်နဲ့အားမမျှလို့နှစ်စီးတွဲကားတခန်းရပ်ခဲ့တယ်။၁၉၈၆ ခုနှစ်အထိဒီနှစ်စီးတွဲကားရှိသေးတာမှတ်မိတယ်။ တက္ကသိုလ်ရိပ်သာလမ်းကျောင်းလမ်းမှတ်တိုင်ကနေ ကမာရွတ်လိုင်းပေါက်ကိုစီးတာ စိုက်ပျိုးရေးမှတ်တိုင်နားမှာကားပျက်လို့နောက်ကားပြောင်းစီးခဲ့ရတယ်။အင်းယားလမ်းမီးပ္ပိုင့်ကလှည်းတန်းမီးပ္ပိုင့်ကုန်းဆင်းနောက်တွဲယိုင်ထိုး‌နေတဲ့နှစ်စီးတွဲကားစီးခဲ့တာတွေးပြီးကျောချမ်းမိတယ်။


Source : Google

#လွင်ဦး_ရန်ကင်း

Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.