ဂတ်စ်မီးခြစ်

 မှတ်မှတ်ရရကျနော့်အသက် ၁၄ - ၁၅ မှာဂတ်စ်မီးခြစ်ကိုစမြင်ဖူးတာ။အရင်ကစက်မှု(၁)ထုတ်နတ်သမီးတံဆိပ်စက္ကူမီးခြစ်ဗူးသုံးကြတယ်။နောက်ပိုင်းတ‌ယောတံဆိပ်၊စောင်းကောက်တံဆိပ်ပြောင်းသွားတယ်ထင်တယ်။


ရန်ကင်းမိုးကောင်းဘုရားပွဲရှိတဲ့အချိန်မျိုးဆိုရင်ဓါတ်ဆီမီးခြစ်အမျိုးမျိုးရောင်းတဲ့ဆိုင်အများကြီး။ချောင်းစုံရွာလွတ်ထုတ်ဓါတ်ဆီမီခြစ်ခေတ်စားခဲ့သေးတယ်။

ဂတ်စ်မီးခြစ်မပေါ်သေးဘူး။


ဂတ်စ်မီးခြစ်ဂတ်စ်ကုန်သွားရင်ပြန်ဖြည့်ဖို့မြို့ထဲရောက်ရင်ဖရေဇာလမ်း(အနော်ရထာလမ်း)တလျှောက်ဆူးလေဘုရားလမ်းမပေါ်ဂတ်စ်ဖြည့်တဲ့ဗန်းဆိုင်အများကြီးတွေ့ရလိမ့်မယ်။ဂတ်စ်ဖြည့်မီးခြစ်ကျောက်အသစ်လဲ၊မောင်းအသစ်လဲ။


ဂတ်စ်မီးခြစ်ကို BIC ကုမ္မဏီ က ၁၉၇၃ ခုနှစ်ကတည်ထွင်ခဲ့တယ်။BIC ကုမ္မဏီဆိုတာတခါသုံးသင်တုန်းဒါး၊ပုံဆွဲခဲတံ၊တယ်လီဖုန်းထုတ်တဲ့ပြင်သစ်ထိပ်တန်းနည်းပညာကုမ္မဏီပါ။


BIC ဂတ်စ်မီးခြစ်ကဆေးလိပ်မီးညှိဖို့အဓိကဖြစ်ပြီးဂတ်စ်ကုန်ရင်ပြန်ဖြည့်နိုင်တဲ့အမျိုးအစားပါ။နိုင်ငံပေါင်း ၁၆၀ ကို BIC ဂတ်စ်မီးခြစ်အလုံးရေသန်းထောင့်ငါးရာကျော်ရောင်းချပြီးသွားပြီ။


ပုံမှန်အားဖြင့်ဂတ်စ်မီးခြစ်တလုံးကိုနောက်ဆုံးအချိန်အထိအခြစ်ပေါင်း ၃၀၀၀ ခြစ်နိုင်တယ်။ BIC ထုတ်လုပ်တဲ့ဂတ်စ်မီးခြစ်ကိုကမ္ဘာ့အကောင်းဆုံးတခါသုံးဂတ်စ်မီးခြစ်သတ်မှတ်ထားတယ်။


BIC အလုပ်သမားတယောက်ဟာ

သူ့အလုပ်ချိန်လေးပုံတပုံကို မီးခြစ်ကိုစစ်ဆေးဖို့အတွက်အချိန်ပေးထားရတယ်။ဒါကြောင့် BIC မီးခြစ်ဟာအရည်အသွေးနဲ့ပတ်သက်ရင်နာမည်ကြီးတယ်။


BIC ကုမ္မဏီဟာ Gillette ကုမ္မဏီထုတ်တခါသုံးဂတ်စ်မီးခြစ်စျေးကွက်ကို ၁၉၇၂ မှာယှဉ်ပြိုင်အနိုင်ယူခဲ့ပြီးတခါသုံးကမ္ဘာ့ဂတ်စ်မီးခြစ်စျေးကွက်ကိုအပိုင်ယူလိုက်တာပါ၊၊ 


နောက်ပိုင်း BIC တခါသုံးဂတ်စ်မီးခြစ်နည်းပညာတကမ္ဘာလုံးပျံ့နှံ့သွားပြီးအခုတရုပ်နိုင်ငံမှာဂတ်စ်မီးခြစ်အမြောက်အများထုတ်လုပ်နေတယ်။


ဆေးလိပ်သောက်တုံးကဘီယာဆိုင်ကထရင်ကျန်တာမေ့ခြင်မေ့မယ်။ခုံပေါ်မှာရှိတဲ့ဆေးလိပ်နဲ့ဂတ်စ်မီးခြစ်ဘယ်တော့မှမမေ့ဘူး။အိမ်ရောက်လို့အိတ်ထဲစမ်းကြည့်လိုက်ရင်ဂတ်စ်မီးခြစ် ၂ လုံး ၃ လုံးပါလာတတ်တယ်။

Ref : wikipedia

#လွင်ဦး_ရန်ကင်း


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.