Eddie Murphy

 မြန်မာ့ဟာသသရုပ်ဆောင်ထဲမှာအအောင်မြင်ဆုံးကသန်းနွဲ့၊မြင့်ဖေတို့ထင်တယ်။ဖိုးပါကြီးကဟာသအပြင်စွယ်စုံရမင်းသားကြီးပါ။မှတ်မှတ်သားသားအဖြစ်မိဆုံးဟာသသရုပ်ဆောင်က စံမတူ။


ဒီနေ့ခေတ်မြန်မာ့ရုပ်ရှင်ကားဟာသသရုပ်ဆောင်ထဲမှာသတိထားမိတာ "ဝက်မ" ပါ။ဝက်မ ဟာသသရုပ်ဆောင်တာပေါတောတောပြောလို့မရဘူး။အခုခေတ်ဟာသသရုပ်ဆောင်အများစု Over ဖြစ်ပြီးပေါတောတောသရုပ်ဆောင်ဖြစ်နေကြတယ်။


ဟောလ်ဝုဒ်ဟာသသရုပ်ဆောင်ထဲမှာအကြိုက်ဆုံးက Eddie Murphy နဲ့ Jim Carrey ဖြစ်တယ်။ကျွန်တော်တို့ထက်စီနီယာကျသူက Bob Hope တို့ Robbie William တို့ကိုပိုကြိုက်ကြမယ်ထင်တယ်။


ဟောလ်ဝုဒ်ဟာသသရုပ်ဆောင်အမေရိကန်မင်းသား Eddie Murphy ကိုအမေရိကန်နိုင်ငံ Brooklyn မှာ ၁၉၆၁ ခုနှစ်မွေးဖွားခဲ့တယ်။Eddie Murphy ဟာ ဟာသသရုပ်ဆောင်ပညာရှင် (၁၀၀) စာရင်းမှာအမှတ်စဉ် (၁၀)ချိတ်ထားပါတယ်။


အောင်မြင်ကျော်ကြားသူအများစုငယ်ဘဝဟာနာကျည်းစရာနဲ့ပြည့်နှက်နေတတ်ပါတယ်။အမေဖုန်းအော်ပရေတာ၊အဖေယာဉ်ထိမ်းရဲကကမ္ဘာကျော်ဟာသမင်းသားကြီး Eddie Murphy ဖြစ်လာမယ်ဘယ်သူမှထင်ထားမှာမဟုတ်ဘူး။


Eddie အဖေယာဉ်ထိမ်းရဲကြီးကလည်းအပျော်တမ်းဟာသသရုပ်ဆောင်ဖြစ်ပါတယ်။ဒါပေမယ့် Eddie အသက် (၃) နှစ်အရွယ်မှာအဖေနဲ့အမေအိမ်ထောင်ပြိုကွဲခဲ့ရတယ်။


အဖေဆုံးသွားတော့ Eddie လေး အသက် ၈ နှစ်နဲ့ကျန်ခဲ့တာပါ။မုဆိုးမဖြစ်တဲ့အမေမကျမ်းမာလို့ Eddie နဲ့ သူ့အကို Charlie ဟာ 

လူငယ်စောင့်ရှောက်ရေးဂေဟာမှာတနှစ်ခိုလှုံခဲ့ရသေးတယ်။


အမေရိကန်ဒေါ်လာ ၂၀၀ သန်းချမ်းသာတဲ့ Eddie Murphy ဟာအောင်မြင်တဲ့အနုပညာရှင်တဦးဖြစ်ပါတယ်။NBC ကထုတ်လွှင့်ခဲ့တဲ့အောင်မြင်တဲ့အမေရိကန်ရုပ်သံဇတ်လမ်း Saturday Night Live မှာ Eddie ဟာလူငယ် ဟာသ ပညာရှင်အဖြစ်စတင်ပါဝင်ခဲ့တယ်။


ရွှေကမ္ဘာလုံးဆုအပါအဝင်အနုပညာဆိုင်ရာဆုများချီးမြင့်ခံထားရတဲ့ဂန္တဝင်ဟာသမင်းသားကြီး Eddie မှာ တရားဝင်ကလေး(၉)ယောက်ရှိတယ်။Eddie ချစ်သူဩစတေးလျှမင်းသမီးတယောက်နဲ့ဒုတိယမြောက်သားတယောက်ထပ်ရတယ်။ဒါကြောင့်မင်းသားကြီး Eddie ဟာကလေး (၁၀)ယောက်အဖေဖြစ်သွားပါပြီ။Eddie ကလေးတယောက်က Spice Girl အဖွဲ့ဝင်အချောအလှ Mel B နဲ့ရခဲ့တာပါ။ 


Eddie Murphy ဟာရုပ်ရှင်ကားပေါင်း ၄၉ ကားရိုက်ခဲ့တယ်။Eddie Murphy နဲ့ ရုပ်ရှင်ရိုက်ချင်ရင်ပေါက်စျေးဒေါ်လာ ၈ သန်းခန့်ရှိတယ်။လူကြိုက်များတဲ့ Eddie Murphy ရုပ်ရှင်ကားအချို့။


Beverly Hill Cop 

48 hours 

Shrek (အသံသရုပ်ဆောင်)

The Nutty Professor 

Coming to America  


Eddie Murphy အပြင်ဟော်လ်ဝုဒ်ကအောင်မြင်တဲ့လူမည်းသရုပ်ဆောင်များကိုစာရင်းချကြည့်လိုက်ရင်။


Wil Smith 

Samuel Jackson 

Denzel Washington   

Morgan Freeman  တို့ထိပ်ဆုံးမှာရှိကြတယ်။


Source: Google

#လွင်ဦး_ရန်ကင်း 


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.