AK 47

 ၈၈၈၈ အရေးတော်ပုံပြီးကာစရပ်ကွက်ထဲကင်းလာစောင့်တဲ့တပ်မ (၂၂) ကရဲဘော်နဲ့ရင်းနှီးခဲ့တယ်။သူကိုင်တဲ့ G3 (BA 63)ကိုတောင်းကြည့်ဖူးတယ်။ကျည်ကဒ်ဖြုတ်ပြီးလက်နှစ်ဘက်နဲ့မောင်းတင်ကြည့်တာဘယ်လိုမှဆွဲမရဘူး။ရဲဘော်ကလက်တဖက်နဲ့အေးအေးဆေးဆေးမောင်းဆွဲတင်ပြတာမှတ်မိတယ်။


ကမ္ဘာ့ထိပ်တန်းတိုက်ခိုက်ရေးသေနတ် AK 47 ကိုအရင်ဆိုဗီယက်ပြည်ထောင်စု (ရုရှား)ကထုတ်လုပ်ခဲ့တယ်။သေနတ်ဒီဇိုင်းရေးဆွဲခဲ့တဲ့ပညာရှင် Mikhail Kalashnikov နာမည်ကိုယူထားတာပါ။ရုရှားကဒီသေနတ်ကို Kalash ခေါ်တယ်။47 ဆိုတာဆိုဗီယက်တပ်မတော်လက်နက်မှတ်ပုံတင်နံပါတ်။


၁၉၄၆ ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ

ဒီသေနတ်အစွမ်းကိုရုရှားအသိအမှတ်ပြုခဲ့ပြီး ၁၉၄၉ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းဆိုဗီယက်တပ်နီတော်အပြင်ဝါဆောစစ်စာချုပ် (Warsaw Pacts) အဖွဲ့ဝင်အရှေ့ဥပရောပနိုင်ငံများတရားဝင်ထိုးစစ်သုံးတိုက်ခိုက်ရေးသေနတ်အဖြစ် AK 47 ကိုသတ်မှတ်ခဲ့တယ်။


နှစ်ပေါင်း ၇၀ အတွင်းမှာ AK 47 မျိုးကွဲပေါင်းများစွာပေါ်ထွက်လာတဲ့အထိသေနတ်အစွမ်းကိုနိုင်ငံပေါင်းများစွာစစ်တပ်များအသိအမှတ်ပြုကြတယ်။ 


AK 47 နဲ့ပြိုင်ဘက်အမေရိကန် M 16 သေနတ်ထက်စာရင်ပြုပြင်ထိမ်းသိမ်းမှုအဆင့်မြင့်မလိုဘူး။ထုတ်လုပ်မှုစားရိပ်သက်သာတယ်။ဆိုးရွားတဲ့ရာသီဥတုနဲ့ဒေသအစုံမှာအသုံးတဲ့ပစ်ခတ်မှုထိရောက်ပြင်းထန်တဲ့အားသာချက် AK 47 မှာရှိတယ်။


အထူးသဖြင့်ကမ္ဘာအရပ်ရပ်က

တော်လှန်ရေးအင်အားစုအကြိုက်ထိုးစစ်သုံးသေနတ်ပါ။၂၀၀၄ ခုနှစ်တွက်ချက်မှုအရတကမ္ဘာလုံးမှာ သေနတ်သန်း ၅၀၀ ရှိတာ AK 47 အုပ်စုဝင်သေနတ်စုစုပေါင်းအလက်သန်း ၁၀၀ ကျော်ရှိတယ်။ 


မုံရွာလက်ပံတောင်းမှာကြေးနီတူးနေတဲ့ဝမ်ပေါင်ကုမ္ပဏီဟာတရုပ်ကုမ္မဏီ NORINCO (China North Industrie Corp) လက်အောက်ခံကုမ္ပဏီဖြစ်ပြီး NORINCO ဟာရုရှားလက်နက်လုပ်ငန်း Kalashnikov လိုင်စင်နဲ့  AK47 သေနတ်တရုပ်မှာထုတ်လုပ်နေတာအလက်ရေသန်းချီနေပြီ။


ရွှေတစ်ကျပ်သားပေါက်စျေးဟာ 

AK 47 တလက်နဲ့ညီမျှတယ်ဆိုပါတယ်။ဆင်းရဲတဲ့အာဖရိကတိုင်းပြည်မှာ AK 47 တလက် USD 200/- ပဲရှိတယ်။ကျည်တကဒ်မှာအတောင့်သုံးဆယ်ပါတဲ့ AK47 ဟာနာမည်ကျော် Osama Bin laden လက်စွဲတော်တိုက်ခိုက်ရေးသေနတ်ဖြစ်ပါတယ်။


AK 47 အချက်အလက်အချို့။


အလေးချိန် : ၇.၇ ပေါင်(ကျည်ကဒ်မပါ )

အရှည် : ၃၅ လက်မ (သစ်သားဒင်အသေ)

ပြောင်း : ၁၆.၃ လက်မ 

ကျည် : လုံးပတ် ၇.၆၂ မမ  x အရှည် ၃၉ မမ


လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.