Posts

သူနာပြုအကူ

 ဗဟိုစည်ဆေးရုံပေါ်ကအမေ့အတွက် Special Nurse နေ့ညနှစ်ယောက်ခေါ်ခဲ့ရတယ်။ရောက်လာတဲ့နှစ်ယောက်က Special Nurse မပြောနဲ့သူနာပြု(အကူ) တောင်မဟုတ်လောက်ဘူး။ မေးကြည့်တော့သူနာပြု(အကူ) သင်တန်းဆင်းဆိုပဲ။လုပ်ရည်ကိုင်ရည်ကြည့်ရတာလူနာစောင့်သာသာပဲ။ဒါတောင်သူ့ကိုလွယ်လွယ်ခေါ်လို့မရဘူး။အဆက်အသွယ်နဲ့ခေါ်မှရောက်လာတာ။  “ ဂျူတီဆက်တိုက်ဝင်နေရလို့မအားဘူး….အန်ကယ်လ်....အခုတောင်အားနာရမယ့်အမတယောက်ပြောလို့ဝင်ပေးတာ ”  Apple ဖုန်းလက်ထဲကိုင်ထားပြီးအခန်းထဲရောက်ရောက်ခြင်းခပ်ကြွားကြွားလေးပြောလိုက်တာ။လက်စွပ်၊လက်ကောက်နားကပ်လက်ဝတ်ရတနာတခုမှမပါပဲခြေသည်းလက်သည်းသန့်သန့်ရှင်းရှင်းဖြစ်တာကိုကြည့်ပြီးအမှတ်နည်းနည်းပေးမိတယ်။ သူနာပြုဟာအလုပ်ခွင်မှာလက်ဝတ်ရတနာမဝတ်ဆင်ရဘူး။ဘောပင်တချောင်းရင်ပတ်ထိုးထားတဲ့ဆေးရုံကြီးကသူနာပြုဘယ်သူမှအလုပ်ချိန်မှာလက်ဝတ်ရတနာမဝတ်ဆင်ကြဘူး။ သူနာပြု(အကူ)အခေါ်အပြောအာရုံဏှောက်စရာပေမယ့်အမတွေအစီအစဉ်ဆိုတော့အသာကြည့်နေလိုက်တယ်.နောက်ဆုံးအချိန်ကိုရောက်နေတဲ့အမေကတော့ကုတင်ပေါ်မှာမလှုပ်နိုင်တော့ဘူး။ အမေ့ကိုထမိန်လဲတာ၊ရေပတ်တိုက်တာ၊အစာပိုက်ထဲထည့်တာအကုန်လူနာရှင်မိသားစုပဲဝိုင်းလုပ်ကြတယ်။သူနာပြု(အကူ)ဆိုတဲ့လူနာစောင့်ဖက်တီးကဟိုနားယောင်လိုက်ဒီနားယ

ရှစ်လေးလုံး

 ၁၉၈၈ ရှစ်လေးလုံးမဖြစ်ခင်နှစ်ရက်ကသွေးစိမ်းရှင်ရှင်အလောင်းခေါင်းမိုးပေါ်တင်ထားတဲ့ဒိုင်နာတစီးလမ်းနီ(စက်မှု ၁ လမ်း)မှာတွေ့ခဲ့တယ်။လူတွေရပ်ကြည့်နေတဲ့ဘက်ကိုအလောင်းဆံပင်ကိုဆွဲပြီးအလောင်းမျက်နာလှန်ပြတယ်။ ဒိုင်နာကားပေါ်ကဆန္ဒပြသူတွေကစက်မှု (၁) Canteen နဲ့ ကပ်ရက်လမ်းနီလေးမှာအော်ဟစ်သွားလို့ Canteen မှာရှိတဲ့စက်မှု(၁) ဝန်ထမ်းတွေက “ တို့အရေး…တို့အရေး ” ဝိုင်းပြီးသံပြိုင်ဟစ်ကြွေးခဲ့ကြတယ်။ ၈ လေးလုံးမှာဘာတခုမှစွမ်းစွမ်းတမံဆောင်ရွက်ခဲ့တာမရှိဘူး။အဲ့ဒီတုံးကစက်မှု(၁)ဝန်ထမ်းဖြစ်လို့စက်မှု(၁)ဝန်ထမ်းပေါင်းစုံဆန္ဒပြပွဲမှာအများနည်းတူပါဝင်ခဲ့တယ်။ လမ်းနီလေးစက်မှု(၁)ကနေအောင်ဆန်းကွင်းအရှေ့ဘက်တန်းအထိ စက်မှု(၁)ဆန္ဒပြအဖွဲ့တွေနဲ့အတူလမ်းလျှောက်ချီတက်ခဲ့တယ်။ယောင်္ကျားမိန်းမအကုန်စက်မှု(၁)ယူနီဖောင်းအပြည့်အစုံဝတ်ထားရတယ်။ ကမ္ဘာအေးဘုရားလမ်းလမ်းအတိုင်းရွှေတိဂုံအရှေ့မုဒ်ရေခဲဆိုင်မှတ်တိုင်အထိစက်မှု(၁) ဆန္ဒပြလူတန်းကြီးချီတက်ခဲ့ကြတယ်။ကန်တော်ကြီးနေအထက်ပန်းဆိုးတန်းလမ်းအထိဆက်ချီတက်ခဲ့ကြတယ်။ လမ်းမှာစက်မှု(၂) ဆန္ဒပြအဖွဲ့၊အခြားဋ္ဌာနဆိုင်ရာဆန္ဒပြအဖွဲ့တွေအများကြီးတွေ့တယ်။အသင့်ရေးထားပြီးစာကူးစက်လှည့်ထားတဲ့ကြွေးကျော်သံစာရွက်လေးတွေကိုင်ပြီးတ

အမေ

 ဆေးရုံကုတင်ပေါ်မှာပျော့ခွေပြီးအမေလှဲနေတယ်။အစာမဝင်လို့အစာပိုက် လေမရှုနိုင်လို့အောက်ဆီဂျင်ပိုက်တတ်ထားလို့အမေအနေကြပ်နေတယ်။ထစရာမလိုပဲလှဲရက်အပေါ့်အပါးသွားလို့ရတဲ့သေးခံကိုအမေ့ခန္ဓာကိုယ်အောက်မှာမကြာခဏလဲပေးနေရတယ်။အမေ့ပါးစပ်ကငြီးတွားသလိုသက်ပြင်းချသလိုပင့်သက်ရှိုက်သလိုအသံတိုးတိုးကြားနေရတယ်။ အမြဲမျက်လုံးပိတ်ပြီးမှိန်းနေတတ်တယ်။တခါတခါအားငယ်တဲ့အကြည့်နဲ့ဟိုဟိုဒီဒီကြည့်တတ်တယ်။အသိလုံးဝလွတ်မသွားသေးပေမယ့်အရာရာဝေတေဝါးတားဖြစ်နေသလိုအမေခံစားနေရတယ်ထင်တယ်။သေမင်းရဲ့တံခါးဝကိုအမေတလှမ်းခြင်းသွားနေပါပြီ။ “ မေ့ …သားပါ……ကိုဖြူပါ ” “ မေ့…သားပါ....ကိုပေါက်ပါ ” အမေကကျွန်တော့်ကိုနာမည်နှစ်ခုခေါ်တယ်။ကိုဖြူခေါ်တယ်။ကိုပေါက်ခေါ်တယ်။အမေခေါ်တဲ့နာမည်နှစ်ခုနဲ့အမေ့မျက်နာကိုကြည့်ပြီးတိုးတိုးခေါ်နေတာပါ။ ကျွန်တော်ကအမေကို  “ မေ့ ” လို့ခေါ်တယ်။ ဒါပေမယ့်အမေကကျွန်တော်ကို တစိမ်းတယောက်လိုကြည့်နေတယ်။ဘယ်သူမှန်းအမေကောင်းကောင်းမသိတော့ဘူး။အမေကျွန်တော့်ကိုတစိမ်းတယောက်လိုကြည့်တာဘဝမှာအခုမှမြင်ဘူးတယ်။စိတ်ထဲတမျိုးကြီးပဲ။ တလအတွင်းဆေးရုံနှစ်ရုံသုံးခါမြောက်တက်ပြီးအမေ့မှတ်ဥာဏ်ချို့ယွင်းပျက်စီးသွားပါပြီ။အမေနဲ့အမြဲအနီးကပ်နေတဲ့အမကြီးကိုမှတ်မိသယောင်မျက်နာမ

Killing me softly with this song.

 အကြိုက်ဆုံးဘိုသီချင်းထဲမှာ “ Killing me softly with his song “ ကိုချန်ထားလို့မရဘူး။Roberta Flack သီဆိုပြီး ၁၉၇၃ ခုနှစ်ကထွက်ခဲ့တဲ့ Just Like a Women အခွေထဲကသီချင်းပါ။ အမေရိကားနဲ့ကနေဒါမှာနံပတ်တစ်လူကြိုက်အများဆုံးဖြစ်ခဲ့ပြီးဂီတမှတ်တမ်းတစ်ခုဖြစ်တဲ့ UK Single Chart မှာနံပတ် ၆ အဆင့်ဝင်ခဲ့ဘူးတယ်။Roberta Flack ကဒီသီချင်းနဲ့ ၁၉၇၃ မှာ Grammy Award ရခဲ့တဲ့အပြင်အကောင်းဆုံးအမျိုးသမီး POP အဆိုရှင်ဆုကိုရရရှိခဲ့တယ်။ "Killing me softly with his song " သီချင်းဟာအဆိုတော်များ Version ပေါင်းများစွာနဲ့ပြန်ဆိုခံခဲ့ရတဲ့ Soul အမျိုးအစားကမ္ဘာကျော်သီချင်းတစ်ပုဒ်ဖြစ်တယ်။ Strumming my pain with his fingers...Singing my life with his words...Killing me softly with his song... Killing me softly  with his song ...Telling my whole life ...with his words ....Killing me softly with his song..... Version အမျိုးမျိုးထဲက ၁၉၉၆  ခုနှစ်ကထွက်ခဲ့တဲ့ Hip Hop အဖွဲ့ Fugees ရဲ့ version ကိုခံစားလို့ရအောင် Link ချထားပေးမယ်။ http://www.mediafire.com/listen/iau4ybb560b6o1h/killing_me_softly_with_his_song.MP3 Source : SoundC

AK 47

 ၈၈၈၈ အရေးတော်ပုံပြီးကာစရပ်ကွက်ထဲကင်းလာစောင့်တဲ့တပ်မ (၂၂) ကရဲဘော်နဲ့ရင်းနှီးခဲ့တယ်။သူကိုင်တဲ့ G3 (BA 63)ကိုတောင်းကြည့်ဖူးတယ်။ကျည်ကဒ်ဖြုတ်ပြီးလက်နှစ်ဘက်နဲ့မောင်းတင်ကြည့်တာဘယ်လိုမှဆွဲမရဘူး။ရဲဘော်ကလက်တဖက်နဲ့အေးအေးဆေးဆေးမောင်းဆွဲတင်ပြတာမှတ်မိတယ်။ ကမ္ဘာ့ထိပ်တန်းတိုက်ခိုက်ရေးသေနတ် AK 47 ကိုအရင်ဆိုဗီယက်ပြည်ထောင်စု (ရုရှား)ကထုတ်လုပ်ခဲ့တယ်။သေနတ်ဒီဇိုင်းရေးဆွဲခဲ့တဲ့ပညာရှင် Mikhail Kalashnikov နာမည်ကိုယူထားတာပါ။ရုရှားကဒီသေနတ်ကို Kalash ခေါ်တယ်။47 ဆိုတာဆိုဗီယက်တပ်မတော်လက်နက်မှတ်ပုံတင်နံပါတ်။ ၁၉၄၆ ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ ဒီသေနတ်အစွမ်းကိုရုရှားအသိအမှတ်ပြုခဲ့ပြီး ၁၉၄၉ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းဆိုဗီယက်တပ်နီတော်အပြင်ဝါဆောစစ်စာချုပ် (Warsaw Pacts) အဖွဲ့ဝင်အရှေ့ဥပရောပနိုင်ငံများတရားဝင်ထိုးစစ်သုံးတိုက်ခိုက်ရေးသေနတ်အဖြစ် AK 47 ကိုသတ်မှတ်ခဲ့တယ်။ နှစ်ပေါင်း ၇၀ အတွင်းမှာ AK 47 မျိုးကွဲပေါင်းများစွာပေါ်ထွက်လာတဲ့အထိသေနတ်အစွမ်းကိုနိုင်ငံပေါင်းများစွာစစ်တပ်များအသိအမှတ်ပြုကြတယ်။  AK 47 နဲ့ပြိုင်ဘက်အမေရိကန် M 16 သေနတ်ထက်စာရင်ပြုပြင်ထိမ်းသိမ်းမှုအဆင့်မြင့်မလိုဘူး။ထုတ်လုပ်မှုစားရိပ်သက်သာတယ်။ဆိုးရွားတဲ့ရာသီဥတုနဲ့

သမီးမွေးနေ့

 ဒီနေ့ကျွန်တော့်သမီးမွေးနေ့ပါ။လူ့ဘဝမှာပြီးပြည့်စုံတဲ့ကလေးနှစ်ယောက်ကိုကျွန်တော့်ကိုယ်စားလူသားမျိုးဆက်အဖြစ်ချန်ထားနိုင်ခဲ့တယ်။ကလေးနှစ်ယောက်လုံးဗိုက်ခွဲမွေးခဲ့ပြီးသမီးကအငယ်ပါ။ သမီးကိုယ်ဝန်ဆောင်ထားစဉ်ကာလထူးခြားတာကကိုယ်ဝန်အရင့်အမာဖြစ်နေချိန်မှာဗိုက်ထဲမှာလှုပ်တာပါ။သားကြီးကိုယ်ဝန်တုံးကအမေ့ဗိုက်မလှုပ်ပေမယ့်သမီးကိုယ်ဝန်မှာအမေ့ဗိုက်သိသိသာသာလှုပ်ခဲ့တယ်။လှုပ်ရုံမကခြေထောက်လက်တခုခုနဲ့သူ့အမေဗိုက်ကိုအထဲတွန်းကစားသလိုဖြစ်ခဲ့တယ်။ ကိုယ်ဝန် ၆ -၇ လမှာသူ့အမေပြလို့ကြည့်လိုက်တာဗိုက်ကိုသားအိမ်ထဲကလက်ဒါမှမဟုတ်ခြေထောက်သေးသေးလေးနဲ့တွန်းကစားနေလားမသိဘူး။ဗိုက်ဟိုကဖောင်းလာလိုက်ဒီကဖောင်းလာလိုက်။ ဗဟိုအမျိုးသမီးဆေးရုံမှာ PR (Private Room) တန်းရတယ်။ကပ်ရပ် PR အခန်းကမိုးဇလလူကြီးရဲ့သမီးတယောက်။ဗဟိုအမျိုးသမီးဆေးရုံးကြီးကိုပထမသားမွေးထဲကကျွမ်းနေပြီဆိုတော့‌ ဆေးရုံဘယ်ကဝင်ရင်ဘယ်ကိုရောက်မယ်။ဘယ်လုံခြုံရေးရှိရင်ဘယ်လိုဖြတ်သွားရမယ်ဆိုတာသိနေပြီ။  "သား" တုံးကအမျိုးသမီးဆေးရုံပထမဆုံအတွေ့အကြုံဆိုတော့အတော်ဗျာများသွားခဲ့တယ်။သမီးမွေးတဲ့နှစ်မှာသူတို့ကြီးတော် (ကျွန်တော့်မရီး OG ဆရာဝန်မကြီး)ကနယ်မှာတာဝန်ကျနေတယ်။သားမွေးတုံးကကြီးတော်က ဗဟိုအမ

ဘဲဥ

 “ ဘဲဥဘယ်လောက်လဲ ” “ ၄၀၀ ” ၁၉၈၈ အထိပြန်တမ်းဝင်အရာရှိလစာ ၄၅၀/ကျပ်။ဘဲဥတလုံးတကျပ်တကျပ်ခွဲရှိခဲ့တယ်။အခုဘဲဥတလုံး ၄၀၀/ဆိုပဲ။နှစ်ပေါင်း (၃၅)နှစ်အတွင်းမြန်မာနိုင်ငံပျက်စီးဆုတ်ယုတ်ကျဆင်းခြင်းအမှတ်လက္ခဏာတခုပါ။၂၀၂၃ ဘဲဥတလုံးပေါက်ဈေးဟာ ၁၉၈၈ ခုနှစ်အစိုးရပြန်တမ်းဝင်အရာရှိတယောက်တလစာပါ။ ဘဲဥသည်ကဈေးသာရောင်းနေရတယ်။မှိုင်တိုင်တိုင်ငေါင်တောင်တောင်နဲ့။အရောင်းအဝယ်မကောင်းလို့ထင်တယ်။ကိုယ်ကဘာမှမမေးရသေးဘူး။သူကပြောပြတယ်။ “ ဦးလေးရေ…ကိုယ်ရင်းရတဲ့ငွေသာများလာတယ်…ရတဲ့ကုန်ပစ္စည်းကနည်းနည်းလေး..ရတဲ့အမြတ်ကဒီ‌လောက်ကဒီလောက်ပဲ…နေ့ပြန်တိုးယူရောင်းရတာအခန့်မသင့်ရှုံးအုံးမယ်” ကျွန်တော်ကဘဲဥကိုနားမလည်ပဲနားလည်သလိုဟိုကိုင်ကြည့်ဒီကိုင်ကြည့်လုပ်ရင်း။ “ ဘယ်ကဥလဲ” “ ဖျာပုံက” ဈေးသည်ကပျင်းရိပျင်းတွဲဖြေတယ်။ဘဲဥဈေးလာမေးပြီးမဝယ်ပဲနဲ့အင်တာလာဗျုးနေလို့။ “ ဖျာပုံကဘဲဥလား”  “ ဖျာပုံမြို့ပေါ်တော့မဟုတ် ဘူး…အနားကရွာတွေကစုကောက်ပြီးဖျာပုံမြို့ပေါ်ကဘဲဥဒိုင်ဆီပြန်သွင်းကြတာ ” “ ဟ…ဖျာပုံ…ညီလေးကိုယ်တိုင်သွားဝယ်တာလား” “ ဟာ…ဦးလေးကလည်း…ဘယ်လိုသွားဝယ်မှာလဲ..ဖုန်းနဲ့မှာလိုက်ရင်ဆိုင်လာချပေးတာ ” “ ဟုတ်လား..တလုံးဘယ်ဈေးဆိုပြီးဝယ်ရတာလား ” ဈေးသည်လေးကခေါင်းတဗျင်းဗျင်းကုပ်