Messenger ပိတ်ခံရခြင်း

 Meta (Facebook) တော်တော်ရက်စက်တယ်ဗျာ။Facebook အကောင့်ကိုပေးမသုံးရုံတင်မကဘူးဂရုပ်ထဲမှာရှိတဲ့ပို့စ်အဟောင်းကိုလည်း Search Box နဲ့ရှာမရအောင်ပိတ်ပစ်လိုက်တယ်။


ဆယ်နှစ်နီးပါးအကောင့်ဆိုတော့ကျွန်တော့်ပို့စ်ပေါင်းခန့်မှန်း ၄ - ၅ ထောင်ရှိတယ်။ကျွန်တော်က “ရန်ကင်းသူရန်ကင်းသား” ဂရုပ်အပြင်အခြားဖေ့စ်ဘွခ်ဂရုပ်လေးငါးခုမှာ Admin တာဝန်ယူထားတော့ကျွန်တော့ပို့စ်အဟောင်းတွေကိုအဲ့ဒီဂရုပ်တိုင်းမှာ Search Box နဲ့ရှာမရတော့ဘူး။


Facebook ကဂရုပ်ထဲကပို့စ်ကိုဖျက်ပစ်တာမဟုတ်ဘူး။ Search Box နဲ့ရှာမရအောင်ပိတ်ထားလိုက်တာ။ဂရုပ်ထဲကပို့စ်အဟောင်းကိုပြန်ရှာချင်ရင်တမျက်နာခြင်းစိတ်ရှည်လက်ရှည်လှန်ရှာပေတော့။


အဆိုးဆုံးပိတ်ဆို့မှုက Messenger လုံးဝသုံးမရတော့တာပဲ။Messenger မှာမိတ်ဆွေအပေါင်းအသင်းနဲ့အလာပသလာပပြောထားတာ၊မောင်နှမတွေနဲ့သာရေးနာရေးအပြန်အလှန်ဆွေးနွေးထားတာ၊မိသားစုသားသမီးနဲ့အပြန်အလှန် Chat ထားကြတာအများကြီး။


ဒါအပြင့်အလုပ်ကိစ္စ Messenger နဲ့ဆွေးနွေးညှိနိူင်းထားတာလည်းရှိတယ်။လူတယောက်ဘဝဖြစ်တည်မှုမှတ်တမ်းအတိုအထွာအကုန်မျက်နှာလွှဲခဲပစ် Facebook ကဖျက်ဆီးပစ်တာအလူးအလဲခံလိုက်ရတယ်။


အမှန်ဆိုကျွန်တော့် Wall မှာပို့စ်တင်တာ ၂ နှစ်ကျော်ပဲရှိသေးတယ်။ပို့စ်အများစုကိုဂရုပ်မှာတင်တယ်။စာပေကိုဝါသနာအရရေးသားနေတဲ့ဆယ်နှစ်ကျော်ကျွန်တော့် FB အကောင့်မှာ Followers 17 K (တသောင်းခုနှစ်ထောင်ကျော်) နဲ့စာဖတ်သူ/ကျွန်တော့်ပို့စ်ဆီရောက်ရှိလာသူ (Reach) 2.3 M (နှစ်သန်းသုံးသိန်းကျော်)ရှိတယ်။


ဒါတွေအကုန်ပလုံသွားတာစိတ်မကောင်းစရာပါ။ပိတ်ခံရတာလည်းနာရီနဲ့ရက်နဲ့မဟုတ်ပဲ “အမြဲတမ်း” ဆိုတော့ပိုခံစားရတယ်။ဒီနေ့ငါးရက်ရှိပြီ။သိပ်တောင်မမျော်လင့်ချင်တော့ဘူး။


ကျွန်တော်စာအကုန်လုံးကို Microsoft Words နဲ့ရေးပြီးမှ Facebook အကောင့်ပေါ် Copy & Paste လုပ်လို့ဆယ်နှစ်နီးပါးရေးသားခဲ့တဲ့စာအကုန်လုံး Soft Copy အနေနဲ့သိမ်းထားနိုင်ခဲ့တယ်။

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.