Posts

Showing posts from June, 2023

Messenger ပိတ်ခံရခြင်း

 Meta (Facebook) တော်တော်ရက်စက်တယ်ဗျာ။Facebook အကောင့်ကိုပေးမသုံးရုံတင်မကဘူးဂရုပ်ထဲမှာရှိတဲ့ပို့စ်အဟောင်းကိုလည်း Search Box နဲ့ရှာမရအောင်ပိတ်ပစ်လိုက်တယ်။ ဆယ်နှစ်နီးပါးအကောင့်ဆိုတော့ကျွန်တော့်ပို့စ်ပေါင်းခန့်မှန်း ၄ - ၅ ထောင်ရှိတယ်။ကျွန်တော်က “ရန်ကင်းသူရန်ကင်းသား” ဂရုပ်အပြင်အခြားဖေ့စ်ဘွခ်ဂရုပ်လေးငါးခုမှာ Admin တာဝန်ယူထားတော့ကျွန်တော့ပို့စ်အဟောင်းတွေကိုအဲ့ဒီဂရုပ်တိုင်းမှာ Search Box နဲ့ရှာမရတော့ဘူး။ Facebook ကဂရုပ်ထဲကပို့စ်ကိုဖျက်ပစ်တာမဟုတ်ဘူး။ Search Box နဲ့ရှာမရအောင်ပိတ်ထားလိုက်တာ။ဂရုပ်ထဲကပို့စ်အဟောင်းကိုပြန်ရှာချင်ရင်တမျက်နာခြင်းစိတ်ရှည်လက်ရှည်လှန်ရှာပေတော့။ အဆိုးဆုံးပိတ်ဆို့မှုက Messenger လုံးဝသုံးမရတော့တာပဲ။Messenger မှာမိတ်ဆွေအပေါင်းအသင်းနဲ့အလာပသလာပပြောထားတာ၊မောင်နှမတွေနဲ့သာရေးနာရေးအပြန်အလှန်ဆွေးနွေးထားတာ၊မိသားစုသားသမီးနဲ့အပြန်အလှန် Chat ထားကြတာအများကြီး။ ဒါအပြင့်အလုပ်ကိစ္စ Messenger နဲ့ဆွေးနွေးညှိနိူင်းထားတာလည်းရှိတယ်။လူတယောက်ဘဝဖြစ်တည်မှုမှတ်တမ်းအတိုအထွာအကုန်မျက်နှာလွှဲခဲပစ် Facebook ကဖျက်ဆီးပစ်တာအလူးအလဲခံလိုက်ရတယ်။ အမှန်ဆိုကျွန်တော့် Wall မှာပို့စ်တင်တာ ၂ နှစ်ကျော်ပဲရှိသေးတယ်။ပို

ဖေ့ဘွခ်ပိတ်ခံရခြင်း

 ကျွန်တော်ကမနက်လေးခွဲထ၊ငါးနာရီကနေငါးနာရီခွဲအထိရန်ကင်းဂရုပ်သန့်ရှင်းရေးလုပ်၊ငါးနာရီခွဲလမ်းလျှောက်၊ဒီလိုနေခဲ့တာနှစ်ပေါင်းများစွာ။အဲ့ဒီနေ့ကမနက်ထုံးစံအတိုင်းရန်ကင်းဂရုပ်ထဲဝင်ကြည့်နေတုန်း Facebook Team စာရုတ်တရက်ဝင်ချလာတယ်။ “ ခင်ဗျား…Facebook ကသတ်မှတ်ထားတဲ့လူ့အဖွဲ့အစည်းဆိုင်ရာစံချိန်စံညွှန်းကိုဖေါက်ဖျက်လို့ခင်ဗျားနောင် Facebook သုံးခွင့်မရှိတော့ဘူး…သဘောတူလား ” ကျွန်တော်ပထမကြောင်သွားတယ်။ဘာများလဲ၊တလောကလည်း ၇၂ နာရီ FB သုံးခွင့်မရှိဘူးတခါဖြစ်သေးတယ်၊အဲဒါနဲ့။ “ မတူဘူး ” “ မတူရင်ခင်ဗျားဖုန်းနံပတ်ပေး…လျှို့ဝှက်ကုဒ်နံပတ်ပို့လိုက်မယ်…ပြန်ပို့ပေး ” ကျွန်တော့်ဖုန်းနံပတ်ပေးလိုက်တော့တိန်ကနဲဂဏန်းခြောက်လုံးဝင်လာတယ်။အဲ့ဒီဂဏန်းခြောက်လုံးပြန်ပို့ပေးလိုက်တော့ FB က။ “ ခင်ဗျားကလူလားစက်လားသိချင်လို့အတည်ပြုတာပါ…ခင်ဗျား ID ကဒ်ပို့ပေး ” နိုင်ငံသားကဒ်သွားယူပြီးစကန်ဖတ်ပို့ပေးလိုက်တယ်။မပြီးသေးဘူးသူတို့က။ “ ခင်ဗျားကို Video Clip ရိုက်မယ်…သဘောတူလား…ကျွန်တော်တို့ခင်ဗျား Clip ကိုမဟုတ်တာတလွဲမသုံးဘူးတာဝန်ယူတယ် ” မနက်စောစောနေသိပ်မပွင့်သေးတဲ့အချိန်ဖြစ်လို့ဘုရားစင်ရှေ့အလင်းရောင်အောက်သွားပြီး Facebook ချပေးထားတဲ့ App ကဆင့်မျက်နာ